အပိုင်း (၆)

462 65 6
                                    

[Unicode]

Who moved my ashes (6)

Lalisa မှာ Jennie ဘေးမှာထိုင်ရင်း တီဗီကို ခဏလောက် ဆက်ကြည့်နေလိုက်သေးသည်။ သို့ပေသည့် Jennie စပွိုင်းကောင်းကျိုးကြောင့် Lisa မှာ ဇာတ်ကားကို စိတ်မပါ။ ဇာတ်လမ်းထဲက စိတ်ထားဖြူစင်နူးညံသော ဇာတ်လိုက်ရဲ့အစ်မက Lalisa ရဲ့စိတ်ထဲမှာ ဗီလိန်အကြီးစားကြီးလုံးလုံး ဖြစ်သွားရပြီ။ သည်ကားက ကိုရီးယားကားတို့ရဲ့ ထုံးစံအတိုင်း သေချာပေါက်ပင် ဒရမ်မာချိုးမည်ကို အထာပေါက်ထားပါသော်လည်း နောက်ဆုံးမှာ ဘယ်သူက လူဆိုးဖြစ်သွားလဲဆိုတာကို ကြိုတင်သိလိုက်ရသည့်အတွက် ဒီကားကို ဆက်မကြည့်ချင်စိတ် တစ်စက်လေးတောင် မကျန်တော့ပါ။

တီဗီကို လှမ်းပိတ်လိုက်ပြီး၊ ဘေးမှာ ငိုက်နေသော Jennie အတွက် စောင်ပဲ ထယူပေးရမလား၊ ဒါမှမဟုတ် အိပ်ရာပေါ်ပဲ ချီတင်ပေးလိုက်ရမလား။ Lalisa တွေးရ ကျပ်သွားပြန်ပြီ။ သုံးစက္ကန့်လောက်သုံးသပ်လိုက်ပြီးနောက်ဝယ် စောင်ပဲ သွားယူပေးဖို့ ဆုံးဖြတ်လိုက်၏။ Jennie က သေးသေးသွယ်သွယ်လေးဆိုပေမယ့် Lalisa က ကိုရီးယားကားထဲက မင်းသားမဟုတ်သောကြောင့် ဆတ်ခနဲ မချီဖို့ရာ အားမရှိနေ။ 

L‌alisa ထသွားပြီး ငါးမိနစ်အကြာ လက်ထဲ ဂွမ်းကပ်ကြီးမလို့ ပြန်ထွက်လာ၏။ ဂွမ်းကပ်စောင်က ပေါ့ပေါ့လေးဆိုသော်လည်း အမွေးပြွဖစ်တာကြောင်း ထူထူထည်းထည်းနှင့်။ ဂွမ်းကပ်စောင်ကို သယ်လာရသော Lisa မှာ ရှေ့ကမြင်ကွင်းကို စောင်နဲ့ ပိတ်နေသလို ဖြစ်နေသောကြောင့် အရှေ့ကိုသေချာမမြင်ရ။ Jennie အနား ရောက်သွားတော့မှ Jennie တစ်ယောက် တစ်ရေးနိုး၊ ရေသောက်နေတာကို မြင်လိုက်ရသည်။  

Lisa မှာ စကားစမဆိုရဲ။ Jennie ရဲ့ မျက်နှာရိပ်ကို အကဲခတ်ပြီးမှ မဝံ့မရဲနဲ့ စကားစလိုက်သည်။
"နီနီ…အခြေအနေ ဘယ်လိုလဲ"

Jennie က မျက်လွှာကို ဖြည်းဖြည်းချင်း လှန်ကြည့်လာပြီး -
"နင့်စကားကြီးက ဘာအဓိပ္ပါယ်လဲ။ ငါက ဘယ်လိုဖြစ်နေလို့လဲ"

Lalisa: "..." ကောင်းလေစွ။ အရိုင်းအစိုင်းမလေး ပြန်ရောက်လာပြီပဲ။

သည်လိုနှင့် Lalisa ဂွမ်းစောင်ကိုပစ်ပေးလိုက်သည်။
"နိုးတော့ အခန်းထဲ သွားအိပ်ဦးမလို့လေ။ ဒါပေမဲ့ မအိပ်ခင် အခန်းအပူချိန်တင်ထားဖို့ သတိရသွားတာနဲ့။ ညဆို ဒီမှာအေးနေတုန်းဟ… သိလား"

Who Moved my ashesWhere stories live. Discover now