ဇာတ်သိမ်းပိုင်း

15 3 7
                                    

''ဂျောင်ဝူးရာ ကျေးဇူးပြုပြီး ပြန်နိုးလာပါတော့ မင်းပြန်သတိရရင် ငါအရင်မဆိုးတော့ပါဘူး ငါ ငါလေ မင်းကိုဝန်ခံစရာရှိတယ် သိလား အဲ့တာကြောင့်နိုးလာပါတော့ကွာ''
ဆရာဝန်က ပြောသွားသည့်စကားကြောင့်မိမိမှာ ကြောက်ရွံ့နေမိ၏ အတွင်း၃ရက် အကယ်၍သာ သတိပြန်မလည်လာခဲ့ရင်..
ဟင့်အင်း ဂျောင်ဝူးကသူ့အမိန့်ကိုနာခံတဲ့သူ
''သား တစ်ခုခု ထစားပါအုန်းကွာ အခုဆို မင်းဘာမှမစားတာ၂ရက်ကျော်ပြီလေ''
''ဟင့်အင်းအဖေ သားစားနေတဲ့အချိန်ဂျောင်ဝူးနိုးလာပြီး ထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ''
''မင်း အားရှိမှ ​ေဂျာင်ဝူးလေးထွက်မပြေးနိုင်အောင်ဆွဲထားနိုင်မှာပေါ့  သားရယ် ''
''ဟုတ်သားပဲ သားအားရှိမှဖြစ်မှာ မဟုတ်ရင် သားဂျောင်ဝူးကို မဆွဲထားနိုင်လောက်ဘူး အဖေသူလားဂျောင်ဝူးကလေ အားသိပ်သန်တာဗျ''
''အွန်းပါ သားလာ မင်းအားရှိဖို့အတွက်အဖေ အိမ်ကနေပြင်လာတယ် စားလိုက်နော်''
''ဟုတ်''
အဖေပြင်ထားပေးသောထမင်းအားစားနေပေမဲ့ ဘယ်လိုအရသာရှိလဲဆိုတာမသိ အရေးကြီးတာကသူအားရှိနေဖို့သာ..။ ဂျောင်ဝူးရေ ကျေးဇူးပြုပြီးသတိရပါတော့ မင်းမရှိရဂိမနေတတ်တဲ့တဲ့ငါ့အတွက် ကျေးဇူးပြုပြီး..
ထမင်းစားရင်းငိုနေသောသားကြောင့်ရင်ထဲမှာ အဆင်မပြေ မချစ်သည်လည်းမဟုတ်ဘဲနဲ့ အတိတ်က ဖြစ်ရပ်လေးကြောင့် အမုန်းရိပ်ဖုံးနေသော သားငယ်သည် နောင်တရနေသည်ကို ဖခင်တစ်ယောက်အနေနဲ့မကြည့်ရက်နိုင် ဂျောင်ဝူးလေးရေ မြန်မြန်သတိရပြီး ဒီကောင်လေးကို ဖေးမပေးပါကွာ...
....
အဖေပြန်သွားသောကြောင့်အခန်းထဲတွင် မိမိနှင့် ဂျောင်ဝူး၂ယောက်တည်းသာကျန်ခဲ့သည် ေဆးပိုက်တွေချိတ်ထားသောလက်လေးအားမိမိပါးသို့ကပ်ကာ
''ဂျောင်ဝူး မင်းသိလား ငါလေ မင်းကိုစတွေ့တုန်းကဆိုရင်လေ မင်းကိုတအားချစ်ဖို့ကောင်းတယ်လို့ထင်ခဲ့တာ အခုထိကောပဲ မားသာ အဲ့နေ့က accident မဖြစ်ခဲ့ရင် ငါနဲ့မင်းဒီလိုဖြစ်မှာမဟုတ်ဘူး မင်းသိလား မင်းကိုချုပ်ချယ်အနိုင်ယူတာကလေ မင်းကို ငါ့လက်ထဲကနေဘယ်တော့မှထွက်မသွားနိုင်အောင်လို့ တကယ်က မိန်းကလေးတွေ ခေါ်လာတာက ဒီအတိုင်းပဲ မင်းကိုအရွဲ့တိုက်ချင်လို့ အဲ့တုန်းက ငါ့စိတ်တွေအမှောင်ဖုံးနေလို့မင်းကိူအရွဲ့တိုက်မိတာပါ တကယ်ပါ မင်းမကျေနပ်တာတွေ ငါ့ကိုရိုက်နှက်ပြီးပြောချင်ပြောပါ ကျေးဇူးပြုပြီး သတိရလာပေးပါလားဂျောင်ဝူးရယ် မင်းသတိမေ့တာ ၃ရက်ပြည့်ဖို့ စက္ကန့် ၂၀ကျန်တော့တယ် ေကျးဇူးပြုပြီး''
တိတ်ဆိတ်စွာလဲလှောင်းနေသော ဂျောင်ဝူး၏မျက်လုံးမှာ မျက်ရည်စီးကျလာ၏
''ဂျောင်ဝူး ဂျောင်ဝူး ငါပြောတာကြားရတယ်မလား ကျေးဇူးပြုပြီး သတိရလာတော့နော်''
တီ တီ တီ တီ
''ဂျောင်ဝူး ဂျောင်ဝူး သတိထားအုန်းလေ''
ဂျောင်ဝူး၏ ခန္ဒာကိုမှာ တုန်ခါလာသောကြောင့် အရေးပေါ်ခလုတ်အားနှိပ်လိုက်၏
''အရေးပေါ် ကျေးဇူး ပြုပြီး မြန်မြန်လာပေးပါ အခန်းနံပါတ်၇၇ကို မြန်မြန်''
ဆရာဝန်တွေ ရောက်လာကြပီးမိမိအား ဆွဲထုတ်ကြ၏
''လူနာရှင်ရှဂ့်ဝင်လို့မရပါဘူးနော် ငျေးဇူးပြုပြီးထွက်နေပေးပါ''
အချိန်တွေက အခုမှတအားကြာနေသလို ဆရာဝန်တွေရဲ့လုပ်ဆောင်ချက်က နှေးနေတယ်လို့ထင်မိ၏။ တအောင့်ကြာတော့ ဆရာဝန်တစ်ယောက်ထွက်လာ၏
''ဆရာ ဂျောင်ဝူး ဂျောင်ဝူး အခြေအနေအကုန်ပြေတယ်မလားဟင်''
''တောင်းပန်ပါတယ် ကျွန်တော်တိူ့အစွမ်းကုန်ကြိုးစားပေမဲ့ လူနာအသက်ကိုကိုမကယ်နိုင်ခဲ့ပါဘူး   ''
''မဟုတ်ဘူး ဆရာတို့မှားနေတာ''
ဆရာအားတွန်းထုတ်ကာ အခန်းထဲသို့ဝင်လာခဲ့၏
''ဂျောင်ဝူး ဂျောင်ဝူး ငါပြောနေတယ် ထစမ်း အခုချက်ချင် အသက်ရှူပြီး ထလာစမ်း ငါပြောနေတယ်လေ ဟာ တောက်စ် ''
''လူနာစိတ်ထိန်းပါ ''
''မဟုတ်ဘူး မဟုတ်ဘူး အားးးးးးးးး''
ကျွန်တော်ကမ္ဘာသည် မှောင်ရိပ်ကျသွားသလို ကျွန်တော်လည်းအမှောင်ထုဆီသို့...
...............
''အင်းးး'''
''သား နိုးလာပြီလား''
''ဂျောင်ဝူး ဂျောင်ဝူးကော ''
''သားရယ်''
''အဖေ ဂျောင်ဝူးကော''
'''သားရယ် မင်းစိတ်ကိုထိန်းပါအုန်း''
''အဖေ ဂျောင်ဝူးကော ''
''ဂျောင်ဝူးလေး ဆုံးပြီလေသားရဲ့ သတိထားပါအုန်း''
''ဟမ် ဂျောင်ဝူး ဆုံးပြီလား မဖြစ်နိုင်တာ''
''သားရယ် ''
''အဖေ သားမေ့နေတာဘယ်နှစ်ရက်ရှိပီလဲ ''
''၃ရက်ရှိပြီသား''
''အော်..... အဖေသားဂျောင်ဝူးဆီသွားချင်တယ်''
''အဖေလိုက်ပို့ပေးမယ်နော် အခုတော့ ခဏနားအုန်းနော်''
''ဟင့်အင်းအဖေ သားအခုသွားချင်တယ် ''
''အင်းပါ အဖေစီစဥ်ပေးမယ်နော် အဖေဆရာဝန်ကြီးဆီသွားမေးလိုက်အုန်းမယ်''
''ဟုတ်''
မိမိအားစိတ်မချ၍ ခဏခဏ လှည့်ကြညိ့ပြီးထွက်သွားသောအဖေ
''တောင်းပန်ပါတယ် အဖေ သားဆိုးမိုက်မိခဲ့တဲ့အတွက် အခုသားလေ ဂျောင်ဝူးမရှိပဲအသက်မရှင်နိုင်ဘူး သားဂျောင်ဝူးနောက်လိုက်ခွင့်ပြုပါ အဖေ အဖေလည်း ပျော်ပျော်နေခဲ့နော်''
ဂျီဝွန်းသည် စားပွဲပေါ်တွင်တင်ထားသောပန်းအိုးအား ရိုက်ခွဲလိုက်ပြီး
ခလွမ်းးး
ထိုမှအပိုင်းကြီးကြီးလေးကိုယူကာ နှလုံးဝတည့်တည့်သို့တော့ပီး
''ဂျောင်ဝူးရား မင်းမရှိပဲနဲ့ငါ့နှလုံးသားကဆက်ပြီး မခုန်နိုင်သလို ရှင်သန်ဖို့လည်းမဖြစ်နိုင်ဘူး ေဂျာင်ဝူးရေ မင်းအနောက်ကို ငါလိုက်လာခဲ့မယ်နော် ဖြစ်ပျက်ခဲ့သမျှ ငါမှားခဲ့သမျှ အားလုံးကိုမင်းကျေနပ်တဲ့အထိတောင်းပန်မှာမလို့ ကျေးဇူးပြုပြီး ငါ့ကိုစောင့်နေပါတယ် ပြီးတော့လည်းမင်းကို ငါ့အရမ်းချစ်တယ် အသည်းအသက်ရယ်...''
ထို့နောက် ဆေးရုံးကြီး၏အခန်းတစ်ခန်းထဲတွင် သွေးရောင်ဖြင့်ခြယ်သထားငေါ လူနာကုတင်ပေါ်တင် နှလုံးသားတည့်တည့်သို့ ဖန်ကွဲစ စိုက်နေသော ကောင်လေးတစ်ယောက်
........................... ပြီးပါပြီ  ..............................

Myo Mann Chel
19.5.2024( Sunday )
9:33pm
စိတ်ရှည်လက်ရှည် နဲ့စောင့်ပေးကြတဲ့သူတစ်ယောက်စီကိုကျေးဇူးအထူးတင်ပါတယ်။လိုအပ်ချက်တွေအများကြီးရှိတာတောင်စောင့်ပေးတဲ့အတွက်ကျေးဇူးပါ😍😍
Btw တုတ်ဆောင်ထားတယ်နော်😁😁😁

You've reached the end of published parts.

⏰ Last updated: May 20 ⏰

Add this story to your Library to get notified about new parts!

MyWhere stories live. Discover now