အပိုင်း (၅)

450 67 7
                                    

[Unicode]


Who moved my ashes (5)

Jennie က အကြောင်းရင်းမရှိဘဲ မဆူတက်သူ မဟုတ်။ ထို့ကြောင့် အဆူခံထိသော Lisa မှာ ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့ရသည်။ အတော့်အတော်ကြာပြီးသော နောက်မှာမှ Lisa စိတ်ပြန်ကပ်သွားပြီး ပြန်မေးနိုင်ရှာသည်။
"Jennie ရယ် ငါ့ကို ရှင်းရှင်းလင်းလင်းပြောပြလို့မရဘူးလားဟင်။ နင် အဲ့လိုတွေ ပြောရအောင် ငါ ဘာအမှားများ လုပ်ထားမိလို့လဲ"

သူ့ကို Jennie က သုံးစက္ကန့်လောက် မော့ကြည့်လာ‌ခဲ့သည်။ ပြီးတော့ Jennie ဟာ မျက်လွှာကို ဖြည်းဖြည်းချင်း ချလိုက်ရင်း အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်တော့မှသာ ရင်ထဲက တင်းကြပ်ဆို့နင့်နေသော ခံစားချက်တို့က ပြန့်လွင့်လုနီးပါး ဖြစ်လာခဲ့၏။ Lisa ကို ပြန်မော့ကြည့်လာသည့်အချိန် ငိုထားသောအရှိန်ကြောင့် ရဲနေသော မျက်ဝန်းများကလည်း သိသိသာသာ။ Lisa မှာ အဲ့မျက်ဝန်းရွဲနှင့် အကြည့်ချင်းစောမိလိုက်၍ တခြားဘာကိုမှ ထပ်မမေးရက်တော့။ နည်းနည်းဝန်လေးနေမိပေမယ့်လည်း ဒီချစ်လှစွာသောအတွင်းရေးမှူး Kim ကို ချော့ကြည့်မှ ဖြစ်မည်မို့ Lisa ခဗျာ အကြည့်ကအစ နူးညံ့ပျော့ပြောင်း‌အောင် လုပ်ယူလိုက်ရသည်။

ချော့စကားပြောဖို့ ပြင်ယုံတင်ရှိသေး အနှီးအတွင်းရေးမှူးမှာ သည်လိုဦးအောင်ပြောလာခဲ့၏။
"ဘာမှမဟုတ်ဘူးရယ်။ မနေ့ညကလေ အိပ်မက်ဆိုးမက်တာလေ။ ငါတို့ကို လူသတ်သမားက လိုက်သတ်တာမျိုးကွာ။ အဲ့အချိန် နင်က ငါကို အရင်တွန်းပစ်ပြီး ထွက်ပြေးသွားလို့။ ဒါကြောင့်ပဲ… အိပ်ရာက နိုးနိုးချင်း ဒေါသထွက်ထွက်နဲ့ နင့်ကို စာရင်းလာရှင်းတာ"

Lalisa: "......."

ဥက္ကဌရုံးခန်းကြီးမှာ ငါးစက္ကန့်နီးပါး တိတ်ကျသွားပြီးနောက်ဝယ် Lisa ရဲ့ ဒေါသတကြီးပိတ်အော်သံကြီးက ပေါက်ကွဲထွက်လာတော့သည်။
"သောက်ကျိုးနည်း‌ဟယ်!!! နင်ရဲ့သောက်ရူးအိပ်မက်ကြောင့် ငါ့ကို လာရိုက်တာပေါ့!!!"

"အဓိပ္ပါယ်မရှိတာ။ ဘာမှမဟုတ်တဲ့ အိပ်မက်တစ်ခုကြောင့် ငါ့လို ကြီးမြတ်တဲ့ ဥက္ကဋ္ဌကြီးက နင်ဆူတာ ခံလိုက်ရတယ်လို့။ အရိုက်လည်း ခံရသေး။ ရပ်လိုက်နော် Kim Jennie။ ငါ နင်နဲ့စကားပြောတာ မပြီးသေးဘူး"

Who Moved my ashesWhere stories live. Discover now