အပိုင်း(၁၄)

15.2K 1.3K 167
                                    

ဒီနေ့လည်း ကျောင်းကနေအတူပြန်မယ်ဆိုပြီး
လှိုင်းရိပ်ထန်က ပြောထားတာကြောင့် နေရှင်းသာ က
အတန်းဆင်းပြီး စာသင်ခန်းထဲမှ ထွက်ထွက်ချင်းပင်
လှိုင်းရိပ်ထန်ကို ဖုန်းခေါ်လိုက်သည်။

ဖုန်းသည် ဝင်နေသော်လည်း တစ်ဖက်က
တော်တော်နဲ့ မကိုင်။ စိတ်မရှည်တော့၍ မျက်မှောင်လေး
ကြုတ်လိုက်မိပြီး ဖုန်း call ကို ချဖို့ လုပ်လိုက်သည့်အခါမှ
လှိုင်းရိပ်ထန်၏ အသံကို ကြားလိုက်ရ၏။

"အတန်းပြီးပြီလား"

"အခုပဲ ပြီးပြီ"

"အင်း အတန်းရှေ့မှာ စောင့်နေ။
ငါအပြင်ရောက်နေလို့။ ခဏနေရင် လာခေါ်မယ်"

"ကိုလှိုင်းရိပ်ထန်က ဘယ်မှာမို့လို့လဲ"

နေရှင်းသာ မေးလိုက်သည့်အခါ လှိုင်းရိပ်ထန်က မဖြေ။
ခဏနေရောက်မယ်လို့သာ ထပ်ပြော၍
ဖုန်းချသွားလေ၏။
နေရှင်းသာက သူ့ရဲ့ နှုတ်ခမ်းလေးကို တစ်ချက်စူပုံ့လိုက်မိပြီး အတန်းရှေ့ ကော်ရစ်ဒါ၌ ချထားသည့် ခုံတန်းရှည်
တွင်သာ ငုတ်တုပ်လေးထိုင်စောင့်နေလိုက်မိ၏။

ဒီနေ့ကိုပါ ထည့်တွက်လျှင် လှိုင်းရိပ်ထန်နဲ့ နေရှင်းသာ
ကျောင်းသွားကျောင်းပြန်အတူလုပ်နေသည်မှာ
လေးရက်ပင် ရှိပေပြီ။

အိမ်မှာရော ကျောင်းမှာပါ အမြဲလိုလို နီးနီးစပ်စပ်
ရှိနေတာကြောင့် ချစ်သူရည်းစားတစ်ယောက်လို
မဟုတ်သေးရင်တောင် လှိုင်းရိပ်ထန်ကိုတော့ နေရှင်းသာ
သံယောဇဉ်တွယ်မိနေပြီဖြစ်ပါသည်။

သူငယ်ချင်းဆို၍ မရှိဖူးခဲ့သည့် နေရှင်းသာအတွက်
လှိုင်းရိပ်ထန်ကပထမဆုံး သူငယ်ချင်းလည်း ဖြစ်ခဲ့သည်။
နစ်နာလိုစိတ်နဲ့ မဟုတ်ဘဲ တစ်စုံတစ်ယောက်က
သူ့ကို စနောက်တာမျိုး၊ မသိမသာဂရုစိုက်ပေးတာမျိုး၊
သူအခက်တွေ့နေရင် ကာကွယ်ပေးတာမျိုးကိုလည်း
လှိုင်းရိပ်ထန်ကြောင့်သာ နေရှင်းသာ
ခံစားဖူးခဲ့တာဖြစ်၏။

ဒါ့ကြောင့်ပဲ အရင်က ပျင်းစရာကောင်းတယ်လို့
ကိုယ်တိုင်ယူဆခဲ့တဲ့ သူ့နေ့ရက်တွေလည်း အခုတလော သူများနည်းတူ သာမန်ဆန်လာပြီလို့ ထင်မိလာပါသည်။

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now