" သင်ခန်းစာ ယူပါ

12 1 0
                                    

" သင်ခန်းစာ ယူပါ

အလုပ်တွေ အဆင်မပြေတဲ့အချိန်  !!
ငွေကြေး အဆင်မပြေတဲ့အချိန်  !!
မိသားစုရေး အဆင်မပြေတဲ့အချိန်   !!
အချစ်ရေး အဆင်မပြေတဲ့အချိန် !!

စတဲ့အခက်အခဲများစွာ ရင်ဆိုင်ရတဲ့အချိန်မှာ -
ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင်ထိ -
လူတိုင်း စိတ်ညစ်ဖူးကြပါလိမ့်မယ်  !!

ဘာကိုမှ မတွေးနိုင်ဘဲ -
စိတ်ထဲမှာ ဒီအကြောင်းတွေပဲ -
အက်ကြောင်း ထပ်နေပါလိမ့်မယ်  !!

ဖြေရှင်းနိုင်မည့် နည်းလမ်းထက် -
သင့်စိတ်ဓာတ်ကို ကျစေမည့် -
ဖိအားတွေကသာ နေရာယူထားပြီး ၊
အတွေးကို လွန်ကဲစေမိမှာပါ  !!

ဒီချိန်မှာ သင်တွေးရမှာက
ဒိလို အခက်အခဲတိုင်းဟာ လူတိုင်းမှာလည်း -
ရှိနေတယ်ဆိုတာ မမေ့ပါနဲ့  !!

သင် အသက်ရှင်နေသမျှ ကာလပတ်လုံး -
အခက်ခဲ ဒုက္ခပြဿနာ ပေါင်းစုံက -
တစ်ခု မဟုတ် တစ်ခု ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ !!

ဖြစ်လာတဲ့ ပြဿနာတိုင်းကို -
ခေါင်းအေးအေးနဲ့ အချိန်ပေးစဉ်းစားပါ  !!
ဘယ်အရာကိုမှ တွေးကြောက် မနေပါနဲ့  !!

လူတိုင်းက အကြောင်းအမျိုးမျိုးကြောင့် -
ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတာပါ !!
သင် တစ်ယောက်တည်း -
မဟုတ်ဘူးဆိုတာ သိထားလိုက်ပါ !!

ဘယ်လိုအခက်အခဲ ရှိနေပါစေ -
ရင်ဆိုင်ပါ !!
တွေဝေနေခြင်းက -
သင့်အတွက် ရှုံးနိမ့်ခြင်းပါပဲ  !!

အခက်ခဲ ဒုက္ခ ပြဿနာတွေကို -
တွေးကြောက်ရမှာထက် ၊
သင့်ရဲ့ အတွေးနဲ့ စိတ်ဓာတ်တွေ -
က်  မသွားဖို့သာ အရေးကြီးပါတယ် !!

ဆာလောင်နေတဲ့ဗိုက် !
ငွေမရှိတဲ့ ပိုက်ဆံအိတ်နဲ့ !
ကျိုးပဲ့နေတဲ့ နှလုံးသားဟာ -----

ဘဝရဲ့ အကောင်းဆုံး
သင်ခန်းစာတွေကို သင်ကြားပေးနိုင်ပါတယ် !!
______________________________
#မေတ္တာများစွာဖြင့်
#Credit

Ai ajuns la finalul capitolelor publicate.

⏰ Ultima actualizare: Jul 27, 2023 ⏰

Adaugă această povestire la Biblioteca ta pentru a primi notificări despre capitolele noi!

ကဗျာစုစည်းမှူUnde poveștirile trăiesc. Descoperă acum