အပိုင်း (၈)

439 65 10
                                    


[Unicode]

Who moved my ashes (8)

Jennie ရဲ့စိတ်ကို လွယ်လွယ်ကူကူ ခွဲခြမ်းစိတ်ဖြာဖို့ရာ မဖြစ်နိုင်ပါ။ အတွင်းရေးမှူး Kim ရဲ့အတွင်းစိတ်က မဟာသမုဒ္ဒရာရဲ့အနက်ရှိုင်းနေရာ၌ နစ်မြှပ်နေသည့် အပ်ချောင်းငယ်အလား အစရှာရခက်လှ၏။ ကုမ္ပဏီတစ်ခုလုံးက အလုပ်သမားများအားလုံး ပေါင်းလျှင်တောင် ခန့်မှန်းနိုင်မည် မဟုတ်ပါလေ။

ညနေခင်း Jennie နှင့် Lalisa တို့နှစ်ယောက် အိမ်ကိုအတူတူ ပြန်လာကြသည်။ Jennie က ခဏတစ်ဖြုတ်တောင် အနားမယူ။ ဟင်းချက်ရန် မီးဖိုခန်းဆီ တန်းဝင်သည်။ မနေ့တုန်းက နောက်သုံးရက်လောက် ကောင်းကောင်းစားလို့ရနိုင်သည့် ဟင်းချက်အမယ်များကို ဝယ်လာခဲ့၏။ ချက်စားသည့် ဟင်းတို့ကလည်း ပေါ့ပေါ့ပါးပါး။ အရွက်ဟင်း နှစ်ပွဲ၊ အသားဟင်း တစ်ခွက်၊ အရည်သောက် တစ်ပွဲနှင့် ညစာစားပြီး အချိုတည်းစရာ အသီးအနှံတို့သာ။ အိမ်ချက်ဟင်းများဖြစ်ကာ အာဟာရဓာတ်လည်း ပြည့်ဝ၏။

ဒီညမီနူးမှာ ပဲပင်ပေါက်ကို ကြက်သွန်မြိတ်နဲ့ မွှေကြော်၊ ဝက်အသားလွှာကို ကြက်သွန်ဖြူလေးနဲ့ မွှေကြော်၊ အသားလုံးကြော်နှင့် ဘူးသီဟင်းခါးချက်လေးသာ ချက်မည်။

Jennie က ဝက်အသားလွှာအား ဝိုင်နီလေးနှင့် နှပ်ထားစဉ် အသီးအရွက်နှင့် ဂျင်းအား လှီးဖြတ်ရင်း အလုပ်များနေတော့၏။ Jennie ရဲ့လှုပ်ရှားပုံက လွန်စွာမြန်ဆန်လှသောကြောင့် သုံးမိနစ်အတွင်းမှာပင် ဟင်းချက်ရန် ပြင်ဆင်ပြီးသွားပြီ။ ထို့နောက် ဂတ်စ်မီးဖိုကိုဖွင့်ကာ အချက်အပြုတ်စတင်တော့သည်။

အိုးထဲသို့ ရေနှင့် ပါဝင်ပစ္စည်းများထည့်လိုက်သည်နှင့် ရှဲခနဲမြည်သံက တစ်ဆက်တည်း ထွက်လာသည်။ Lalisa က အနောက်ကို ချက်ချင်းရောက်လာပြီး ဟင်းချက်ရန် ထုတ်ထားသောကြက်သွန်ဖြူများကို အခွံနွှာ ကူပေးတော့သည်။

Jennie ဟာ သူ့ကို ခဏလောက် ငေးကြည့်မိလိုက်သော်လည်း တခြားဘာမှမ​ပြောလိုက်။ အိုးထဲက ဟင်းကိုသာ ချက်မွှေနေတော့သည်။

Jennie ရဲ့ဟင်းချက်စကေးတို့မှာ စားဖိုမှူးများနှင့် မယှဉ်နိုင်သော်လည်း အလွန်အရသာရှိသည်မှာ အိမ်ချက်လက်ရာများ၏ထိပ်တန်းဟု ဆိုနိုင်သည်အထိ။

Who Moved my ashesWhere stories live. Discover now