အပိုင်း (၁၄)

396 62 5
                                    


Unicode

Who moved my ashes (14)

မနက်ခင်းတွင် Kim Jennie ဟာ ဖုန်းကောတစ်ခုကို ရလိုက်၏။ ပထမတစ်ခေါက်မြည်ချိန် ဖုန်းကိုချက်ချင်းချပစ်လိုက်သော်လည်း တတိယအကြိမ်မြည်လာသည့်အခါ Jennie မှာ မျက်မှောင်ကြုတ်သွားပြီး silent mode ကို ချက်ချင်းပင် ပြောင်းပစ်လိုက်သည်။ တကူးတကဖုန်းမချနေတော့ပါ။

Lalisa လည်း ဘယ်သူခေါ်လာမှန်း မသိသောကြောင့် Jennie အား လှမ်းမေးလိုက်သည်။ 

"ဘယ်သူမှမဟုတ်ဘူး။ သက်သက်အနှောင့်အယှက်ပေးနေတာ။ စားပြီးရင် ကုမ္ပဏီကို သွားရအောင်"
ဟု ပြန်ဖြေလာသော Jennie ရဲ့လေသံမှာ သိပ်မကောင်းလှ။ ဖုန်းခေါ်လာသူနှင့်ပတ်သတ်ပြီး စိတ်အနှောင့်အယှက် တအားဖြစ်နေသည့်ဟန်။

မနက် ၈ နာရီ အိမ်မှ စထွက်သော်လည်း ကားပိတ်ဘာပိတ်နှင့် ၈ နာရီ ၂၀ မိနစ်လောက်ရောက်မှ ကုမ္ပဏီကို ရောက်သည်။ ကုမ္ပဏီအလုပ်သည် မနက်ခင်း ၉ နာရီမှ တရားဝင်စတင်သော်လည်း ဥက္ကဌနှင့် အ‌တွင်းရေးမှူးချုပ်အနေဖြင့် ‌အလုပ်စောစောလာ၍ လူအများရဲ့စံပြတစ်ရပ် ဖြစ်လာရမည် မဟုတ်ပါလား။

ကုမ္ပဏီကို ရောက်ရောက်ချင်း တစ်နာရီလောက်နီးပါး ဟိုလုပ်သည်လုပ်နှင့် Jennie တစ်ယောက် အလုပ်ရှုပ်နေတော့သည်။ ဦးစားပေးလုပ်ဆောင်စရာကိစ္စများ ပြီးလို့ ခဏလောက် အနားရပြီဆိုကာမှ ဖုန်းက နောက်တစ်ကြိမ် ထပ်ခေါ်လာခဲ့ပြန်သည်။

Jennie မှာ မျက်မှောင်ကြုတ်လို့ နောက်တစ်ကြိမ် ထပ်ချလိုက်သော်လည်း တစ်မိနစ်အကြာ ဖုန်းက ဘာဘရိတ် တစ်ချက်မြည်လာခဲ့သည်။

စာအသစ်ရောက်ကြောင်း noti ဝင်ခြင်းဖြစ်ကာ Jennie လည်း စာတော့ ဖွင့်ကြည့်လိုက်ပါသည်။

—ငါ နင့်ကုမ္ပဏီရဲ့အောက်မှာ။ နင် မထွက်လာရင် ငါတက်လာမှာ။

တချို့လူတွေများနော်....
ဘယ်လိုပဲ လျစ်လျူရှုထားထား... ကိစ္စက မပြီးပြတ်နိုင်။ Jennie မှာ သည်ကိစ္စနှင့်ပတ်သတ်၍ ဖုန်းခေါ်ခဲ့ပြီး စကားတွေအများကြီး ပြောထားခဲ့ပေမယ့် တစ်ဖက်လူက လက်လျော့ချင်ပုံမရ။ အခြေအနေကို ပိုဆိုးရွားအောင် လုပ်လာပြန်သည်။

Who Moved my ashesWhere stories live. Discover now