အပိုင်း(၂၀)

17.9K 1.5K 231
                                    


သည်းထန်စွာ ရွာသွန်းနေသည့် မိုးစက်များသည်
အချိန်တစ်ခုကြာသွားသည့်အခါတွင်တော့
သူမဟုတ်သလိုပင် တဖြည်းဖြည်းစဲသွားခဲ့သည်။

"ရေချိုးလို့ရပြီ နှိုင်းဇေ"

ဟိုတယ်ခန်း၏ ပြတင်းပေါက်မှန်တစ်ဆင့်
အပြင်ဘက်ကို ငေးကြည့်နေသည့် နှိုင်းဇေသည်
ရေချိုးခန်းထဲမှ ထွက်လာကာပြောလိုက်သည့်
ကိန်းခေတ်၏ စကားကို မကြားသည့်သဖွယ်။

"နှိုင်းဇေ"

"ကိုယ်အိမ်ပြန်ချင်တယ်"

"ကျစ် မနက်လိုက်ပို့ပေးမယ်လို့ ပြောပြီးပြီမဟုတ်လား။
ဘာလို့ ခဏခဏပြောနေတာလဲ"

"မနက်ထိ ဘာလို့နေရမှာလဲ။
အခု မိုးတိတ်နေပြီပဲ။ မင်းလိုက်မပို့လည်း
ကိုယ် ကားငှါးပြီး ပြန်မယ်"

"မရဘူး။ ကျွန်တော် ခင်ဗျားနဲ့ စကားပြောဦးမယ်"

"ကိုယ် မပြောချင်ဘူး။
ကိုယ့်မှာ ပြောစရာစကားလည်း မရှိဘူး"

ကိန်းခေတ်၏ မျက်နှာထားသည် တင်းမာသွား၏ ။
ထို့နောက် ခပ်ရွဲ့ရွဲ့တစ်ချက်ရယ်လိုက်ပြီး

"ဘာလဲ ခင်ဗျားက ခင်ဗျားကောင်ကို ထိတော့
ကျွန်တော့်ကိုတောင် ဒီလို ဆက်ဆံတာပေါ့ ဟုတ်လား"

နှိုင်းဇေသည် ဆိုဖာတွင် ထိုင်နေရာမှ
မတ်တပ်ထရပ်လိုက်သည်။ နဂိုကတည်းက
အားနည်းနေသည့်အပြင် မိုးရေတွေပါ စိုနေသည့်
ခန္ဓာကိုယ်က မိုက်ခနဲ..။

သို့သော် ခြေလှမ်းတွေကို ဟိုတယ်ခန်း၏
တံခါးဆီသို့သာ ဦးတည်လိုက်သည်။

ကိန်းခေတ်သည် သူ့ကို တစ်ချက်မှ ကြည့်မလာဘဲ
ထွက်သွားဖို့ ပြင်နေသည့် နှိုင်းဇေရဲ့ပုံစံကြောင့် 
ဒေါသထွက်သွားကာ  နှိုင်းဇေရဲ့ လက်မောင်းမှနေ၍
တစ်ချက် ဆောင့်ဆွဲပစ်လိုက်၏။

နှိုင်းဇေသည် ချက်ချင်းဆိုသလိုပင် ရှိသမျှ အင်အားနဲ့
ကိန်းခေတ်၏ လက်ကို ဖယ်ချဖို့ ကြိုးစားလိုက်သည်။

"လွှတ်စမ်း ကိုယ့်ကို"

"မလွှတ်နိုင်ဘူး။ ကျွန်တော့် ဆန္ဒမပါဘဲ
ခင်ဗျားဘာလုပ်လို့ ရခဲ့ဖူးလို့လဲ ဟမ်။
ထွက်သွားခိုင်းဖို့ရော ဘေးမှာနေခိုင်းဖို့ရော
ကျွန်တော်ပဲ ဆုံးဖြတ်မှာ
ကျွန်တော်တစ်ယောက်တည်းကပဲ ဆုံးဖြတ်မှာ
နားလည်လား"

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now