အလုပ်တွေလုပ်ပြီး

8 1 0
                                    

အလုပ်တွေလုပ်ပြီး ကိုယ်တိုင်
ပိုက်ဆံ ရှာတတ်လာတဲ့အခါ . . .

ငွေရဲ့တန်ဖိုးကို နားလည်လာတယ်

မကုန်သင့်တဲ့နေရာမှာ မကုန်ဖို့
စုဆောင်းတတ်လာတယ်. . .

အသုံးနဲ့အဖြုန်းကို ခွဲခြားတတ်ဖို့
ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေထားတဲ့ ငွေကို
တန်ဖိုးထားတတ်ရတယ်. . .

အလုပ်လုပ်ရဖို့ တွေးကြောက်ပြီးနေတာထက်

အပင်ပန်းခံပြီး ပိုက်ဆံရှာရတာကို
ပိုပြီးနှစ်သက်လာတယ်. . .

ကြိုတင်စုဆောင်းတတ်ဖို့အတွက်
ငယ်ရွယ်ချိန်ရဲ့ တန်ဖိုးကို သိဖို့
အရင်ကြိုးစားရတယ်. . .

ဒါမှ အိုမင်ချိန်မှာ မပူပင်ရဖို့
ငယ်ရွယ်တဲ့အချိန်မှာ စုဆောင်းထားရမှာပေါ့. . .

အချိန်ကို တန်ဖိုးထားတတ်ဖို့ သင်ယူပါမှ
အနားယူတာနဲ့ ပျင်းရိတာကို ခွဲခြားတတ်လာတယ် . . .

ကိုယ့်အတွက်အကျိုးရှိဖို့ရယ်
သူတစ်ပါးအတွက် အကျိုးရှိဖို့အတွက်ကိုပဲ
အချိန်တွေကုန်ဆုံးတယ်. . .

ငွေရဲ့တန်ဖိုး အချိန်ရဲ့တန်ဖိုး
ငယ်ရွယ်ခြင်းရဲ့တန်ဖိုးကို နားလည်မှ
ဘဝဟာ ပိုပြီးတန်ဖိုးရှိမှာ . . .။

#crd

ကဗျာစုစည်းမှူWhere stories live. Discover now