အပိုင် ၇

60 7 0
                                    

ညက အဖြစ်အပျက်တွေကြောင့် အခုချိန်ထိ အလုပ်မသွားသေးပဲ ဂျောင်ဝူးနိုးလာတဲ့အထိစောင့်နေမိသည်။ ညက ထွက်သွားတော့မည်ဆိုသည့်အတွက် မိမိစိတ်ကိုမထိန်းနိုင်ခဲ့ပဲထိုသို့ ပြုမူခဲ့ခြင်းဖြစ်သည်။ နောင်တရလားလို့မေးရင် ဟင့်အင်းသူနောင်တမရ။ဘာကြောင့်နောင်တမရတာလဲဆိုရင် ဂျောင်ဝူးအား လွတ်လပ်စွာပျံသန်းခွင့်မပြုနိုင် သူ့အနားမှာအမြဲနေရပြီး သူ့ဒဏ်ကိုခံရမည်။အတွေးတွေနေတုန်း ဂျောင်ဝူးနိုးလာသည်။

နိုးလာသည်နှင့် ခံစားရသောခံစားချက်ကြောင့်မျက်နှာရွံ့မိသည်။ မျက်လုံးအားဖွင့်ကြည့်လိုက်သည်နှင့် မြင်မိသောမျက်နှာကြောင့် အလန့်တကြားဖြင့် စောင်တွေကိုဆွဲကာ

"ထွက်သွား ထွက်သွား"

နိုးနိုးချင်းစောင်ကိုဆွဲကာမိမိအားထွက်သွားဖို့အော်နေသော သူ

"ထွက်သွားလို့ပြောနေတယ်လေ မကြားဘူးလား"

ပြောကာမှ ကုတင်ပေါ်သို့ တက်လာကာမိမိအားစိုက်ကြည့်ပြီး

"မထွက်သွားတော့ဘာဖြစ်လဲ ကိုယ့်မယားရဲ့ အခန်းမှာ ကိုယ်နေတာ ဘာဖြစ်လဲ"

"ဘာတွေပြောနေတာလဲ"

ကင်ဂျီဝွန်းပြောသည်အား သူလိုက်မမှီတော့

"မင်းနဲ့ကိုယ် ဒီမနက်မှာပဲလက်ထပ်စာချုပ်မှာ,လက်မှတ်ထိုးပြီးပြီ"

"ဘာတွေပြာနေတာလဲ ဘယ်တုန်းကလက်မှတ်ထိုးလိုက်တာလဲ ပြီးတော့ငါကအခုမှနိုးတာလေ"

"စကားမဆုံးသေးခင် ဖြတ်မပြောနဲ့ မင်းဘက်က လက်မှတ်မဟုတ်ဘူး လက်ဗွေနဲ့ ပြီးတော့ငါလို့ပြောတာလဲ ကျွန်တော်လို့ပဲပြော "

ကင်ဂျီဝွန်းပြောတော့မှမိမိ၏လက်အားကြည့်မိတော့ ဆေးပေနေတာအားတွေ့သည်။

ထိုသို့ဖြစ်မည်အားသိသောကြောင့် သူမနိုးခင် ရှေ့နေ ထယ်ရယ်အားခေါ်ကာလက်မှတ်ထိုးထားခြင်းဖြစ်သည်။ယွန်ဂျောင်ဝူးအားပျော်ရွှင်ခွင့်မပေးနိုင်။ ထို့အတူ ဘယ်သူ့လက်ထဲမှလည်းမထည့်ပေးနိုင် ဘာလို့လဲဆိုရင် ယွန်ဂျောင်ဝူးက သူ့အပိုင်ဖြစ်သောကြောင့်ဖြစ်သည်

MyWhere stories live. Discover now