အပိုင်း(၁၁)

16K 1.4K 158
                                    


ကိန်းခေတ်သည်
Symphony က ပြန်လာကတည်းက တမေ့တမော
ဂိမ်းထိုင်ဆော့နေခဲ့ပြီး ညနေ၄နာရီထိုးသည့်အချိန်
ဗိုက်ဆာသလို ရှိလာမှသာ ထမင်းစားရန်အတွက်
အောက်ထပ်ကို ဆင်းခဲ့လိုက်သည်။

ဧည့်ခန်းတွင်မူ iPad တစ်လုံးဖြင့် နှစ်ယောက်အတူတူ
သတင်းထိုင်ကြည့်နေသော မေမေနဲ့ ဖေဖေကို
တွေ့လိုက်ရ၏။ မေမေခွံ့ကျွေးသော
အသီးစိပ်တွေကို ဖေဖေက မြိန်ရေယှက်ရေစားနေတာကိုကြည့်၍ ကိန်းခေတ် တစ်ချက် ပြုံးလိုက်မိပြီးမှ..

"အချစ်ငှက်တွေ မျက်စိနောက်တယ်ဗျို့"

သူ့အသံကြောင့် မေမေက မော့ကြည့်ကာ
မျက်စောင်းတစ်ချက်ပစ်သည်။ ဖေဖေကတော့
သဘောတကျရယ်၍

"အားကျရင်ရှာကွာ"

"ကိုအောင်နော် ကလေးကို လျှောက်မြှောက်နေတယ်။
ကျွန်မသားက ကျွန်မပေးစားတဲ့လူပဲ ယူရမှာ။
ကျွန်မမှာ ဒီသားလေးတစ်ယောက်ပဲရှိတာ ။
မတော်တရော်လေးတွေနဲ့တွေ့ရင် ရင်ကျိုးရချည့်"

မေမေပြောသည့်အခါ ဖေဖေက သူ့ကို မင်းအမေရဲ့ ဓာတ်ပြားဟောင်းကြီး လာပြီဆိုသည့် သဘောဖြင့်
မျက်စပစ်ပြသည်။ ကိန်းခေတ်ကလည်း မျက်နှာကို
တစ်ချက် ငိုမဲ့မဲ့လုပ်ပြလိုက်ပြီးမှ

"ဗိုက်ဆာလို့ မေမေ။ ဘာချက်လဲ"

"ကြက်သားနဲ့ အာလူး ချက်တယ်။
ချဉ်ရည် ၊ ငါးပိရည်တို့စရာ"

"ဟင်း မေမေ့ဟာက
ဖေဖေကြိုက်တဲ့ဟင်းတွေချည်းပဲ ။
အဲ့ဒါတွေ မစားတတ်ပါဘူးဗျာ"

"ဟဲ့ အမြဲ မင်းကြိုက်တဲ့ ဘိုစာတွေချက်နေလို့ရမလား။
မင်းအဖေက မြန်မာဟင်းချက်လေးတွေနဲ့မှ
ထမင်းစားဝင်တာ"

"ကိုက ရပါတယ်ကွာ။ သားကြိုက်တာသာ
လုပ်ပေးလိုက်ပါ"

"အို အဲ့ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ"

"ကဲ သား မင်းတစ်ခုခုစားချင်တာရှိရင် ဝင်းဝင်းတို့ကို
ချက်ခိုင်းလိုက်လေ။ဗိုက်ဆာနေပြီလား"

ဖေဖေက သူ့ကို ဂရုတစိုက်လှမ်းမေးလာ၏။
သူက လက်ထဲမှာ ကိုင်ထားသည့်ဖုန်းကို ဖွင့်ကာ
အချိန်တစ်ချက် ကြည့်လိုက်ပြီးမှ

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now