အပိုင်း ၄

70 9 10
                                    

မနက်စောစောစီးစီး ဟိုမိန်းမနဲ့ အတူတူမနက်စာစားလာရတာကြောင့် ရင်ထဲတွင်အော်ဂလီဆန်လှသည်။ထိုမိန်းမ၏သားနှင့် အတန်းတူသည့်အပြင်ကျောင်းပါတူနေသောကြောင့်ဘယ်လိုပြဿနာရှာရ*မလဲတွေးနေမိ၏။ သို့သော်လည်းဟိုကောင်မှာ ရေခဲတုံးကအဘခေါ်ရပြီး ကျောက်ရုပ်ကတာအဖေခေါ်ရလောက်အောင် အေးဆက်လွန်း၏။ တစ်မနက်လုံး ကိုယ်က သူတို့အား ခနဲ့ပြောဆိုနေတာတောင်ဘာမှမဖြစ်သလိုနေတာကြောင့်ပို၍‌ေဒါသထွက်ရသည်။

"ဂျောင်ဝူး"

မိမိ၏အနောက်တွင် လှန်းခေါ်သံကြောင့်လှည့်ကြည့်မိတော့။ တစ်ခြားတယောက်အားပြုံးပြကာ နှုတ်ဆက်နေသော ယွန်ဂျောင်ဝူးအားတေွ့၏။ ထိုအပြုံးအား သူမုန်း၏။ တစ်ပါးသူအား ယွန်ဂျောင်ဝူးမှ ပြုံးပြလှျင်ပိုမုန်း၏။

မိမိ၏ရှေ့တွင် ကင်ဂျီဝွန်းရှိသောကြောင့်ခြေသံလုံလုံဖြင့် မရိပ်မိအောင်လျှောက်လာပါသော်လည်း ဒိုဟ၏ ခေါ်သံကြောင့်ရင်ထိန့်မိ၏။

"ဒိုဟ"

"စားပြီးပြီလား"

"ဟုတ်ကဲ့"

"ယွန်ဂျောင်ဝူး"

ရင်းနီးတဲ့ အသံမှ မိမိနာမည်ကိုခေါ်သံကြောင့် အလိုလိုခါးမတ်မိ၏။မဟုတ်မှလွဲရော

"ကင် ကင်ဂျီဝွန်း.."

ဘာလဲ ဒီကောင်ရှေ့မှာ,မလို့ သခင်လေးပလို့တပ်မခေါ်တာလား

"အဲ သခင်လေးကင်ဂျီဝွန်း ဘာခိုင်းမလို့လဲ"

မိမိ၏ရှေ့တွင်ဖြစ်ပျက်နေသောအဖြစ်အပျက်အား နားမလည်သော်လည်း သူသိသည်မှာ သခင်လေးဘာဆိုလား လူအား ဂျောင်ဝူးမှကြောက်နေသည်က ပေါ်လွင်လှ၏။

"ငါ့ကိုအခုချက်ချင်း ပေါင်မုန့်ရယ် စတော်ဘဘ်ရီဖျော်ရည်ရယ်ဝယ်လာပေး"

"ဟုတ်ကဲ့"

"ပြီးတော့လည်း."

စကားကို ဆက်မပြောပဲ ဘေးတွင်ရှိသော သူအားငဲ့ကြည့်လိုက်တော့ အလိုမကျမှုက မျက်နှာပေါ်တွင်အထင်းသား

" ပီကေ ** တံဆိပ်ရယ် ရအောင်ဝယ်လာခဲ့နော် မဟုတ်ရင် ငါ့အခန်းက ဗီဒိုထဲမှာရှိတဲ့ ခါးပတ်တစ်ခုရဲ့ တံဆိပ်ကိုရွေးရလိမ့်မယ် ကျောင်းတက်ချိန်နောက်မကျစေနဲ့ သွားတော့"

MyKde žijí příběhy. Začni objevovat