တခါတလေ

8 1 0
                                    

တစ်ခါတလေ လူတချို့ကိုမေးကြည့်ချင်တယ်
ကိုယ့်အပေါ်ယုတ်မာပြီး...
တကယ်ရော ပျော်ရွှင်စွာနေထိုင်နေရဲ့လား?

ကိုယ့်သိက္ခာတွေ ချနင်းပြီး...
မင်းသိက္ခာတွေ ကောင်းကောင်းမွန်မွန်ထိန်းထားနိုင်ရဲ့လား?

ကိုယ့်ကို အသုံးချပြီးတော့ရော...
မင်းဘဝလေး အဆင်ရော ပြေနေရဲ့လား?

ကိုယ့်အပေါ်စော်ကားပြီးတော့ရော
မင်းတို့ဘဝလေး တိုးတက်သွားရဲ့လား?

နောက်ကျောကို ဓါးနဲ့ လာထိုးရင်း
လက်ရှသွားမှာလည်းစိုးမိတယ် ။
ပျော်ရွှင်စွာနေထိုင်ပါ....
ဝဋ်လည်ပါစေလို့လည်း မတွေးမိသလို
ဒုက္ခရောက်ပါစေလို့လည်း ဆုမတောင်းမိတဲ့အတွက်....
စိတ်အေးချမ်းစွာနဲ့ ရှင်သန်လို့ရပါတယ် ။    ။

Maple_Khin

ကဗျာစုစည်းမှူWhere stories live. Discover now