အပိုင်း (၄)

454 69 7
                                    

[Unicode]

Who moved my ashes (4)

တကယ်တမ်း သေခြင်းတရားဟာ နာကျင်မှုမှန်သမျှရဲ့ချုပ်ငြိမ်းရာ မဟုတ်ခဲ့ပြန်။

Jennie မှာ ထိတွေ့နိုင်စရာခန္ဓာမရှိ၊ အာရုံငါးပါးလည်း မရှိနေတာတောင် လက်ဆုပ်လက်ကိုင်ပြစရာမရှိသော နှလုံးသားကနေ ဖြစ်ညစ်ထားသလို ပြောမပြတက်အောင် နာကျင်လာခဲ့ရ၏။ သည်နာကျင်မှုတွေက သူ့အား ဆွဲချနေသလိုမျိုး၊ ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျသွားရလျက်။

သူ ငိုချင်တယ်… ငိုချင်တယ်…

သို့ပေသည့် သူ့မှာ မျက်လုံးလည်း မရှိသလို မျက်ရည်အိတ်လည်း မရှိနေ။ ထို့ကြောင့် မျက်ရည်လည်း မကျလာခဲ့။

သူ ဘယ်လောက်ပဲ တံခါးကို တဒုန်းဒုန်းထုထု။ အော်ဟစ်ရင်းနဲ့ ဘယ်လောက်ပဲအကူအညီ တောင်းနေပါစေ၊ အပြင်လောကကြီးဟာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်‌နေခဲ့သည်။ Lisa ရဲ့အသက်ရှုနှုန်းက တဖြည်းဖြည်းချင်း နှေးသွားသည့်မြင်ကွင်းကို Jennie မှာ သည်အတိုင်း ရပ်ကြည့်နေရသည်။

အရမ်း ကြောက်စရာကောင်းတာပဲ…

သူ အသတ်ခံလိုက်ရတာထက် ပိုရက်စက်ဖို့ကောင်းသော မြင်ကွင်းကို Jennie မှာ ဘာတစ်ခုမှ မလုပ်နိုင်ဘဲ ရပ်ကြည့်နေရသည်။

နောက်ဆုံးအသက်ရှုရပ်တော့မယ့်အချိန် အပြင်မှာ လှုပ်ရှားနေသော အသံသဲ့သဲ့ကို Lisa ကြားလိုက်ရသည်။ လေးလံနေသည့်မျက်ခွံကို ခက်ခက်ခဲခဲဖွင့်ကြည့်မိတော့မှ သူ အမြဲတွေ့ချင်နေပါလျက်နဲ့ အိပ်မက်ထဲမှာတောင် မပေါ်လာသော လူသားလေးက သူ့ရှေ့မှာ ရပ်နေတာကို မြင်လိုက်ရသည်။ အဲ့မိန်းကလေးက Lisa ကိုယ်တိုင်ဝယ်ပေးထားခဲ့သော မတော်တဆနေ့က ဝတ်ထားသည့်အင်္ကျီကို ဝတ်ဆင်ထားဆဲ။ Lisa က အဲ့အင်္ကျီကို Jennie အတွက် ပေးခဲ့စဉ်အချိန်က ပိုက်ဆံတွေကို လျှောက်မဖြုန်းဖို့ ပညာပေးတာ ခံခဲ့ရသေးသည်။ သူက စေတနာနဲ့ပေးပေမယ့် အကောင်းလည်း အပြောမခံရ။ အပြစ်တင်ခံ၊ အဆူခံရသေးသည်။ သို့ပေသည့် ခဏအကြာ အစ်မကြီး Jennie ဟာ အင်္ကျီလေးကို ဝတ်ထားပြီး သူနဲ့လိုက်၊ မလိုက် ကြည့်ကောင်း၊ မကောင်း လာမေးနေပြန်သေးသည်။ အင်္ကျီလေးက Jennie ရဲ့ကောက်ကြောင်းကို ထင်းခနဲ့ဖြစ်သွားတဲ့အထိ အထူးတလည်ကို လိုက်ဖက် ပြီးပြည့်စုံနေခဲ့လျက်သား။

Who Moved my ashesWhere stories live. Discover now