အပိုင်း (၁၁)

420 72 5
                                    

[Unicode]

Who moved my ashes (11)

ဆွေးနွေးပြီးနောက် Lalisa နောက်ထပ် ဘာပဲမေးပါစေ၊ ဟန်ဆရာဝန်က စကားတစ်ခွန်းတည်းကိုသာ ထပ်တလဲလဲ မှာခဲ့သည်။
"သူ့ကိုသာ များများအဖော်ပြုပေးလိုက်ပါကွယ်"

Lalisa ရဲ့ရင်ထဲ ကျိတ်ပြီး အထွန့်တက်မိလေရဲ့။ သူ့မှာ Jennie ကို သည်ထက်ဘယ်လို‌လုပ်ပြီးများ အဖော်ပြုပေးရမလဲလို့လေ။ သူက Kim Jennie နှင့် အလုပ်သွားလည်း အတူတူ၊ အလုပ်လုပ်တော့လည်း အတူတူ၊ အိမ်ပြန်တော့လည်း အတူတူ ဖြစ်နေတာ မဟုတ်ဘူးလား။ သည်ထက်ပိုပြီး ဘယ်လိုအခြေအနေမျိုးနဲ့ အဖော်ပြုပေးရမလဲလို့... ဟမ် ???

ဥက္ကဌကြီး Lalisa တစ်ယောက် အချိန်အကြာကြီး ဦးနှောက်ကို အလုပ်ပေးပြီးကာမှ နောက်ဆုံးတော့ အဖြေတစ်ခု ရသွားခဲ့သည်။

ညနေခင်းအချိန်ဝယ် Lalisa ဟာ တကုတ်ကုတ်နဲ့ သူ့ပစ္စည်းများ မှန်သမျှကို Jennie ကို ပေးထားသည့်အခန်းထဲ ရွေ့ထည့်နေလေရာ၊ အခြေအနေကို နားမလည်နိုင်ရှာသော Jennie ခဗျာ ‌မှင်သက်နေသောအကြည့်များဖြင့်သာ ဘေးက ရပ်ကြည့်နေရတော့သည်။ Lalisa လည်း Jennie ရဲ့ ‌‌ဇဝေဇဝါဖြစ်နေသော အကြည့်ကို မြင်သော် သွက်သွက်လက်လက်နှင့် သေသေချာချာ ရှင်းပြလိုက်၏။
"ဟန် ဆရာဝန် ပြောတာကတော့ ငါ နင်ကို များများအဖော်ပြုပေးဖို့ လိုတယ်တဲ့။ ဒါကြောင့် နင် ပြန်မကောင်းလာမချင်း ငါနဲ့အတူတူနေရမယ်။ အတူတူ အိပ်မယ်၊ အတူတူ စားမယ်၊ အတူတူ အလုပ်လုပ်မယ်"

…အဲ့မယ်။ အမိန့်ပေးနေတာပေါ့လေ ဟုတ်လား?

Jennie က Lalisa ရဲ့အပြုအမူများကို ရယ်ရသည်ဟု မြင်မိကာ ခပ်ရွှင်ရွှင် ကြည့်နေပါသော်လည်း အလုပ်ရှုပ်နေရှာသည့် Lalisa ကတော့ ဘာမှပင်မသိလိုက်။ သူ့အင်္ကျီများကို အားကြိုးမာန်တက်နှင့် အထုပ်ဖြေနေဆဲ ဖြစ်တာမို့ Jennie လည်း ကူညီပေးလိုက်ရသည်။ အင်္ကျီများကို အကန့်များနှင့် သပ်သပ်ရပ်ရပ်ခေါက်ထည့်နေသည့် Lalisa ရဲ့ပုံစံမှာ လက်ထပ်ပြီးခါစ ဇနီးလေးပမာ။ ပစ္စည်းများကို အစစအရာရာ နေရာချထားပြီးနောက်တွင် Jennie ဟာ ဇနီးသည်လေးနှင့် တူနေသော Lalisa ဆီ တစ်လှမ်းချင်း လျှောက်သွားပြီး နူးနူးညံ့ညံ့လေး ကြည့်လိုက်ကာ ပြောလိုက်၏။
"ငါ တောင်းပန်ပါတယ်နော်"

Who Moved my ashesWhere stories live. Discover now