အပိုင်း ၅

46 7 6
                                    

1 year later

"ဂျောင်ဝူးရှီး"

အနောက်ကနေလှမ်း၍ခေါ်သံကြောင့် လှည့်ကြည့်မိသည့်အခါ

"မမလေး"

"အို အဲ့လိုခေါ်စရာမလိုပါဘူး ကျောင်းမှာဆို မခေါ်ပါနဲ့ အိုပါးရှေ့မှသာခေါ်ပါ"

( အစက ဝွန်းလေးလို့ ရေးမလို့ မရေးရက်ဘူး။)

"ဟုတ်ကဲ့"

မမလေးက သိပ်ကိုချောလွန်းပြီး။ စိတ်ထားအရမ်းကောင်းလွန်းတယ်။ ကိုယ့်အကြောင်းသိသမျှလူတိုင်းက နှိမ်ချင်ကြပေမဲ့မမလေးဒါဆူကတော့မတူဘူး။လူတိုင်းထဲမှာတော့ ဒိုဟ၊ကင်ဒန်၊ဂျေး၊အိုလီတို့မပါဘူးပေါ့။မမလေးနဲ့ သခင်လေးက အထက်တန်းစာမေးပွဲဖြေတဲ့နေ့ကစပြီးတွဲဖြစ်ကြတာလေ။အခုဆို ၃လတောင်ပြည့်တော့မယ် သခင်လေးက ဘယ်ကောင်မလေးကိုမှ သူ‌ဌေးတို့နဲ့မမိတ်ဆက်ဖူးပေမဲ့အခု တစ်ယောက်ကိုကျတော့တွဲနေတဲ့ ၁ပတ်မှာတင် မိတ်ဆက်ပေးခဲ့တာလေ။ မမလေးဒါဆူက အခုချိန်ထိတစ်ဦးတည်းသော သခင်လေးအကြာဆုံးတွဲဖူးတဲ့အမျိုးသမီးလေး

" ‌ေဂျာင်ဝူးရှီး"

"ဟုတ်ကဲ့"

"တစ်ခုခုတွေးနေတယ်နဲ့တူတယ်"

"ဟုတ်ကဲ့ အဲ"

"ဂျောင်ဝူးကမညာတတ်ဘူးပဲ"

"ဒါနဲ့ မမလေးဘာခိုင်းစရာရှိလို့လဲ"

"အဲ့လိုမခေါ်ပါနဲ့ဆို"

"နှုတ်ကျိုးနေလို့ပါ"

" အင်းပါ ပြင်ပေးလို့ရမဲ့ပုံမပေါ်ဘူး"

".."

"အိုပါး အခုတလောဘာလုပ်နေလဲဟင်"

"သခင်လေးက အခု ကုမ္ပဏီကိစ္စကြောင့် ဂျပန်ကိုသွားနေတယ် ၂ရက်လောက်တော့ကြာပြီ"

"အင်းလေ သူကလည်းအလုပ်များ ကိုယ်ကလည်း ကျောင်းတစ်ဖက်နဲ့ဆိုတော့ ဒီတစ်လောအဆက်အသွယ်ပျက် ဆရာတွေကလည်းပရောဂျက်ကိုရှယ်ပေးနေတာအခုတလော"

"ဟုတ်ကဲ့"

"ဒါနဲ နေ့လည်စာစားပြီးပြီလား"

"မစားရသေးဘူး"

"လိုက်စားမလား"

"ချိန်ထားတာရှိလို့"

MyWhere stories live. Discover now