"ဒီကမ္ဘာကြီးမှာ"

24 2 0
                                    

ဒီကမ္ဘာကြီးမှာ...
ချစ်တဲ့သူ မချစ်တဲ့သူတွေနဲ့အတူ နေထိုင်ရတယ်
အဲဒါ ဘာမှပြောင်းလဲမရတဲ့ကိစ္စပဲ

မချစ်တဲ့သူကို ဒီအတိုင်း မေ့လိုက်လို့ရပေမယ့်
ချစ်တဲ့သူကိုတော့
ချစ်နေလို့ပဲ ဝမ်းနည်းရတယ်

အခုချိန်ထိ ငါ့ကို ဝမ်းနည်းအောင် လုပ်ခဲ့တဲ့သူတွေက
ငါ သိပ်ချစ်ခဲ့ရတဲ့သူတွေ‌ချည်းပဲ

ဝမ်းနည်းမှု အတိမ်အနက်ကလည်း
ဘယ်လောက်ချစ်လဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျလို့
အခုတော့ တစ်ယောက်ယောက်ကို ချစ်ဖို့
ကြောက်နေမိပြီ

ထပ်ပြီးတော့ ....
ဝမ်းမနည်းချင်တော့ဘူး

Crd#

S.h.u.n.e💓

ကဗျာစုစည်းမှူWhere stories live. Discover now