အပိုင်း (၁၅)

358 46 1
                                    


Unicode

Who moved my ashes (15)

အတွင်းရေးမှူး Park ရဲ့ဟိန်းဟောက်သံကြီးကြောင့် ရုံးတစ်ခုလုံးပင် မြေငလျင်လှုပ်သွားသည့်အလား။ ထို့နောက် ရုံးခန်းတစ်ခုမှာ သုံးစက္ကန်လောက်ပင် တိတ်ဆိတ်သွားတော့သည်။ ပထမဆုံး ပြန်တုံ့ပြန်လာသူမှာ လီယောင်ဆုသာ။ သူ့ရှေ့တွင် ပိတ်ရပ်နေသည့် လုံခြုံရေးယောက်ျားလေးများဆီမှ ခွာ၍ အတွင်းရေးမှူး Park ဆီသို့ ဦးတည်သွားတော့သည်။
"နင်က ဒီကခေါင်းဆောင်လား။ ငါ နင်တို့ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ Kim Jennie ဆိုတဲ့ကောင်မကို တိုင်ချင်တယ်။ အဲ့ကောင်မလေးက မိသားစုကိုလည်း မသိတက်၊ ဒီအမေအိုကြီးကိုတောင် အနိုင်ကျင့်ချင်သေးတယ်။ ဒီလိုပြဿနာကြီးကို နင်တို့တွေ ဖြေရှင်းသင့်တာ"

လီယောင်ဆုရဲ့စကားလုံးတိုင်းကို အတွင်းရေးမှူးရုံးတစ်ခုလုံးကြားလိုက်ရလေရာ အတွင်းရေးမှူး Bom Soon တောင် မျက်မှောင်ကြုတ်မိသွားသည်။ သူ့မှာ အခန်းတံခါးနားဆီ လျှောက်သွားလိုက်ပြီး ဝန်ထမ်းကတ်ကို ဆင်ဆာပေါ် ဖိကပ်လိုက်ကာ တံခါးလော့ချလိုက်တော့သည်။
"လွန်လွန်းလိုက်တာ" လို့တောင် ရေရွတ်မိသည်အထိ။

ရှိနေသည့်လူများအထဲဝယ် Kim Jennie က အတည်ငြိမ်ဆုံးလူဖြစ်နေလျက်။ လီယောင်ဆုက ဘယ်လိုလူစားမျိုးလဲ.. ဒီနေ့ ရလာဒ်တစ်ခုခု မရမချင်း မပြန်လောက်ဘူးဆိုသည်အား Jennie ကောင်းကောင်းနားလည်နေသည်။ သို့ကြောင့် သူလည်း ဖုန်းနားသွားကာ ဖုန်းကိုကောက်ကိုင်လိုက်ပြီး လုံခြုံရေးအဖွဲ့ဆီ ခေါ်ရန်လုပ်စဉ် နောက်ထပ်တအုန်းအုန်းဖြစ်သွားသည့်အသံကို ကြားလိုက်ရလျက်။

Lalisa ရဲ့အေးတိအေးစက်ငေါက်သံကြီး ထွက်လာခဲ့ခြင်းပင်။
"ဘာဖြစ်နေကြတာလဲ"

Jennie မှာ ဖုန်းကို နားဖြင့်ကပ်ထားရင်း မှင်သက်သွားလျက်။ နောက်အတွင်းရေးမှူးနှစ်ယောက်ဘက်ကို လှည့်လိုက်ပြီး
"Lalisa က ရုံးခန်းထဲမှာ မဟုတ်ဘူးလား"

အတွင်းရေးမှူး Li က တစ်အောင့်တွေးလိုက်ပြီးနောက်
"မဟုတ်ဘူး။ ခုနလေးတင် ဘဏ္ဍာရေးဌာနက ဥက္ကဌ Lalisa ကို ခေါ်လိုက်တာ။ အဝယ်ကိစ္စတစ်ခုခု ရှိလာတယ်ဆိုလားပဲ"

Who Moved my ashesWhere stories live. Discover now