အပိုင်း ၂

93 8 13
                                    


ကျောင်းဆင်းသည်နှင့် ထွက်သွားချင်သော်လည်းမထွက်သွားနိုင်သေးသည့် အိမ်သို့ ပြန်လာမိ၏။ ထို့နည်းတူ သခင်လေး ကင်ဂျီဝွန်းဆီမှ ထွက်ပြေးချင်သော်လည်းထွက်မပြေးနိုင်သေးသည့်သူ
“ယွန်ဂျောင်ဝူး”
ကျွန်တော်ချစ်ရသော ဒါမှမဟုတ် အကြောက်ရဆုံးသော အမျိုးသား၏အသံ။ ချက်ချင်းဆိုသလို အသံလာရာဘက်သို့ အသံပိုင်ရှင်အားလိုက်ရှာသည့်အခါ ခြံထဲရှိထိုင်ခုံထဲတွင်ပေါ်တွင် ထိုင်နေသည့် သူအားတွေ့ပါသည်။
“ သခင်လေး ဘာခိုင်းမလို့လဲ”
“ငါ့ကို‌ရေတစ်ခွက် ယူလာပေး”
“ ဗျာ ဟုတ်ကဲ့”
သခင်လေးထိုင်နေသော စားပွဲပေါ်တွင် ရေခွက်ထဲတွင် ရေအပြည့်ရှိသော်လည်း သူ့အားရေထပ်ခပ်ခိုင်း၏။ အဘယ်ကြောင့်ခပ်ခိုင်းသည်ကို မသိချင်တော့ပါ ထုံးစံအတိုင်းသူ့အား သက်သက်ခိုင်းချင်သောကြောင့်ဖြစ်ပေလိမ့်မည်။သိုပေမဲ့ အိမ်ထဲသို့ဝင်လာခဲ့သည်။ဧည့်ခန်းတွင် အစ်ကိုမင်ဂရူးဖြင့်ဆုံလေသည်။
“‌‌ဂျောင်ဝူးရေ မင်းကို သူ‌ဌေးခေါ်နေတယ်”
“ဟုတ် ကျွန်တော် လာခဲ့ပါ့မယ်”
“ သူ‌ဌေးက အခုခေါ်နေတာကွ ဘာမှလုပ်စရာမရှိရင် တစ်ခါတည်းလိုက်ခဲ့လေ”
“ အဲ့တာကလေ”
ငါဘယ်လိုလုပ်ရပါ့မလဲ။ သူဌေးကလဲ ခေါ်နေတယ် သခင်လေးကလည်းရေယူလာခိုင်းတယ်၊။သူဌေးကငါ့ကျေးဇူးရှင်ဆိုတော့။ အင်း ဘာပဲဖြစ်လာလာ ငါသွားလိုက်ပါ့မယ်လေ
“ ဘာမှမရှိဘူး အစ်ကိုမင်ဂရူး သူဌေးက စာဖတ်ခန်းထဲမှာလား”
“ဟုတ်တယ်”
“အဲ့တာဆိုကျွန်တော်သွားလိုက်ပါ့မယ်”
“အေး အဲ့တာဆို အစ်ကိုလည်း သူဌေးကတော်ကိုသွားခေါ်လိုက်အုန်းမယ်”
“ ဟုတ်အစ်ကို ဂရုစိုက်သွားပါနော်”
အစ်ကိုမင်ဂရူးနဲ့ စကားပြောပြီးနောက် သူဌေးရဲ့စာဖတ်ခန်းသို့ သွားသော်လည်း စိတ်လေးနေမိသည်။
“သူဌေး ကျွန်တော်ကိုခေါ်တယ်ဆိုလို့”
သူဌေးသည်သူ့မြင်သည်နှင့် အလုပ်တွေကိုခဏရပ်ကာ ဆိုဖာပေါ်သို့ လမ်းလျောက်သွား၏
“ ရပ်မနေနဲ့ လာထိုင်လေ”
“ဟုတ်ကဲ့ “
ဂျောင်ဝူးသည် လည်း ဝင်ထိုင်လိုက်ပြီးသည်နှင့် သူဌေးက စကားစပြောလေသည်။
“သားကို အန်ကယ် အကူအညီတောင်းချင်လို့”
“ဘာလဲဟင် သူဌေး”
“ အင်း... ဆောဂျောင်းရဲ့ သားအငယ်ကောင် အခု ကိုရီးယားမှာ ကျောင်းလာတက်တယ်လို့ပြောတယ် “
ဆောဂျောင်းက သူဌေးရဲ့ ဒုတိယအမျိုးသမီးလေ။ သူဌေးရဲ့ပထမအမျိုးသမီးက ဆေးရုံအပြန်လမ်းမှာ သူ့မိဘတွေနဲ့အတူ ယာဥ်တိုက်မှုကြောင့်ဆုံးပါးခဲ့တာ။ အဲ့တာကြောင့် သခင်လေးကင်ဂျီဝွန်းက သူ့ကိုမုန်းနေတာလေ
“ဟုတ်ကဲ့ “
“သူ့သားနဲ့ အတူမနေရတာကြာပြီဆိုတော့ သူ့သားကို ဒီအိမ်မှာခေါ်ထားမလို့တဲ့”
“အော်ဟုတ်ကဲ့”
“အဲ့တာ မင်းသူလိုအပ်တာတွေကူညီပေးလိုက်အုန်း ပြီးတော့လည်း ဂျီဝွန်းဒီလာတဲ့အချိန်ပြဿနာမဖြစ်အောင် မင်းကပဲကူညီပေးပေါ့”
စကားပြောနေရင်း တံခါးဖွင့်သံကပုံမှန်ထက် ကျယ်လောင်သောကြောင့်လှည်ကြည့်မိ၏
...........
ယွန်ဂျောင်ဝူးအား ရေယူလာရန်ပြောသော်လည်း ပေါ်မလာတာကြောင့်စိတ်တိုနေရ၏။ထို့အချိန်တွင် ဟိုအမျိုးသမီး၏အနားတွင်အမြဲတမ်းရှိပြီး အဖေဖြစ်သူ၏ လူရုံတော်မင်ဂရူးအား မြင်သောကြောင့်
“ ယွန်ဂျောင်ဝူးကော”
နားပါးလွန်းသည့်မိမိသည် အသံလာရာကို ကြည့်မိတော့ အစ်ကိုလေးဂျီဝွန်းအားတွေ့ပြီး ပတ်ဝန်းကျင်တွင်သူကလွဲပြီးမရှိသောကြောင့်
“သူဌေးဆီသွားပါတယ်ဗျ”
“တောက်”
သူ့ကိုအလေးမထားပဲ တစ်ခြားသူကိုအရေးပေးနေတာကြောင့် ဒေါသထွက်မိသည်။ ထို့ကြောင့်ခြေလှမ်းကျဲကျဲဖြင့် ဖခင်၏ စာဖတ်ခန်းဆီသို့ သွားကာ
ခွပ်
တံခါးပွင့်ပွင့်ချင်းသူ့ဆီသို့ ခြေလှမ်းကျဲကျဲဖြင့်လာသူထဲမှ မိမိ၏မျက်နှာပေါ်တွင် ကျရောက်လာသော လက်သီးတစ်စုံ
“ကင်ဂျီဝွန်း မင်းဘာလုပ်တာလဲ”
သားဖြစ်သူထိုးလိုက်တာကြောင့် လဲကျသွားသောကောင်လေးအားဆွဲထင်ပေးမိသည်။
“ ဘာလုပ်ရမှာလဲ အပြစ်ပေးနေတာလေ”
“မင်းကိုသူက ဘာအပြစ်လုပ်ထားလို့ မင်းထိုးရတာလဲ။ မင်းသူ့ကိုအနိုင်ကျင့်ပေါင်းများနေပြီ ဒီလိုပြဿနာတွေရှာချင်ရင် ငါ့အိမ်ပေါ်တက်မလာနဲ့”
“ အော် နောက်မိန်းမရဲ့သားက အိမ်ပေါ်တက်လာတော့မှာမလို့ သားအရင်းတောင်အိမ်ပေါ်ကနေနှင်ချပြီပေါ့။ ရတယ်လေ အဲ့တာဆိုကျွန်တော်ကလည်း အရွဲ့တိုက်ပြီးတော့ကို လာနေအုန်းမှာ စိတ်ချ”
ဒီကောင်လေးဘယ်ကနေဘယ်လိုသိတာလဲ။
သခင်လေးဂျီဝွန်းထိုးလိုက်သည့်အရှိန်ကြောင့် နှုတ်ခမ်း၏ ထောင့်စပ်နေရာတွင် အနည်းငယ်နာကျင်မှုနဲ့အတူ ခံစားမိသော ငံကျိကျိ အရသာ။သူရေလေးမယူလာပေးမိတာက ဒီလောက်ပြဿနာကြီးလို့လား။ဘာလို့လဲ ဘာလို့လဲ ငါ့ကို ဘာလို့မုန်းနေရတာလဲ။
သူတို့သားအဖ၂ယောက်စကားပြောနေတုန်းထွက်ပြေးသွားသည့်ကောင်လေးနောက်ကို သားဖြစ်သူ လိုက်မည်ပြင်နေသောကြောင့်
“မင်း သူ့နောက်ကိုလိုက်ပြီး ဒုက္ခပေးမယ်ဆိုရင် ငါသူ့ကို ဒီအိမ်ကနေထွက်သွားခွင့်ပြုလိုက်တော့မယ်”
ထိုစကားကြောင့် သားတော်မောင်၏ တုံ့ဆိုင်းသားသော ခြေလှမ်းနှင့် အံ့သြတကြီးလှည့်ကြည့်လာ၏။သားဖြစ်သူသည် ထိုကောင်လေးအားမုန်းနေခြင်းမဟုတ်ပဲ ခဏတာအပြစ်ဖို့ချင်နေသောစိတ်အားသူသိပါသည်။ ထိုကောင်လေးအပေါ်တွင်သားဖြစ်သူ၏ သံယောဇဥ်ကြီးမှုကိုလည်းသူသိ၏။
ဖခင်ဖြစ်သူစကားကြောင့် စိတ်ရှုပ်သွားမိသည်။ ယွန်ဂျောင်ဝူးအားထွက်မသွားစေလို့ပါ ဘာလို့လဲဆိုတော့ ထု့ကောင်လေးဟာ သူ့ရဲ့.. သူ့ရဲ့ အစေခံတစ်ယောက်ဖြစ်သောကြောင့်ဖြစ်သည်။ထို့နောက်ကို ခြံထဲတွင်ရပ်ထားသော မိမိကားစီသွားကာ အိမ်မက်ဆိုးတွေအမြဲပေးသောအိမ်ကြီးစီမှထွက်လာခဲ့၏။
ထို့နေ့က အခန်းထဲကနေမထွက်ပဲ တစ်ချိန်လုံးငိုနေသည့်ကောင်လေးတစ်ယောက်ရှိခဲ့လေသည်။
...................................…..…..…...................
                                        Myo Mann Chel
                                        4.5.2023
#ဆားထည့်ခပ်ပြီးဖတ်ပေးပါပေါ့သောကြောင့်😁

အငယ်ကောင်လေးကိုဘယ်သူလို့ထင်လဲမမှန်းတတ်ရင် ကျွန်မလင်လို့မှတ်လိုက်ပါ😌

MyWhere stories live. Discover now