အပိုင်း၉

13 3 2
                                    

အခုဆိုရင် သခင်လေးရဲ့တိုက်ခန်းကိုပြောင်းလာတာ၁ပတ်ကျော်ရှိလာပြီဖြစ်သည်။ ၁ပတ်ကျော်ကာလအတွင်း သခင်လေးသည် အိမ်ကိုနောက်ကျမှပြန်လာတတ်ပြီး မထင်ရင်မထင်သလို ရိုက်နက်တတ်၏။ အခုလည်း ၁၁နာရီကျော်ရှိပြီဖြစ်သော်လည်း ပြန်မလာသေး။ထမင်းစားခန်းရှိညစာမှာလည်းအေးစက်လို့နေပြီ။ နက်ဖြန် မနက်ပိုင်းtutorial ဖြေစရာရှိလို့ စောစောအိပ်ချင်ပေမဲ့မအိပ်ရဲ ဘာလို့ဆိုအရင် သူပြန်မလာသေးခင်အိပ်မိလို့ အိပ်နေရင်း နိုးပြီး အရိုက်ခံထားရသေးသည်မဟုတ်လား။နာရီဝက်လောက်ကြာတော့ password ရိုက်သံကြောင့် တံခါးနားသို့သွားလိုက်သည့်အခါ သူနဲ့အတူဝင်လာသည့်မိန်းကလေးတစ်ဦး နစ်ယောက်ယောက်တည်းရှိသည်ဟုထင်နေကြသောသူတို့၂ဦး ကြောင့်ရင်ဘက်ထဲကနာကျင်ရပါသည်။မိမိအားဘာမှမပြောပဲ အခန်းထဲသို့ဝင်သွားကြသူ၂ဦးကြောင့် ဒီညတော့ဧည့်ခန်းမှာသာ အိပ်စက်ရပါသည်။
......................
မနက်နိုးနိုးချင်း ညကငိုထားသည့်အရှိန်ကြောင့် ခေါင်းနောက်နေရပါသော်လည်း သခင်လေးအတွက်မနက်စာပြင်ပေးရအုန်းမည်ဖြစ်သည့်အတွက် ကြိုးစားထကာ မီးဖိုချောင်အတွင်းသို့ဝင်ကာ သခင်လေးစားလေ့ရှိသော မနက်စာအား၂ယောက်စာပြင်ဆင်ထားမိပါသည်။ ၈နာရီခွဲလောက် စခင်လေးနှင့် ညကအမျိုးသမီးတို့သည် ဝတ်စုံအပြည့်ဖြင့်ထွက်လာသောကြောင့်
''သခင်လေး မနက်စာ.''
မိမိစကားတောင်ဆုံးအောက်ပြောခွင့်မရပဲ ထွက်သွားသောသူကြောင့် ရင်ထဲတွင်ဝမ်းနည်းမှုကလိုက်ခနဲဝင်လာမိ၏။ tutorial ဖြေဖို့ နောက်ကျနေသည့်အတွက် ဝမ်းနည်းမှုကိုနောက်ထားပြီး ကျောင်းငွားဖို့ပြင်ဆင်ရပါ၏။
........
စာဖြေပြီးနောက် အားလုံး canteenသို့ အဖွဲ့လိုက် စုထိုင်နေမိ၏
'' ေဂျာင်ဝူး မင်းဘာလို့ ဒီနေ့နောက်ကျတာလဲ  ငါကမင်းမလာတော့ဘူးထင်နေတာ''
''ညက အိပ်တာနောက်ကျသွားလို့ပါဂျေး''
''အဆင်ပြေရဲ့ ဂျောင်ဝူး''
''အွန်းပြေပါတယ် ဒိုဟရ''
မင်းအဆင်မပြေတာငါသိတယ်ဂျောင်ဝူး မင်းမျက်နှာကိုအရိပ်တကြည့်ကြည့်ကြည့်နေရတဲ့သူမို့ မင်းဘာဖြစ်နေတယ်ိုတာငါသိတယ်။ မင်းမသိချင်ရင်ငါမမေးတော့ပါဘူး ဂျောင်ဝူးရယ်
''ဂျောင်ဝူး​​ဖြေနိုင်တယ်မလား''
''အွန်းမင်းကော ခင်ဒန် မေးသာမေးရတာပါ A+ကျောင်းသားဆိုတော့ ''
''အဲ့လိုမပြောပါနဲ့ကွာ''
ခင်ဒန်သည်ရှုက်သွားတာကြောင့် လည်ပင်းကိုလက်နဲ့ပတ်သပ်နေမိသည်။
''တအားမစနဲ့ လည်ပင်းအပွတ်လွန်ပြီး လည်ပိုစောင်းလာအုန်းမယ်"
''ဒိုဟ ''
''ကဲကဲ ငါအခုပြောစရာရှိလို့ လာမဲ့ ကြာသပတေး နေ့ကျရင် အိုလီမွေးနေ့ရှိတယ် လာခဲ့ကျ''
''အွန်း လာခဲ့မယ်လေ ''
ဂျောင်ဝူးသာပြန်ဖြေပြီး ကျန်၂ယောက်က လက်ခံသည့်သဘောအနေနဲ့ခေါင်းငါငြိမ့်ပြ၏။
...................................
ဒီနေ့၇နာရီလောက်နဲ့ အိမ်ကို သခင်လေးပြန်ရောက်လာ၏
''ဂျောင်ဝူး လာခဲ့''
''ဟုတ်ကဲ့ "
ဂျောင်ဝူးသည် ဧည့်ခန်းရှိဆိုဖာပေါ်တွင်ထိုင်နေသော သူ၏အရှေ့ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သခင်လေးပြေမဲ့စကားကိုစောင့်မျှော်နေ၏
''ဒီတစ်ပတ်အတွင်း မင်း ကျောင်းထွက်လိုက်တော့''
''ဟမ်''
"ကျစ် မင်းငါပြောတဲ့စကားကိုနားမလည်ဘူးလား"
''ဘာ ဘာလို့လဲဟင် ကျွန်တော်ကို ဘာလို့ကျောင်းထွက်ခိုင်းရတာလဲ''
''ထွက်ဆိုထွက်ပေါ့ ဘာတွေအရစ်ရှည်နေတာလဲ''
''ကျွန်တော် ကျွန်တော် တောင်းပန်းပါတယ် ေကျးဇူးပြု၍ကျောင်းဆက်တက်ခွင့်ပြုပါ"
''ဒီမှာ ငါရှာထားတဲ့ပိုက်ဆံက မင်းလင်ငယ်နဲ့ပျော်ပါးဖို့မဟုတ်ဘူး။ မင်းကျောင်းပြီးတော့ရောဘာလုပ်နိုင်မှာမလို့လဲ မင်းကအမြဲတမ်းငါ့ကို ခစားနေရမဲ့ ငါ့အစေခံတစ်ယောက်''
ဂျောင်ဝူးသည်စကားပြောပြီးသည်နှင့် အခန်းထဲသို့ဝင်သွားသော်လည်းသူ့အပြောကြောင့် ကျွန်တော်ကြောင်အမိသည်ကျွန်တော်သည် ခုနကအတိုင်းသာကြောင်အနေမိသည်။ ကျွန်တော့်အားထားသည့် သူ၏သဘောထားအားပိုသိလာသည့်အခါ ကျွန်တော်နာကျင်မှုသည် အသစ်လိုပြန်ဖြစ်လာပါ၏။ကျွန်တော်သူ့ကို မုန်းပြစ်လိုက်ချင်သည် ဒါပေမဲ့ကျွန်တော့်နှလုံးသားက ကျွန်တော့်ဆန္ဒအားလစ်လျူရှလျက် သူမှသူပဲဖြစ်နေ၏။ သူ့အားမုန်းပြီးမေ့နိုင်မိရက်က ကျွန်တော်သေမည့်ရက်ဆိုရင်...
.........................................
                Myo Mann Chel
                 10.5.2024
upလိုက်ပြီနော်😁

MyOnde histórias criam vida. Descubra agora