အပိုင်း (၁)

764 78 3
                                    

[Unicode]


Who moved my ashes (1)

Kim Jennie ရဲ့ရင်ဘက်က နိမ့်ချည်မြင့်ချည်နှင့်။ ဒေါသထွက်ထွက်နှင့် ရုံးခန်းထဲ ဟိုဟိုဒီဒီသုံးပတ်လောက် ပတ်လျှောက်လိုက်ပြီးမှ Lalisa ရဲ့ စားပွဲဆီ ပြန်ရောက်လာသည်။ Jennie သည် Lisa ရဲ့စားပွဲပေါ် လက်ထောက်လိုက်ပြီး လက်ညိုးနဲ့ စားပွဲအစွန်ပေါ် တတောက်တောက် ခေါက်လိုက်ရင်း ပြောလိုက်၏။
"ငါ ပြောတာ ဘာလို့ နားမလည်ရတာလဲ ဟမ်။ အဲ့မြေကွက်က ဝယ်သိမ်းထားပြီး ရင်းနှီးမြှပ်နှံလို့ကောင်းတဲ့နေရာမဟုတ်ပါဘူးဆိုနေ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အဲ့နေရာမှာ ဓာတုပစ္စည်းထုတ်စက်ရုံရဲ့အညစ်အကြေးတွေ စွန့်ပစ်ထားတာ။ အဲ့နေရာကိုသာ ဝယ်လိုက်ရင် ငွေအရင်းမြှပ်သွားပြီးတော့ နင့်အဖွားအိမ်ကို လေးဘက်ထောက်ဝင်ရလိမ့်မယ်"

Lisa က Jennie ကို အေးတိအေးစက်တစ်ချက် ကြည့်လိုက်ပြီးတော့
"ငါ ပြောထားပြီးပြီမလား။ ငါ အဲ့မြေကွက်ကို ဝယ်ကို ဝယ်မှာ။ မြေကြီးက မကောင်းတော့ရော ဘာဖြစ်လဲ။ အဲ့မြေပေါ်မှာ ကောက်သွားစိုက်မှာမှ မဟုတ်တာကို"

"ဒါဆို ပြော။ နင် အဲ့မြေကွက်ကို ဘာအတွက်သုံးမှာလဲ။ ငါကို ပြောပြ။ အဲ့မြေကွက်က တခြားဘာများအသုံးဝင်မှာမို့လို့လဲ"

Jennie ၏မျက်ဝန်းတစ်စုံက Lalisa ရဲ့ မျက်ဝန်းထဲ အရှိန်အဝါတစ်ခုနဲ့ စူးစူးစိုက်စိုက် ကြည့်နေသည်မှာ မသိလျှင် သည်နေရာတွင် သူကသာ ရာထူးအကြီးဆုံးလူ ဖြစ်နေသည့်အလား။ Jennie ကတော့ ကိုယ့်ကိုယ်ကိုယ် အတွင်းရေးမှူးအဆင့်ဆိုတာ မေ့သွားပြီထင်ရသည်။ Lalisa ရဲ့မျက်ဝန်းအကြည့်ကလည်း Jennie ထပ် နည်းနည်းလေးမှ မလျှော့။ အကြည့်ပြိုင်ပွဲကြီး အတော်ကြာတော့မှ Lalisa ဆီမှ သရော်လေသံနဲ့ စကားလုံးတွေ ထွက်လာခဲ့သည်။ 
"မပြောပြဘူးဟာ"

Jennie မှာ ဒေါသထွက်လွန်းလို့ သွေးတောင် အန်ချင်သွားသည်။

ဥက္ကဌရုံးခန်း၏ အပြင်ဘက်တွင်ရှိသည့် စီမံခန့်ခွဲရေးရုံးခန်းမှ အတွင်းရေးမှူးတို့မှာ ရုံးခန်းတံခါးကို နားနဲ့ကပ်ထားရင်း ရုံးခန်းအတွင်း စကားများ ရန်ဖြစ်သံကို ခိုးနားစွင့်နေကြ၏။

Who Moved my ashesWhere stories live. Discover now