အပိုင်း ၈

22 3 8
                                    

ဂျောင်ဝူးပြန်သွားပြီး နာရီဝက်လောက်ကြာတော့နည်းနည်းမူးလာတာကြောင့်အခန်းကိုသာပြန်လာခဲ့သည်။ အခန်းတံခါးကိုဖွင့်လိုက်ချိန် မြင်လိုက်ရတဲ့မြင်ကွင်းမှာ ဝက်ဝံ pajamasအားဝတ်ကာအိပ်ပျော်နေသည့်သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်မျက်နှာအားအသေးစိတ်ကြည့်ပြီးနှုတ်ခမ်းပါးလေးသို့ အကြည့်ရောက်မိချိန်၌ သောက်ထားသည့်အရှိန်ကြောင့်လားမသိ လည်ပင်းတွေခြောက်ကပ်လာသလို ဖြစ်နေသေူကြောင့် အခန်းထဲရှိရေခရားထဲမှာရေအား ဖန်ခွက်ထဲထည့်ကာသောက်လိုက်၏။ သိူ့သော်မထူးခြားလာပဲ ကိုယ်တွင်းအပူချိန်တက်လာသောကြောင့် အိပ်နေသောသူ၏ နှုတ်ခမ်းအား အကြမ်းနမ်းရှိုက်လိုက်၏
ဂျောင်ဝူးသည်အိပ်နေရင်း အသက်ရှုမဝလာသလိုဖြစ်သောကြောင့် လန့်နိုးလာ၏။ မိမိအားနမ်းရှိုက်နေသောသူအားကြောင့် အတင်းရုန်းကန်နေသောလည်း လူမှာလွတ်လမ်းမမြင်
ဂျီဝွန်းသည် မိမိတွန်းထုတ်လာသောကြောင့် နမ်းနေရာမှခဏရပ်ပြီး
''ဘာလည်း မင်းရဲ့အကောင်မဟုတ်လို့ မင်းရုန်းကန်နေတာလား ဟမ်''
''မဆိုင်တာတွေမပြောနဲ့ ထွက်သွား"
''sorryပဲ ယွန်ဂျောင်ဝူး အဲ ကင်ဂျောင်ဝူးရှီး မင်းကဒီမနက်လေးတင် ငါလက်ထက်ထားတဲ့အမျိုးသားဖြစ်နေပြီ မင်းကိုငါပိုင်နေပြီ အဲ့တော့ မင်းငါ့ကိုဘာမှငြင်းဆန်ခွင့်မရဘူး''
ထို့နောက် မိမိဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် ခွန်အားခြင်းမရတဲ့ အလျောက် သူပြုသမျှနုရ၏။ သူ့အားတွန်းမထုတ်နိုင်သည့် မိမိအားမိမိကိုယ်မုန်း၏။ အဓိကအားဖြင့် သူ့အားအသဲတမျှချစ်မိတဲ့ မိမိနှလုံးသားကိုပိုမုန်း၏။
....................
မနက်ခင်းလေး၏နေရောင်သည် သာယာစွာမိမိကိုယ်ပေါ်လို့ကျရောက်လာမှုကြောင့် နိုးလာ၏။ မိမိ၏ ဘယ်ဘက်ခြမ်းတွင် မိမိအားကျောခိုင်း၍အိပ်နေသောသူမှာ မိမိကြောင့်ရသော အမှတ်သားလေးများနှင့် ကိုယ်ပေါ်တွင်အချို့နေရာ၌ လွှမ်းခြူံထား၏။ထိုအချိန်၌
"အင်း....."
"နိူးပြီလား"
''ဟုတ်ကဲ့ ''
''အဲ့တာဆို ငါ့အတွက်မနက်စာပြင်လာပေး''
''ဟုတ်ကဲ့''
လူမှာလုပ်ချင်စိတ်မရှိအောင်ပင်ပန်းနေပါသော်လည်း နှလုံးသားရဲ့အရှင်သခင် အမိန်ကြောင့်အားတင်းကာ ထရပ်လိုက်သော်လည်း အားမရှိတာကြောင့်လူမှာရိုင်နဲ့သွား၏။
"ကျစ်. အားကဒီလောက်တောင်မရှိရလား စောစောစီးစီး ကျက်သရေမရှိ သွားအခုချက်ချင်းအပြင်ထွက်ပြီး မနက်စာပြင်''
''ဟုတ်ကဲ့ ''
''အော်ပြီးတော့ မင်းနဲ့ငါ၂ယောက်တည်းရှိချိန်ဆို သခင်လေးလို့ပဲခေါ် တခြားလူ​တွေရှေ့ မှ ယောကျာ်း လိူ့ခေါ်''
''ဟုတ်ကဲ့ သခင်လေး ''
''သွား..မြန်မြန်သွားပြီးမနက်စာပြင်တော့''
''ဟုတ်ကဲ့သခင်လေး''
ဂျောင်ဝူးသည်အားတင်းကာမနက်စာသွားပြင်ဖို့လုပ်၏။ အပြင်ဘက်ပိုင်းတွင်လည်းနာကျင်ရပေမဲ့ နှလုံးသားထဲကရတဲ့နာကျင်မှုက အဆပေါင်းများစွာသာ၏။ သူ၏ သခင်လေးမှာသူ့အားနာကျင်အောင်လုပ်ရသည်ကိုတော်တော်သဘောကျပုံရ၏။
.............
"ကျွန်တော်တို့အိမ်ခွဲနေမယ်"
''မင်းကိုငါမယုံဘူး"
''ဘာဆိုင်လဲ အိမ်ထောင်ကျသွားလို့အိမ်ခွဲနေတာလေဘာတွေမယုံမကြည်ဖြစ်နေတာလည်း''
''အေးမင်းတစ်ယောက်တည်းဆိုယုံတယ် ဂျောင်ဝူးပါလို့ကိုမယုံတာ မင်းဂျောင်ဝူးကို အနိုင်ငျင့်မှာမလား''
''ကျွန်တော်လက်ထပ်ထားတဲ့သူ ကျွန်တော်ပိုင်တဲ့အရာကို ကျွန်တော်ဟာကျွန်တော်နှိပ်ဆက်ချင်နှိပ်ဆက်မယ်အနိုင်ကျင်ချင်ကျင့်မယ် အဖေအကြောင်းမဆိုင်ပါဘူး"
"မင်းအခုလိုလုပ်မယ်ဆိုရင်အိမ်တွင့်အကြမ်းဖက်မှုနဲ့တရားဆွဲလို့ရတယ်"
''သူက တရားကောဆွဲနိုင်မှာတဲ့လား ဟက်."
ဘေးတွင်ကျောက်ရုပ်ပမာ ငြိမ်သက်နေသောသူအားကြည့်မိ၏။ ထိုသူမှာမိမိဘာပဲပြောပြောလွန်မဆန်နိုင်သောသူ တစ်ယောက်ဖြစ်သည်ကို အဖေမသိပါ။
"ဘာပြောပြောနက်ဖြန်ဆို ကျွန်တော်တို့ပြောင်းမယ်"
''ဟမ်''
ထိုအချိန်လုံးငြိမ်သူမှာ ထိုအခါမှအသံထွက်လာ၏။
" နက်ဖြန်လား''
'အကုန်ပြင်ဆင်ထား''
''ဟုတ်ကဲ့''
ဘာလိုလိုနဲ့အနှစ်၂၀ကေျာ်နေလာသည့်အိမ်ကနေဘာလိုလိုနဲ့ထွက်သွားရတော့မယ် အမြဲတမ်ထွက်သွားဖို့ရည်ရွယ်ထားပေမဲ့ တကယ်တမ်းခွဲခွာရမယ်ဆိုတော့သံယောဇဥ်တွယ်မိ၏...
..........................................................
Myo Mann Chel
9.5.2024
upလိုက်ပြီဗျို့ အဆင်ပြေပါ့မလားမသိပေမဲ့

MyWhere stories live. Discover now