လူ့တန်ဖိုး
------------
တစ်ကောင်ကြွက်တစ်ယောက်သည် ဆင်းရဲလွန်းသောကြောင့် စိတ်ညစ်နေသည်။ သူသည် ပညာလည်း မတတ်၊ အလုပ်လည်းမရှိ။ တောင်းစားရမည်ကိုလည်း မလုပ်ချင်သောကြောင့်သူ့ကိုယ်သူ သတ်သေရန် ဆုံးဖြတ်လိုက်လေသည်။ တောင်းစားရခြင်းထက် သေလိုက်တာကမှ ကောင်းသေးဆိုသော အယူအဆကြောင့် ဖြစ်လေသည်။သတ်သေရန် ဆုံးဖြတ်လိုက်ပြီးနောက် သူသည် တောင်စွန်းလေးတစ်ခုဆီသို့ လာခဲ့သည် ထိုတောင်စွန်းမှ မြစ်ထဲခုန်ချရန်ဖြစ်သည်။ သို့သော် သူခုန်ချမည့်နေရာအနီးရှိ ညောင်ပင်အောက်တွင် ရသေ့တစ်ပါး ထိုင်နေ သည်ကို တွေ့လိုက်ရသဖြင့်
“တပည့်တော် နောက်ဆုံး အနေဖြင့် အရှင့်ကို ဂါရဝပြုပါသည်” ဟုဆိုကာ ကန်တော့လေသည်။
ရသေ့ကြီးက သူ့ကို ကြည့်ပြီး
“နောက်ဆုံးဆိုတော့ သင်က ဘယ်ကိုသွားမည်နည်း”
“ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ဆုံးဖြတ်ပြီး ဖြစ်သဖြင့် မြစ်ထဲခုန်ချပါတော့မည်”
“အလို ကြုံကြိုက်လှပေ။ ငါသည် ဤနေရာတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေတတ်သူများ ရောက်လာ တတ်သည်ဆိုသဖြင့် လာစောင့်နေသည်မှာ ကြာပြီ ... ယခု သင့်ကို ပထမဆုံး တွေ့ရခြင်းဖြစ်သည်”
“အဘယ်ကြောင့် လာစောင့်နေရပါသနည်း ရသေ့ကြီး”
“သင်က သေလူဆိုတော့ ကျွန်ုပ်အနေဖြင့် သင့်ကို တစ်ခုကမ်းလှမ်းစရာရှိသည်”
“အဘယ်နည်း”
“သင့်မျက်လုံးနှစ်လုံးကို ဝယ်လိုသည်”
“ဘာအတွက်ပါလဲခင်ဗျာ”
“တိုင်းပြည်၏ အချမ်းသာဆုံး သူဌေးကြီးတစ်ဦးက မျက်လုံးနှစ်လုံးကို ယူလာပေးလျှင် ဆုငွေများပေးမည်ဟု ကမ်းလှမ်းထားသောကြောင့်ဖြစ်သည်။ အဆင်သင့်လိုက်လေ ... သင်က သတ်သေတော့မည်ဆိုသောကြောင့် သင့်မျက်လုံးတွေကို ဝယ်လိုသည်။ မည်သည့်နှုန်းထားဖြင့် ရောင်းသွားမည်နည်း”
သူဆင်းရဲက စဉ်းစားသည်
“ငါ့မျက်လုံးနှစ်လုံး မည်မျှ တန်သနည်း”
YOU ARE READING
ကဗျာစုစည်းမှူ
Non-Fictionပိုင်ရှင်ဖျတ်ခိုင်းရင်ပြန်ဖျတ်ပါမယ် အားနေလို့ကဗျာလေးတွေ့လာစုတာဟီ