ဘဝမှာ

12 0 0
                                    

ဘဝမှာမထင်မှတ်ထားတဲ့အပြောင်းအလဲအချိုးအကွေ့တွေဆိုတာလည်း.. တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့..ရှိလာတတ်ကြတယ်..

မိတ်ဆွေညီမလေးတစ်ယောက်ဆို
ဆက်ပြီး တောင့်ခံမထားနိုင်တဲ့ စီးပွားရေး ကျပ်တည်းမှုတွေ ကြုံခဲ့ရတယ်..

ဒီညီမလေးက အစ်မတစ်ယောက်ပဲရှိပြီးသူတို့ညီအစ်မနှစ်ယောက်က  မိဘတွေကို လုပ်ကျွေးပြုစု...အိမ်တာဝန်ကိုခွဲဝေယူရပါတယ်..

အရင်ကတော့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု လုပ်ကြပါတယ်..ဒါပေမဲ့..
စားဝတ်နေရေးက..အတော်ကျပ်တည်းလာကြတော့..ဘာလုပ်သလဲဆိုရင် ဟင်းချက်ပြီးစျေးထရောင်းကြပါတော့တယ်.. သားအမိ နှစ်ယောက်ချက်ကြတာပါ ..အနီးအနားပတ်ဝန်းကျင် ဆိုရင်နောက် ညီအစ်မတစ်ယောက်က ...ကိုယ်တိုင် စက်ဘီးလေးနဲ့ Delivery..လိုက်ပို့ပါတယ်တဲ့

မိသားစုစားဝတ်နေရေးအဆင်ပြေဖို့အတွက် ကိုယ်လုပ်နိုင်တဲ့...လုပ်တတ်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုကို..ယာယီသဘောမျိုး လုပ်လိုက်ရတာပါပဲ ..ဟင်းပွဲလေးတွေ
အတော်လည်း ရောင်းရပါတယ်..တကယ်ရောင်းတော့လည်း ချက်ရတာ လက်တောင်မလည်ဘူး..
ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေသွားတာ ဝမ်းသာစရာပါပဲ..

အဲဲဒီလိုလူမျိုးတွေဆိုရင်..အင်မတန်မှပဲလေးစားမိတယ် တော်လိုက်တာလို့ချီးကျူးနေမိတယ် ..

လဲကျရာကနေပြန်ထနိုင်တယ်.. ဒီကွေ့လေးမှာ..ဒီတက်နဲ့လှော်နိုင်ခဲ့တယ်ဆိုတာ ကြိုးစားအားထုတ်ခြင်း...ဇွဲမလျှော့ခြင်းနဲ့..ဉာဏ်ကြီးခြင်းပဲဖြစ်ပါတယ်..မိဘ.. အတွက်ဆိုတော့ ကုသိုလ်လည်းရတာပေါ့

အင်္ဂလိပ်လိုဆိုရင် Resilience လို့ခေါ်တယ်.. ခံနိုင်ရည်ရှိတယ်ပေါ့.. မထင်မှတ်ထားတဲ့ဘဝအချိုးအကွေ့တွေကြုံဆုံလာရတဲ့အခါ..တချို့က ဒေါသအလျောက်ပြုမူမိတာတွေရှိတယ်..ငိုကြွေးတယ်..ထိပ်တိုက်ရင်ဆိုင်တယ်..အပြစ်တွေတင်တယ်..စိတ်ဓာတ်ကျသွားပြီး လုံးဝပြန်ထမလာနိုင်တော့တာတွေရှိတယ် တချို့ကျတော့ ရသလောက်ကလေးအားယူ..ရုန်းထ.. ကြိုးစား..ရှင်သန်တတ်ကြတယ်..

တချို့ ကိစ္စ တွေဟာ..ကျွန်မတို့အတွက် Out of control.. ကိုယ် ဘာမှ..မတတ်နိုင်တာမျိုး ရှိတတ်တယ်..များသောအားဖြင့်..ပြင်ပကလာတဲ့ အကြောင်းခြင်းရာတွေ ဖြစ်တတ်ကြပါတယ်..

ကဗျာစုစည်းမှူWhere stories live. Discover now