လူတွေ့

21 1 0
                                    

လူတွေ ဘယ်လိုပဲ မြင်နေပါစေ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

မျက်မမြင်ပုဏ္ဏားခြောက်ယောက်နဲ့ ဆင် ပုံပြင် အားလုံး ကြားဖူးလိမ့်မယ်ထင်တယ်။ မကြားဖူးသေးတဲ့လူတွေလည်း သိသွားအောင် နည်းနည်းပြောပြချင်တယ်။

မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်ကိုစမ်းပြီး တစ်ယောက်တစ်မျိုးစီ အမျိုးမျိုး ထင်မြင်ချက်ပေးကြတယ်။

တစ်ယောက်က ဆင်ဆိုတာ သစ်ပင်နဲ့ တူတယ်တဲ့။ တစ်ယောက်ကလည်း ဆင်ဆိုတာ မြွေနဲ့ တူတယ်တဲ့။

အဲ့လိုနဲ့ တစ်ယောက်တစ်မျိုး ခြောက်ယောက် ခြောက်မျိုး အမျိုးမျိုးထင်မြင်ချက်ပေးကြတယ်။

ကျွန်တော်အနေနဲ့ ဒီပုံပြင်ကို သေချာဖတ်ကြည့်ပြီး မျက်မမြင်ပုဏ္ဏားတွေကို အပြစ်မတင်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှ မျက်စိမမြင်ဘဲ။ မျက်စိမမြင်လို့ သူတို့စမ်းသပ်မိတဲ့အရာကို စိတ်မှန်းနဲ့ ရမ်းပြောနေရတာကိုး။ အဲ့အတွက် တိကျသေချာမှုမရှိတဲ့ အဖြေတွေ ပေးနေမိတာ ဖြစ်တယ်။

ဒါပေမဲ့ ဆင်ရဲ့ဖြစ်တည်မှုကတော့ ဘာမှပြောင်းလဲသွားတာ မရှိပါဘူး။ ဆင်က သစ်ပင်နဲ့တူတယ်လို့ ပြောလို့ ဆင်က သစ်ပင်ဖြစ်သွားစရာလည်း မရှိပါဘူး။ မြွေနဲ့တူတယ် ပြောလိုက်လို့ မြွေဖြစ်သွားစရာအကြောင်းလည်း မရှိပါဘူး။

ဒီပုံပြင်နဲ့ ပတ်သတ်ပြီး ကျွန်တော်က အဓိက ဘာပြောချင်တာလဲဆိုတော့ တစ်ခါတရံ လူတွေကိုယ့်ကိုမြင်တဲ့ ထင်မြင်ယူဆချက်တွေအပေါ် လိုက်ပြီး ခံစားမနေဖို့ပါပဲ။

သူတို့ သင့်ကိုမြင်တဲ့အမြင်ဟာ မျက်မမြင်ပုဏ္ဏားတွေ ဆင်ကိုမြင်သလိုပဲ တိကျသေချာမှု ရှိမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲမြင်မြင် သင်ကတော့ သင်ပါပဲ။

တော်တော်လေး ရက်စက်ပြီး မှန်ကန်တဲ့ စကားတစ်ခွန်းရှိတယ်။

"မျက်စိမမြင်တဲ့လူတွေ မမြင်နိုင်ပေမယ့် အလင်းရောင်က အလင်းရောင်ပါပဲ" တဲ့။

#PeakPerformanceCoach
#LifeCoaching
#crd

ကဗျာစုစည်းမှူWhere stories live. Discover now