အပိုင်း (၁၂)

398 68 6
                                    

[Unicode]

Who moved my ashes (12)

Lalisa နှင့် Jennie တို့ ညစာစားရန် သွားကြသည့်ဆိုင်သည် ဆယ်စုနှစ်ချီကြာ သက်တမ်းရှိပြီမို့ ဟင်းလျာတွေက အထူးပြောစရာမလိုလောက်အောင် အရသာရှိနေမည်မှာ အမှန်ပင်။

သည်ဆိုင်၏ ဟင်းလျာများက အိမ်ထမင်း၊ အိမ်ဟင်းသဖွယ် ခံစားရ၍ Lalisa အလွန်သဘောကျခဲ့သော်လည်း ဒီနေ့ဟင်းလျှာများက အရသာကင်းမဲ့လို့ နေလျက်သား။

ဟင်းလျာများ၏ အရသာက မပြောင်းမလဲရှိနေပါသော်လည်း Lalisa ခဗျာ ဟင်းအရသာကိုတောင် မခံစားနိုင်လောက်သည်အထိ Kim Jennie ရဲ့အပြုအမူများထဲ အတွေးနစ်နေရရှာသည်။

သူတို့နှစ်ယောက် ဟင်းသုံးပွဲ မှာလိုက်သော်လည်း နောက်ဆုံးပွဲကို မကုန်နိုင်ခဲ့၍ ပါဆယ်ထုတ်အိမ်ပြန်ခဲ့ရသည်။ နွေဦးညနေခင်း လေပြေများက အရမ်း‌လည်း မအေးသလို အရမ်းလည်း မနွေးနေသည်မှာ လေတိုက်ခံရသော သူတို့နှစ်ယောက်အတွက် အနေတော် အနေအထားပင်။ အရှေ့က ‌လမ်းလျှောက်သူ Jennie ၏ ခြေလှမ်းတစ်စုံဟာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နှင့်။ ပြုံးယောင်သန်းနေသာ မျက်နှာဖြင့် ကားပါကင်ဆီ မနှေးမမြန်သောနှုန်းဖြင့် လျှောက်သွားနေသည်။
အနောက်က Lalisa မှာတော့ Jennie ရဲ့ကျောပြင်လေးကို ‌တွေတွေကြီး ငေးမောရင်း လျှောက်နေခဲ့၏။

သူ ငါ့ကို တကယ်ကြီး ကြိုက်နေတာလား…
မဟုတ်လောက်ပါဘူး… သူ ငါ့ကို မကြိုက်လောက်ဘူး… ဒီကိစ္စက ဟိုးကတည်းက ရှင်းနေပြီးသားကို…

အဲ့တုန်းက ငါများ အထင်လွှဲသွားတာလား… သူလည်း ငါကို ကြိုက်နိုင်တာပဲလေ…

မဟုတ်ဘူး… မဟုတ်ဘူး… ငါ့ကို ကြိုက်ရင် ဟိုးအရင်းကတည်းက ‌ကြိုက်ရမှာပေါ့… အခုမှ လာအချက်ပြတာမျိုး ဘယ်ဖြစ်ပါ့မလဲ…

အခုမှ အချက်ပြတာမျိုး ဘာလို့ မဖြစ်နိုင်ရမှာလဲ… Jennie လည်း အခုမှ အတည်ပြုမိတာမျိုး ဖြစ်ချင်ဖြစ်‌မှာပေါ့…

...

Lalisa ရဲ့ နှလုံးသားလေးမှာ နတ်ဘုရားနှင့် မကောင်း‌ဆိုးရွားတို့ စစ်ပွဲကြား ချောင်ပိတ်ခံနေရသယောင်။ Jennie ကားနားရောက်တော့ Lalisa ဆီလှည့်ကြည့်လိုက်ပြီး ကားတံခါးကို လှမ်းဖွင့်ပေးဖို့ လက်ဟန်ပြလိုက်သည်။ ထိုအခိုက် Lalisa ဟာ တောင့်တောင့်ကြီးနှင့် တစ်မီတာလောက်အကွာ၌ တန့်ခနဲ ရပ်လိုက်၏။

Who Moved my ashesWhere stories live. Discover now