အပိုင်း ၁၁

12 3 6
                                    

5 နှစ်ကြာပြီးနောက်

ဘာလိုလိုနဲ့ ၅နှစ်တောင်ကျော်လွန်သွားပြီ ဂျေးတို့နဲ့ လိုင်းပေါ်မှာသာစကားပြောဖြစ်ပြီးအပြင်မှာမတွေ့ရတာ ၅နှစ်တောင်ကျော်ပြီ ဒီအိမ်က​နေအပြင်ကို ထွက်ခွင့်မရခဲ့တာ ၅နှစ်တောင်ကျော်လာပြီပေါ့ အိမ်လို့သာဆိုပေမဲ့နွေးထွေးမှုမရှိတဲ့နေရာမှာနေနေရတာ မရူးရုံတမယ်ပါပဲ  နွေးထွေးမှုမရှိတဲ့အိမ်ကနေထွက်ခွာမသွားနိုင်ရတာလဲ တစ်ယောက်သောသူကြောင့်
''သခင်လေး''
ကျွန်တော်ပြောတာကိုတစ်ချက်တောင်အရေးမလုပ်ပဲ အလုပ်ဖိုင်တွဲတွေကိုသာစိတ်ဝင်စားစွာကြည့်နေသောသူ
''သခင်လေး ကျွန်တော်ပြောစရာရှိလို ''
''ကျစ် ပြောစရာရှိတာမြန်မြန်ပြော မင်းလို အားယားနေတာမဟုတ်ဘူး''
''ကျွန်တော်ဂျေးတို့ရဲ့ မဂ်လာပွဲလေးတက်ချင်လို့ခွင့်ပြုပေးပါလား''
''မင်းကိုငါဘာပြောထားလဲ''
''ကျွန်တော်သိပါတယ် ဒါပေမဲ့လေ ကျွန်တော့်ကို ဒီတစ်ခါတော့ခွင့်ပြုပေးပါနော်''
''ကျစ် ​ေ* ဇယားကိုရှုပ်တယ်''
''ကျေးဇူး ပြုပြီးဒီတစ်ခါလောက် ''
''ကျစ် ဘယ်နေ့လဲ''
''စနေနေ့ပါ ဒီအပတ်''
''ကောင်းပြီ ဝတ်စရာရှိလား''
''ဟမ် ဟုတ် ရှိ ရှိ ရှိပါတယ်''
''ပြီးပြီမလား ထွက်သွားတော့''
''သခင်လေးခွင့်ပြုတာလား''
''ကျစ် ေ*စကားများလာရင် ငါသွားခွင့်ပိတ်လိုက်မယ်''
''ကျေး ကျေးဇူးပါ သခင်လေး ဘာသောက်အုန်းမလဲ''
''မင်းကိုသွားတော့လို့ပြောနေတယ်''
''ဟုတ် ဟုတ် ဟုတ်ကဲ့''

...................................
''ဂျောင်ဝူး မင်း မင်းတကယ်လာတာလား ငါဝမ်းသာလိုက်တာကွာ ''
''ဟာ သတို့သားကငိုမနေနဲ့လေ''
''ငါ ငါပျော်လွန်းလို့ပါကွာ''
'' ကဲ ငိုမနေနဲ့တော့ တိတ် အော်ဒါနဲ့ congratulation နော်"
"အွန်းပါ Dinner ပွဲထိ နေမယ်မလားဟင် ''
''အဲ့ဒါက''
''ဘာလဲဟိုကောင်ကခွင့်မပြုဘူးလား ငါသွားပြောမယ်"
ထွက်ပြီးသွားပြောတော့မဲ့ ​​ဂျေး ၏လက်အားဆွဲထားရ၏
''အဲ့လိုမလုပ်ပါနဲ့ကွာ ငါ ငါပြောကြည့်လိုက်ပါ့မယ်နော်''
''တကယ်လား''
''အေးပါ ပြောကြည့်မယ်''
''အွန်း ကတိတည်နော်''
''အွန်း ကတိ ငါခန်းမထဲမှာစောင့်နေမယ်နော်''
''အွန်း စောင့်နေနော် ပွဲပြီးတဲ့အထိ''
''အေးပါ ငါသွားပြီ ''
အခန်းပြင်ထွက်လာတော့အခန်းရှေ့မှာ ဒိုဟနဲ့ဆုံသည်
''ဂျောင်ဝူး''
''ဒို ဒိုဟ''
''မတွေ့တာကြာပြီနော်''
''အွန်း ''
''နေကောင်းတယ်မလား ''
''အွန်း''
ဘာလို့ချစ်ဖို့ကောင်နေရတာလဲကွာ
''ဂျောင်ဝူး ငါမင်းကိုပြောစရာရှိတယ်''
''အွန်း''
''တစ်နေရာရာသွားကြမလား"
''အဝေးကြီးတော့မရဘူး ပွဲချိန်လည်းနီးပြီဆိုတော့''
''ဒီအောက်က cafeလေးမှာပဲ''
''အွန်း''
.........
2ယောက်သား cafeမသွားဖြစ်ခဲ့ပဲ အရေးပေါ်လှေကားစီးသာသွါးဖြစ်၏
''ဂျောင်ဝူး အဆင်ပြေလား''
''ပြေပါတယ်''
''မင်းကိုကြည်ရတာအားမရလိုက်တာ အရင်လိုပဲတက်ကြွစေချင်လိုက်တာကွာ''
''ဒါက ငါ့ပုံစံအမှန်ပါပဲ''
''အော် ငါကဘယ်များပျောက်နေတာလဲလို့ လက်စသတ်တော့ လင်ငယ်နဲ့အတူတူရှိနေတာကို မဂ်လာပွဲကိုအကြောင်းပြုပြီး လင်ငယ်နဲ့ချိန်းထားတာကိူ''

MyTempat cerita menjadi hidup. Temukan sekarang