အပိုင်း ၃

78 8 5
                                    


တစ်ညလုံးငိုခဲ့တာကြောင့် မျက်ခွံသည်မို့မောက်နေပြီး ခေါင်းလည်းသိပ်မကြည်။
" ဂျောင်ဝူး"
မိမိနာမည်ခေါ်သည်ကြောင့် အနောက်ကိုလှည့်ကြည့်မိသည်။
" ဒိုဟ"
" တစ်ယောက်တည်းလား မနက်စာစားပြီးပြီးလား"
"ဟုတ်ကဲ့"
တကယ်က မနက်စာမစားရသေးပါ။ ဗိုက်လည်းမဆာသလို စားချင်စိတ်လည်းမရှိသောကြောင့်မစားခထဲ့ခြင်းဖြစ်ပါသည်။
" ဂျောင်ဝူး အဆင်ပြေရဲ့လား"
"ဘာကိုပြောတာလဲမသိ"
"အော် မျက်လုံးတွေမို့နေလို့လေ ဘယ်လောက်တောင်အိပ်ထားတာလဲ"
တကယ်က ထိုကောင်လေးငိုထားသည်ကိုသိ၏။ သို့ပေမဲ့ မမေးရက်။ထိုကောင်လေးအား မနေ့ကမှမြင်ဖူးသော်လည်း စိတ်ထဲစွဲနေမိသည်။
"ဟမ် ဟုတ်ကဲ့ ညက စောစောအိပ်လိုက်တာလေ အဲ့တာကြောင့်"
" အစ်ကို ဒိုဟ၊ အစ်ကို ဂျောင်ဝူး"
သူတို့နာမည်အားခေါ်ကာ အဝေးမှပြေးလာသော အိုလေ။ အိုလီ၏အနောက်တွင် သူတို့အားပြုံးပြကာလမ်းလျှောက်လာသော ဂျေးနှင် ခင်ဒန်။
" အစ်ကိုတို့ဘာတွေ‌ပြောနေတာလဲဟင်"
အိုလီသည် ဒိုဟဘက်သို့ စကားပြောနေရင်း မိမိဘက်ကိုလှည့်လာကာ အလန့်တကြားဖြင့်။
" အစ်ကိုဂျောင်ဝူး ငိုထားတာလား"
"ဟမ်"
" အိုလီ "
" ဆောရီးနော် ဂျောင်ဝူး၊ အိုလီ ငါဘာပြောထားလဲ။ သူများတကာကို။ မေမေနဲ့တိုင်ပြောမယ်"
"ကိုကြီးကလည်း ကျွန်တော်က စိတ်ပူလို့ကို"
" တောင်းပန်လိုက်"
"ဟုတ်ကဲ့ "
အိုလီသည်မိမိဘက်သို့လှည့်ကာ မျက်နှာငယ်လေးဖြင့်တောင်းပန်လေသည်။
"တောင်းပန်ပါတယ် အစ်ကိုဂျောင်ဝူး"
"ရပါတယ်"
" ဘယ်သူ မနက်စာစားလာပြီးပြီလဲ ငါတော့မစားရသေးတော့ကန်တင်းကို သွားမလို့"
"သားလည်း မစားရသေးဘူး"
"အိုကေ ခင်ဒန်နဲ့ဂျေးကော"
"စားပြီးပြီ ငါက ဂျေးတော့မစားရသေးဘူး"
"အေး အဲ့တာဆို မင်းလိုက်အုန်းမလား"
" မလိုက်တော့ဘူး ဒိုဟ။ ငါသွားပြီ''
"ဂျောင်ဝူးနဲ့အတူတူသွားလေ။ ငါတို့လည်းသွားပြီ အချိန်ကသိပ်မကျန်တော့လို့"
"အေး"
စကားဝိုင်းထဲကနေထွက်သွားဖို့စဥ်းစားမိ‌သော်လည်း မသင့်တော်သောကြောင့် ငြိမ်နေခဲ့သည်။ အားလုံးက ကန်တင်းဘက်ကို သွားသောကြောင့် ခင်ဒန်နှင့်သူကသာ အတန်းဆီလာခဲ့သည့်။ဒီနေ့လည်း ဂျီဝွန်းကျောင်းမလာသောကြောင့်တစ်နေ့တာကျောင်းတက်ချိန်အား အေးအေးဆေးဆေးဖြတ်သန်းရသော်လည်း မျှော်နေမိသည်။ သူ့ဖြစ်သည် ပိုးဖလန် တစ်ကောင်နှင့်တူလှသည် နာကျင်ရမယ်မှန်းသိတာတောင် မျှော်လင့် စောင့်စားကာ တိုးဝင်မိနေတုန်းဖြစ်သည်။
.................................................
ဒီညနေ သူဌေးကတော်၏ သားအငယ် ပြောင်းလာမည်ဆိုသောကြောင့် စောင့်နေမိသည်။
"ဟော ဟိုမှာ လာပြီနဲ့တူတယ်။ သွားကူလိုက်အုန်း ဂျောင်ဝူးရေ "
အဒေါ်ကြီးဟန် အပြောကြောင့် ကူညီရန်ကားဆီသို့သွားခဲ့။ ကားထဲကနေထွက်လာတဲ့သူကြောင့် အံ့သြမိသည်။
" ခင်ဒန်"
" ဂျောင်ဝူး"
"ဟမ် သားတို့ကသိနေတာလား"
"ဟုတ်တယ် တစ်တန်းထဲ"
" သားက ဂျောင်ဝူးတို့ကျောင်းကို ပြောင်းလိုက်တာလား မာမီကိုတောင်မပြောဘူး ဒါနဲ့ဂျီဝွန်းလည်းနဲ့လည်းသိမှာပေါ့"
"ဂျီဝွန်း ကဘယ်သူ"
"သားမသိဘူးလား"
ခင်ဒန်အားစကားပြောရင်း မိမိအားလန့်ကြည့်လာသည်။ 'ဘာကြောင့်မသိရတာလဲ'ဆိုသည့်သဘောမျိုးဖြင့်
"အဲ့တာက ဂျီဝါန်းကျောင်းပျက်တာ၂ရက်ရှိပြီမလို့"
"အော်...."
သူဌေးကတော်သည် သူလိုချင်သည့်အဖြေရပြီးသည်နှင့် ခင်ဒန်ဆီသို့ အကြည့်ပြန်ရောက်သွားလေသည်။
" သားလာ မာမီတို့ အိမ်ပေါ်တက်ရအောင်"
"ဟုတ်ကဲ့"
....
အိပ်ရာကိုယ်စီဝင်သွားသည်အထိ အားလုံးချောချောမွေ့မွေ့နဲ့အဆင်ပြေပြေရှိနေကြသည်။ သို့ပေမဲ့ သူ့အတွက်တော့ထူးဆန်းလွန်းသည် သူ့ဘဝတွင် ဒီနေ့လို့မျိုးအဆင်ပြေတဲ့ နေ့ဆိုတာမရှိဖူးသေးသောကြောင့်
" ယွန်ဂျောင်ဝူး ယန်ဂျောင်ဝူး ထွက်လာခဲ့စမ်း"
သူထင်သည့်အတိုင်း ဖြစ်လာခဲ့သည် ဘယ်တော့မှ မိုးနတ်မင်းက သူ့အားလွတ်လွတ်လပ်လပ်ပျော်ရွှင်ခွင့်မပေးပါ။ တစ်နေ့လုံးမျှော်နေသောသူအားတွေ့ရမည့်အတွက် သူပျော်နေသင့်သော်လည်း မပျော်ရဲပါ သူ့အား မိုးနတ်မင်းက ထပ်ပျော်ခွင့် ပေးမည်မထင်ပါ ဒီနေ့အတွက်။
"ယွန်ဂျောင်ဝူး ငါကထွက်လာလို့ပြောနေတယ်လေ"
"ကင်ဂျီဝွန်း မင်းဘယ်လို ဖြစ်နေတာလဲ။ လမ်းဘေးကအကျင့်တွေကို ငါ့အိမ်မှာ လာကျင့်မသုံးနဲ့"
" ဟ အဖေ့သားကျွန်တော်က ကိုယ့်အစေခံကို ကိုယ်ခေါ်တာလေ ဘယ်လိုလုပ်လမ်းဘေးအကျင့်တွေဖြစ်ရမှာတုန်း"
( ဇာတ်လမ်းအရရေးတာပါ ကိုယ်လည်းအဲ့လိုခေါ်ခံရတာမကြိုက်ပါဘူး)
အောက်ထပ်တွင်သူဌေးတို့ သားအဖ ၂ယောက် စကားများနေတာကိုတွေ့သောကြောင့်အမြန် ဆင်းလာခဲ့သည်။သူ့ကြောင့် သူဌေးတို့သားအဖ၂ ထပ်ပြီးစကားမများစေချင်ပါ။
"သခငလေး ကင်ဂျီဝွန်း ကျွန်တော်ရောက်ပါပြီ"
" အေး ငါ့ကိုအပေါထပ်လိုက်ပို့ပေး"
"မင်းခြေထောက်ပါတယ်မလား ကိုယ့်ဘာသာလျှောက် ဂျောင်ဝူး လိုက်မပို့နဲ့"
" အဖေ့ကို လိုက်ပို့ခိုင်းနေလို့လား ကိုယ့်ဘာသာမြေခွေးမဆီသွားနေ"
"ဘာကွ မင်း"
သူဌေးကင်သည် ကင်ဂျိဝွနးအားထိုးရန်ပြင်လိုက်သော်လည်း အနောက်ကနေ ဆွဲထားသောလက်တစ်စုံကြောင့် မထိုးဖြစ်လိုက်။
"ဆောဂျောင်း"
"အော် မေတ္တာရှင်မြေးခွေးမကြီးပဲ။ ဘာလဲ အခုမှမေတ္တာရှင်လုပ်ပြနေတာလား"
"မင်း"
"အစ်ကို"
သူဌေးကတော်သည် ဒုတိယအကြိမ်မြောက်တားသံကြောင့် သူဌေး၏လက်သည် ဂျောင်ဝွန်း၏ အိကျ်ီကိုဆွဲထားရာမှဖြုတ်လိုက်သည်။
" ယွန်ဂျောင်ဝူး ငါ့ကိုအခန်းထဲလိုက်ပို့"
"ဟမ် ဟုတ်"

ဂျီဝွန်းနှင့် သူအပေါ်ထပ်ကိုတပ်လာခဲ့သည်။အောက်ထပ်တွင် သူဌေးကတော်တို့ အခန်းဆီဝင်သွား၏။ အခုချိန်မှာသူစိတ်ပူသည်က ခင်ဒန်သာ ဂျီဝွနးပြောသည့်စကားများကြားသွားရင်။ဘယ်သားသမီးမဆို မိဘအားစော်ကားသည်ကို မကြိုက်ကြ။သို့ပေမဲ့ အခန်းတွေက အလုံခန်းဖြစ်သောကြောင့် စိတ်သက်သာရာရ၏။
"သွားတော့"
"ဟမ်"
"မင်းတစ်ချိန်လုံး ဟမ် လုပ်နေမှာလား"
"ဟုတ်ကဲ့"
"ဘာ"
"ကျွန်တော်သွားတာ့ပါ့မယ်နော် အဲ့တာဆို"
"အင်း"
ဂျီဝွန်းသည် မရောက်တာကြာသောအခန်းထဲသို့ဝင်ရောက်လာသည့်အခါ လွမ်းစိတ်တို့ပိုလာမိ၏။ အဖေဖြစ်သူ နောက်အိမ်ထောင်ပြုထဲက အိမ်ခွဲနေခဲ့ပြီး မဖြစ်မနေ အိမ်ပြန်လာခိုင်းရင်လည်း ခဏသာလာလည်ပြီးပြန်သွားသည့်သူသည် အခန်းထဲကိုမရောက်ဖြစ်။ သူအခုပြန်လာရတာကလည်း အဖေဖြစ်သူကိုအား စိတ်ဒုက္ခပေးချင်သောကြောင့်ဖြစ်သည်။ သို့ပေမဲ့ အရင်ဆုံး စိတ်ဒုက္ခရောက်သည်ကသူသည်သာဖြစ်၏။
........................................................................
နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်နော်🥺
ပေါ့တယ်နော် Myo Mann Chel
9.5.2023

MyWhere stories live. Discover now