အပိုင်း (၁၀)

410 68 14
                                    

[Unicode]

Who moved my ashes (10)

Lalisa ပြောလာသော ရိုးရှင်းလှသည့်ထိုစကားစုလေးမှာ သူ မက်နေကြအိပ်မက်ဆိုးများထက်ပင် ပိုကြောက်ဖို့ကောင်းနေခဲ့သည်။ Jennie မှာ ဘယ်လောက်ပင်ကြိုးစားပြီး အိပ်အိပ်၊ လုံးဝအိပ်မပျော်နိုင်ခဲ့ပါ။

Lalisa က ပြောတဲ့စကားတိုင်း တစ်သွေမတိမ်းလုပ်တတ်တဲ့လူဟု ဆိုရမည်။ သဘောကောင်းပြီး ညှိနှိုင်းရလွယ်သူ ဖြစ်သော်လည်း အသေးအမွှားကိစ္စတွင်သာ အဆင်ပြေ၏။ ကိစ္စက ကြီးမားနေလျှင် တစ်ပါးသူက မည်မျှပင်နားချနေပါစေ ခေါင်းမရွေ့တက်သူလည်း ဖြစ်နေပြန်သည်။

Jennie ရဲ့အသက်ရှူနှုန်းတို့က တရွေ့ရွေ့နှင့် ပေါ့ပါးတည်ငြိမ်လာခဲ့လျက်။ သာမန်ကာလျံကာ ကြည့်ကြည့်ပါက အသက်ရှုနေသလားဆိုတာကိုတောင် မသေချာလှ။ အချိန်ကြာလာသည်နှင့်အမျှ သူ့ရဲ့အသက်ရှူနှုန်းက ပေါ့ပါးလာခဲ့ပြီး နှလုံးခုန်နှုန်းကလည်း ဖြေးညှင်းလာခဲ့၏။ စိတ်ထဲငြိမ်သက်လာရင်း ရှုပ်ထွေးနေသောအတွေးများမှာ တစတစနှင့် ကြည်လင်လာခဲ့လျက်။ အချိန်များ ဘယ်လောက်တောင် ကြာသွားလဲ မသိနိုင်သော်ငှား အပြင်ဘက်ရှိ အပြာရင့်ရောင်ကောင်းကင်ကြီးအရ အာရုံတက်လာပြီဖြစ်ကြောင်း ပြသလို့ နေ၏။ Jennie ဟာ မျက်လုံးကိုဖွင့်လို့ ဘေးတွင်အိပ်နေသော Lalisa လေးကို ကြည့်လိုက်မိ၏။

Lalisa က အိပ်မောကျလျက်ရှိနေဆဲကြောင့် မျက်နှာတစ်ဝက်လောက်ဟာ ခေါင်းအုံးထဲနစ်လို့နေပြီး ဆံပင်အနည်းငယ်ကလည်း နားရွက်ပေါ် ပြန့်ကျဲလို့ နေခဲ့သည်။ Jennie ဟာ လက်ကို သတိကြီးကြီး ဆန့်ထုတ်လိုက်ပြီး ဆံပင်များကို နားရွက်နောက်ဆီ သပ်ပေးလိုက်သည်။ ပြီးနောက် Lalisa ရဲ့ဘေးသို့ ပိုတိုးကပ်လိုက်ပြီး ဘေးဘက်ကနေ တိုးဖက်ထားလိုက်သည်။

အရမ်းနွေးတာပဲ...

Jennie ဟာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနောက် မျက်လုံးကိုပါ မှိတ်လိုက်သည်။

---တခြားဟာတွေ အရေးမကြီတော့းဘူး။

---ငါ လုပ်ကိုလုပ်ရမယ်။ မတော်တဆမှန်သမျှကို ကျော်လွှားနိုင်ရမယ်။ နင့်ကိုလည်း ဘေးကင်းအောင် စောင့်ရှောက်မယ်။ နင်လည်း ဘေးကင်းကင်းနဲ့ ငါနဲ့အတူတူ ဆက်အသက်ရှင်သွားရမယ်။

Who Moved my ashesWhere stories live. Discover now