အပိုင်း ၆

48 6 7
                                    


ဒီနေ့ အလုပ်ကိစ္စအတွက် စီးပွားရေးပါတနာတွေနဲ့အတူ နေ့လည်စာလာစားတာ သီးသန့်အခန်းယူထားတဲ့အတွက် အလုပ်ကိစ္စတွေကိုလွတ်လွတ်လပ်လပ်ပြောဖြစ်ကြတယ်။

""အဲ့တာဆိုရင် ကျွ်တော်တို့ ပရောဂျက်ကိုဒီတစ်ပါတ်စလိုက်ကြတာပေါ့"

"အင်း ကေင်းတယ်"

"စားပြီးပြီဆိုတော့ပနကြတာပေါ့ အလုပ်လဲရှိသေးတယ်လေ"

"ဟုတ်ကဲ့ "

အားလုံးနဲ့အတူတူထွက်လာတဲ့အချိန် ဆိုင်ရဲ့ထောင့်စွန်းပိုင်းမှာ ရင်းနှီးတဲ့ပုံရိပ်ကြောင့်ကြည့်မိလိုက်တော့ ယွန်ဂျောင်ဝူးဖြစ်နေတယ်။သူ့ရှေ့မှာက ဒိုဟ ဆိုတဲ့တစ်ယောက်။တောက်စ် ဒီလောက်ပြောထားတာတောင်တွေ့ဖြစ်အောင်တွေ့နေသေးတယ်။ဒေါသအလျောက်ပြုမူရင် လုပ်ငန်းရှင်တွေကြားမျက်နှာပျက်မှာကြောင့် ဒေါသကိုထိန်းကာ ဆက်လျှောက်မိ၏။

.................

ဒီနေ့ဒိုဟမွေးနေ့မလို့ ၂ယောက်တည်းအပြင်ထွက်လာမိသည်။ ကင်ဒန်နဲ့ဂျေးက အမေရိကန်ကို ခဏပြန်သွားလို့ မလာနိုင်။ဒီနေ့က ဒိုဟနဲ့တစ်နေကုန်လျှောက်လည်မည်ဟု မွေးနေ့မတိုင်ခင်ထဲက တောင်းဆိုထားသော‌ကြောင့် လျှောက်လည်တာအခုဆို ည၁၀နာရီကျော်သည့်အတွက်အိမ်သို့ပြန်လာလိုက်သည်။

"ဂျောင်ဝူး ဒီနေ့အတွက်ကျေးဇူးပါ"

"ကျွန်တော်ကတောင်ကျေးဇူးတင်ရအုန်းမှာပါ။ အော်ဒါနဲ့မွေးနေ့လက်ဆောင်က ဘာယူမလဲ"

"နောက်မှတောင်းမယ်"

"နောက်မှဆိုရင် ကျွန်တော်ပေးနိုင်တာပဲတောင်းနော်"

"အင်းပါ ဂျောင်ဝူးပေးနိုင်တာပဲတောင်းမှာပါ။"

အခုတော့ကိုယ်ဖွင့်ပြောဖို့မရဲသေးဘူးဂျောင်ဝူး။ မင်းလေးရဲ့မွေးနေ့ကျရင်တော့ကိုယ်တောင်းမယ်မွေးနေ့လက်ဆောင်ကို။

"ဒိုဟ ဒိုဟ"

"ဟင်"

"အဲ့တာဆိုကျွန်တော်ဝင်ပြီနော်"

"အင်း အဲ့တာဆို bye GNနော် အိမ်ရောက်ရင်ဖုန်းဆက်လိုက်မယ်။ အိမ်မက်လှလှမက်ပါစေ"

MyTempat cerita menjadi hidup. Temukan sekarang