ချစ်ဖို့ကောင်း

13 0 0
                                    

ချစ်ဖို့ကောင်းတဲ့ လူတန်းစားတစ်ရပ်ရှိတယ်..။

ကိုယ်တိုင်ကျ ပြိုလဲနေတယ် ဒါပေမယ့်
ကိုယ့်ရှေ့လဲကျနေသူတွေ့ရင် ထူမ
ပေးတတ်ကြတယ်..။

ကိုယ်တိုင်ကျ မျက်ရည်တွေနဲ့
ဒါပေမယ့် သူတစ်ပါး ငိုနေတာတွေ့ရင်
ကိုယ့်မျက်ရည်ထက် သူတစ်ပါးမျက်ရည်ကို
ပိုဦးစားပေး နှစ်သိမ့်ပေးတတ်ကြတယ်..။

ကိုယ်တိုင်ကျအမှောင်ထဲမှာ
ဒါပေမယ့် ကိုယ်တတ်နိုင်တဲ့ခွန်အားလေးနဲ့
အမှောင်ထဲက ကိုယ်လိုသူလို ဘဝတူတွေကို
အလင်းပြန်ပေးနေတတ်ကြတယ်..။

ဘယ်လောက်ချစ်ဖို့ကောင်းတဲ့လူတန်းစားတွေလဲ..။

Credit:ရွှေစွန်ညို-(ဘာကိုလိုလို့ဝဲပါတယ် မှ)

ကဗျာစုစည်းမှူWhere stories live. Discover now