အပိုင်း ၁

131 9 6
                                    

My
“ဂျောင်ဝူးရေ မင်းကို အစ်ကိုလေး သူ့ကွန်ဒိုဆီလာခဲ့တဲ့”
“ဟုတ်ကဲ့အစ်ကို ကျေးဇူးပါ ကျွန်တော်သွားလိုက်ပါ့မယ်”
“အေး Ye Dam ကိုခေါ်သွားလိုက်နော် အစ်ကိုက လုပ်စရာရှိသေးလို့”
“ဟုတ်ကဲ့ ကျွန်တော်သွားလုပ်အုန်းမယ်နော်”
ဂျောင်မင်ဂရူး သည် ထွက်သွားသောကျောပြင်ငယ်လေးအား ကြည့်မိ၏။ ထိုကျောပြင်ငယ်လေးအားပိုင်ဆိုင်ထားသောကောင်လေးသည် ဘယ်ဘဝကအကျိုးပေးမှုကြောင့်ချစ်ဖို့ကောင်းနေရသနည်း။ ထိုကောင်လေး၏အပြုံးသည် မြင်ရသူတိုင်း၏ နှလုံးသားအားနွေးထွေးမှုပေးပြီး ချစ်စရာကောင်းသည့်ကောင်လေးသည် တစ်စုံတစ်အယောက်အတွက်တော့
......
အစ်ကို Ye Damနှင့် အတူ သခင်လေးဂျီဝွန်းကွန်ဒိုသို့ရောက်လာခဲ့သည်။အစ်ကို Ye Dam သည် ကားပါကင်တွင်သာကျန်ခဲ့ပြီး ယွန်ဂျောင်ဝူးသာ တစ်ယောက်တည်း သခင်လေးဂျီဝွန်း၏ကွန်ဒိုသာတက်လာခဲ့သည်။ ကွန်ဒိုထဲရောက်ရောက်ခြင်း အနားသို့ဖြတ်ပြေးသွားသည့် ဖန်ခွက်လေးတစ်လုံး
ချလွမ်
ဖန်ကွဲစအချို့သည် မိမိ၏ခြေထောက်ကို စိုက်နေပြီး သွေးလေးတွေအနည်းငယ်စို့၍ နာကျင်နေသော်လည်း ဖန်ကွဲစတွေသာ လိုက်ကောက်မိနေသည်။ ဒီလို နာကျင်မှုတွေက ထုံသွားခဲ့ပြီလေ
“မင်းဘာလို့နောက်ကျနေတာလဲ ငါဒီမှာဗိုက်ဆာနေပြီ အမြဲတမ်းနှေးကွေးနေတာပဲ”
“တောင်းပန်ပါတယ် သခင်လေးဘာစားမလဲဗျ”
“ ပါစတာချက်လိုက် ၂ယောက်စာ ပြီးတော့”
သခင်လေး စကားပြောနေတုန်း အိပ်ခန်းထဲကနေထွက်လာတဲ့ကောင်မလေးတစ်ဦး။ကောင်မလေးသည် သူမထက်ကြီးသောT shirt အဖြူလေးသာ ဝတ်ထားသည်။ အင်္ကျီမှာသူမထက်ကြီးသည်ဆိုသော်လည်း သူမ၏ ပေါင်အလည်လောက်ကိုသာဖုံးအုပ်ထား၏ ။ ထိုကောင်မလေးလား သူမမြင်ဘူးပါ ဒါမှမဟုတ်သူသည်ပဲမသိသည်လား။ ဒါမှမဟုတ် ညက သခင်လေး ကလပ်တက်ရင်းမှတွေ့သည်လား။ သခင်လေးဂျီဝွန်းသည်လည်း အောက်ပိုင်းကိုသာ သဘက်ဖြင့်ပတ်နှံထား၏။
“အိုပါး ဘာတွေလုပ်နေတာလဲ”
“ ချယ်ရီနဲ့အတူမနက်စာစားဖို့လေ မှာစရာရှိတာမှာနေတာ”
“ ချယ်ရီက မနက်စာဆို ကော်ဖီပဲသောက်တာ ”
ဂျီဝွန်း၏ ပေါင်ပေါ်တွင် ထိုင်လိုက်သောကောင်မလေး၏ နာမည်သည် ချယ်ရီတဲ့။ သူမသည်သိပ်ချစ်ဖို့ကောင်းလှသည် ထို့အတူသနားစရာကောင်းလှသည်။ အဘယ့်ကြောင့်ဆိုသော် play boy ကင်ဂျီဝွန်းဆိုသည့်လူနှင့် အတူရှိနေသောကြောင့်ဖြစ်သည်။ သို့ပေသိ သူ့အဖြစ်သည် ပိုသနားစရာကောင်းလှသည် ကိုယ်ချစ်သည့်သူ၏ အမုန်းတွေသာပိုင်ဆိုင်နေရသောကြောင့်ဖြစ်သည်။
“ ငါပြောတာကြားလား”
“ဟမ် သခင်လေး ဘာပြောလိုက်တာလဲဟင်”
ကိုယ်ပြောနေတာကိုနားမထောင်ပဲ အတွေးတွေသာတွေးနေသည့် သူအား မကြည်တော့။ အမြဲတမ်းအတွေးတွေသာပြည့်နေသည့် လူသားအား တစ်စစီ လုပ်ချင်နေမိ၏။
“ ချယ်ရီအတွက် ကော်ဖီတစ်ခွက်ဖျော်လိုက် ပြီးရင် ငါ့အတွက်ပါစတာ”
“ ဟုတ်ကဲ့ “
သူသည် မီးဖိုချောင်သို့ဝင်ပြီး မှာကြားသမျှအား လုပ်ဆောင်နေရင်း ပါးပြင်သို့ မျက်ရည်စအချို့ ကျဆင်းလာ၏’။ ဧည့်ခန်း၏ ဘားတွင်ကျန်ခဲ့သောသူ၂ယောက် ၏ ရှက်ရွံ့ဖွယ်ကောင်းသောအသံသည် သူ့၏အချစ်နဲ့ သူ့အားလှောင်ပြောင်နေသလိုပါပဲ။ သခင်လေးဂျီဝွန်းပေးသည့်နာကျင်မှုထဲမှာ ဒီနာကျင်မှုက အမြဲတမ်းသူ့အတွက်စိမ်းသက်ပြီးအသစ်ဖြစ်နေမြဲဖြစ်သည်။
........................................................
“ ကဲအားလုံးပဲ ဒီနေ့မှာကျောင်းသား၃ယောက်အသစ်ရောက် တယ်။ နှုတ်ဆက်လိုက်အုန်း”
“မင်္ဂလာပါ ကျွန်တော့က ကင်ဒန်ပါ။ ကူညီပေးပါအုန်း”
“ကျွန်တော်က ဂျေးပါ။ အကူညီတောင်းပါတယ်”
“ ကျွန်တော်က”
“ဝိုးးးးးးးးးးးးးးးးးးး”
“ကလေးမတွေ”
နောက်ဆုံးတစ်ယောက်ရဲ့အသံကြားတာနဲ့ တစ်ခန်းလုံးက မိန်းကလေးတွေရဲ့အသံသည်ကျယ်လာ၏။ သူ့အသံက ဆွဲဆောင်မှုရှိလှသည်။ ထို့အတူရုပ်လည်းချောလွန်းလှသည်။
“ကျွန်တော်နာမည်က ဒိုဟ ဖြစ်ပါတယ်။ ကူညီပေးပါအုန်း”
“အသက်နဲ့ရင်းပြီးတောင် ကူညီပေးလိုက်အုန်းမယ်”
“ ကမ္ဘာကြီး၂ခြမ်းကွဲရင်တောင် မင်းရှိတဲ့ဘက်ကပဲ”
“ကလေးမတွေ”
ဆရာ၏ ဟန့်တားသည့် မျက်နှာကြောင့်အားလုံးတိတ်သွား၏။
“ကဲ သားတို့က လွတ်နေတဲ့နေရာမှာထိုင်လို့ရတယ်နော်”
ဆရာပြောပြီးသည်နှင့်ကျွန်တော့်ဘေးကို ရောက်လာသည့် ဒိုဟဆိုသည့် ထိုကောင်လေးနှင့် အရှေ့မှာ လာထိုင်ကြသော ဂျေးနှင့် ကင်ဒန်ဆိုသူ
“ မင်ဂလာပါ ကျွန်တော်က ဒိုဟ။ ဒီက”
“ ကျွန်တော်က ဂျောင်ဝူးပါ”
“ ကျွန်တော်က ဂျေး၊သူကကင်ဒန်”
“ဟုတ်ကဲ့မင်္ဂလာပါ။”
“ကဲကလေးတွေ စာသင်ကြမယ်။ စာမသင်ခင် အိမ်စာတွေ လာထပ်ကြအုန်း”
“ဟာ ဆရာကလည်း”
ဒီမနက်ခင်းက သူ့အတွက်အနည်းငယ်ပျော်စရာကောင်းလှသည်။သူ့အား လာမိတ်ဆက်မည့်သူမရှိသည့် ဒီကျောင်းမှာ ပထမဆုံး စကားလာပြောသည့်သူရှိလေသည်။
................................
ဒုန်းးးးး
“ဆောရီးနော်”
မိမိအားဝင်တိုက်ပြီး ဆောရီးဟုပဲပြောကာ တစ်ချိုးထဲပြေးသွားသည့်အကောင်ပေါက်အား ရစ်ခီမကျေနပ်ပါ။ ဒီတစ်မနက်လုံးဘာဖြစ်နေမှန်းမသိ သူငယ်ချင်းကင်ဂျီဝွန်းကလည်းကျောင်းမလာ။ စော်ကလည်းရစ်။ခုလည်း ဝင်တိုက်ခံရနဲ့ unlucky day ပါလား။
......................
အိုလီသည် ကျောင်းပြောင်းသည့်နေ့မှာပဲ ပိုက်ဆံအိတ်ကျန်ခဲ့သောကြောင့် အစ်ကိုဖြစ်သူဂျေး ဆီသို့ အပြေးအလွှားလာလိုက်မိ၏။ အမြဲတမ်းပြာကလပ်ဖြစ်နေသောကြောင့် လူတစ်ယောက်လုံးကိုမမြင်ပဲဝင်တိုက်မိပြီး ဆောရီးတစ်လုံးတည်းသာဆိုပြီးပြေးလာမိ၏။ အစ်ကိုဖြစ်သူ၏ အခန်းအားမသိသောကြောင့် လက်ရှိမျက်လုံးထဲတွင် တစ်ယောက်တည်း ထဲစာလုပ်နေသည့်သူအားမေးမိ၏။
“အစ်ကို “
ထိုအစ်ကိုအားခေါ်မိသည်နှင့် လှည့်ကြည့်လာ၏။ ထိုအစ်ကို၏ မျက်နှာပေါက်သည် ကြောက်စရာကောင်းသော စီနီယာဘက်သွားသော်လည်း အိုလီအတွက်တော့ချစ်ဖို့ကောင်း၏။
စာလုပ်နေရင်း မိမိ၏နောက်ကျောအား လာကုပ်ခေါ်နေသောကြောင့် လှည့်ကြည့်မိ၏။
“ ဟမ်”
“ကျွန်တော်မေးချင်လို့”
“ ဘာမေးမလို့လဲဟင်”
“ ဂျေးဆိုပြီး ဒီနေ့မှကျောင်းပြောင်းလာတဲ့တစ်ယောက်ကလေ ဒီအတန်းထဲကလား”
“ဟုတ်တယ် ညီလေး ဘာဖြစ်လို့လဲ”
“သူအခုဘယ်မှာလဲဟင် “
“ကန်တင်းသွားတယ်နဲ့တူတယ် ကင်ဒန်တို့နဲ့”
“အော်ဟုတ်ကဲ့ ကျေးဇူးပါနော် အဲ့တာဆို သားသွားလိုက်အုန်းမယ် ဒါနဲ့နဲ့အစ်ကိုနာမည်က”
“ ဂျောင်ဝူးပါ”
“ဟုတ် သားနာမည်က အိုလီပါ။”
နှုတ်ဆက်နေရင်း ဂျေးတို့အတန်းထဲသို့ပြန်ရောက်လာ၏။
“အိုလီ”
“ အစ်ကိုဂျေး အစ်ကိုကင်ဒန် အစ်ကို ဒိုဟ”
ရေခဲတုန်းအစ်ကိုတို့သည် သူ့အား ပြုံးပြ၍ပြန်နှုတ်ဆက်သည်။
“ ငါတောင်မင်းအခန်းဆီသွားတာ”
“ ဟမ် ဘာလို့လဲ”
“မေမေဖုန်းဆက်တယ် မင်းပိုက်ဆံမေ့ခဲ့တယ်ဆို ပြီးတော့ဖုန်းကောပဲဆို”
“ဟီး ဟီး ဟုတ်တယ်”
“ အင်း ရော့ ဒီမှာ‌ချောကလပ်”
ညီအစ်ကို၃ယောက်ထဲမှာ အငယ်ဆုံးလေးဖြစ်သည့်အလျောက် အချွဲဆုံးလေးအားတစ်အိမ်လုံးက ဖူးဖူးမှုတ်ခံထားရသည့်နည်းတူ ချောကလပ်လည်းအသေကြိုက်သည်။
“ကျေးဇူးနော် သားသွားပြီ။ အစ်ကို ဂျောင်ဝူးရေ ဘိုင်ဘိုင် ဆာရာငဲ”
မပြန်ခင် သူ့အား ဆာရာငဲဟုပြောကာ အသဲပုံလေးလုပ်ပြသွားသည့်ကောင်ငယ်လေးကြောင့် မျက်လုံးအပြူးသားနှင့်သာအံ့သြ၍ကျန်ခဲ့သည်။
“ဆော်ရီးနော်ဂျောင်ဝူး သူက အမြဲတမ်းအဲ့လိုမလို့”
“ အာ ဟုတ်ကဲ့ရပါတယ်”
ဒီနေ့ဟာ သူ့အတွက်ထူးခြားစွာရှိလှသည်။ ပထမဆုံးအနေနဲ့ကျောင်းတွင်သူ့အား လူတစ်ယောက်လိုဆက်ဆံခံရခြင်းသာ။ ဒါမှမဟုတ် သူ့အကြောင်းမသိသေးကြလို့ဒီလိုဆက်ဆံသည်လား။ ဒီလို ခွဲခြားခံရခြင်းက သူချစ်သည့် အမျိုးသား သခင်လေးကင်ဂျီဝွန်းမှ စခဲ့သည့်အရာတစ်ခုသာဖြစ်၏။
.......................................................................................
                                                                                                                 Myo Mann Chel
                                                                                                                 29.4.2023
#အပိုင်းသစ်ရေးဖို့ပျင်းတွေတာရော ဂျီဝွန်းကို လူဆိုးတစ်ယောက်အနေနဲ့ရေးရမှာကြောင့်စဉ်းစားနေရတယ်
#တုတ်ဆောင်ထားတယ်

MyWhere stories live. Discover now