ပခြုပ်

11 1 0
                                    

ပခြုပ်ထဲက “မြွေ”
----------
တစ်ခါတုန်းက လူတစ်ယောက်ဟာ မြွေတစ်ကောင်ကို နေ့စဉ်ကျွေးမွေးပီး ပခြုပ်ထဲမှာ ထည့်ထားပါသတဲ့။ အာ့ဒီမြွေကို အစာကျွေးရာမှာ တစ်နေ့လျှင် ကြွက်တစ်ကောင်အားဖြင့် ပခြုပ်အတွင်းထည့်ပီးတော့ စားစေပါတယ်။ ဒါမယ့်မြွေကတော့ သူပခြုပ်ထဲကဘယ်လိုလွတ် မြောက်နိုင်မလဲလို့ အမြဲတွေးပီး အကြံထုတ်နေတာပေါ့။ ဒါမယ့်သူလွတ်လမ်းကိုဘယ်လိုမှရှာမတွေ့ဘူး ဖြစ်နေသတဲ့။ တစ်နေ့မြွေကစဉ်းစားမိတယ်။“သူလည်းဒီထဲရောက်နေတာကြာပီ ဘယ်လိုမှလည်းပြန်မထွက်နိုင်ဘူး။ သူမကြာခင်သေရတော့မှာပဲ။ ဒီတော့ဒီနေ့သူစားရမယ့်ကြွက်လေးကို မစားပဲလွှတ်ပေးလိုက်တော့မယ်´´မြွေကအာ့လိုတွေးပီးတော့သူ့အတွက် မြွေဖမ်းသမားနေ့စဉ်ထည့်ပေးနေကျကြွက်လေးတစ်ကောင်ကို ဒီခါတော့မစားဘဲ သာသာငြိမ်နေသတဲ့။ အာ့လိုလွှတ်ပေးလိုက်ရလို့သူ့စိတ်ထဲပီတိတွေ ဖြစ်နေမိတယ်။ နာရီဝက်လောက်လည်းကြာရော သူမစားဘဲဒီတိုင်းထားလိုက်တဲ့ကြွက်ကလေးကပခြုပ်ကို ကိုက်ဖြတ်လိုက်နိုင်တယ်။ အဲဒီအခါမှာ ကြွက်ထွက်တဲ့အပေါက်ကနေထွက်ပီး သူပါလွတ်သွားတော့တာပေါ့။

ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုပဲဘာလုပ်သည်ဖြစ်စေ ပိုပီးစဉ်းစားတတ်ကြပါတယ်။ တခါတလေမှာ ကိုယ့်လက်အောက်မှာ အလုပ်လုပ်နေတဲ့လူတွေကို အမြဲလိုလိုအပေါ်စီးကပဲ ဆက်ဆံနေမိတယ်။ကိုယ်အဆင်ပြေဖို့အတွက်တခြားသူကို ချနင်းချင်ကြတာမဆန်းပါဘူး။ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ကိုယ်ကပဲ ရသမျှအကုန်ယူတာထက် လက်အောက်ငယ်သားအပေါ်မှာ ညှာတာစိတ်နဲ့ သင့်မြတ်အောင်ပေးခြင်းက အလုပ်ကိုပိုတွင်ကျယ်စေသလို.မိမိအလုပ်သမားကလည်းမိမိအပေါ် လေးစားချစ်ခင်လာမှာပါ။လက်အောက်ငယ်သားအပေါ်ညှာတာမှုထားခြင်းက လုပ်ငန်းအပေါ်ပိုပီးအောင်မြင်နိုင်တဲ့အချက်တစ်ချက်ပါပဲ။မြွေလို လက်အောက်ငယ်သားကြွက်ကို မစားပဲ လွှတ်ပေးလိုက်လို့ ထွက်ပေါက်ရှာလွတ်မြောက်ရသလိုပဲ အလုပ်တစ်ခုမှာ မိမိလက်အောက်ငယ်သားအပေါ်အမြတ်မထုတ်ပဲမေတ္တာနဲ့သာ ဆက်ဆံမယ်ဆိုရင်အခက်အခဲဖြစ်ချိန်မှာတောင်လက်အောက်ငယ်သားရဲ့အကူအညီနဲ့ကြိုးစားလွတ်မြောက်နိုင်မှာပါ။ဒါ့ကြောင့် မိမိလုပ်ငန်းအောင် မြင်ချင်တယ်ဆိုရင်တော့ လက်အောက်ငယ်သားဝန်ထမ်းတွေကို အခွင့်အရေးပေးဖို့မမေ့ပါနဲ့လို့ပဲ အကြံပြုလိုက်ပါရစေ။ ။

#Credit

ကဗျာစုစည်းမှူWhere stories live. Discover now