အပိုင်း(၂၁)

16.5K 1.4K 231
                                    


'မနက်ဖြန်ကိုယ်နဲ့အပြင်သွားချင်လား'

သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ဖို့ တွေးကာ PC
ရှေ့ထိုင်လိုက်ချိန်တွင် Ph screen တွင် တက်လာသော
နှိုင်းဇေဆီမှ Message ကြောင့်  ကိန်းခေတ်
နှုတ်ခမ်းတွန့်ရုံပြုံးကာ ဖုန်းကို
အရင်ကောက်ကိုင်လိုက်သည်။

'ခင်ဗျားဘယ်သွားချင်လို့လဲ"

'အဲ့ဒါတော့မသိဘူး'

ကိန်းခေတ်က နှိုင်းဇေကို ဖုန်းခေါ်လိုက်၏။
ထို့နောက် ဖုန်းအေးအေးဆေးဆေး ပြောရန်အတွက်
ထိုင်ခုံတွင်ကျောကိုမှီချလိုက်ပြီး ခြေထောက်ကိုလည်း
ချိတ်ထိုင်လိုက်သည်။

"အင်း ခေတ်"

ထူးလာသည့် နှိုင်းဇေ၏ အသံက သူ့ပုံစံအတိုင်းပင်
ချိုချိုအေးအေး။

"ပြော ဘယ်သွားချင်လဲ"

"မနက်ဖြန်အားလို့လား ကျောင်းကရော"

"ကျောင်းက ခင်ဗျားလောက်အရေးမကြီးပါဘူး။
ခင်ဗျားဘယ်သွားချင်လဲ"

"ကိုယ်မသိဘူး။ မင်းသွားချင်တဲ့ဆီသွားကြမယ်လေ"

ကိန်းခေတ်က မျက်ခုံးတစ်ချက်ပင့်လိုက်ကာ

"ကျွန်တော်သွားချင်တဲ့ဆီ တကယ်လိုက်မှာလား"

"အင်း လိုက်မှာပေါ့"

"Hotel လေ သွားကြမလား"

"မင်းနော် ဘာတွေလာပြောနေတာလဲ"

ရှက်ဝဲဝဲဖြင့် ဆူသလိုလေးပြောလိုက်သည့်
နှိုင်းဇေ၏ အသံကြောင့် ကိန်းခေတ် အဟင်းခနဲ
ရယ်လိုက်ပြီး

"ဘာတွေပြောရမှာလဲဗျ။
ချစ်သူတွေကြားတစ်ချိန်ချိန်ရှိလာမယ့်
ကိစ္စအကြောင်း ပြောနေတာပေါ့။
ဒါမှမဟုတ်အတွင်းကျကျရှင်းပြစေချင်တာလား"

"မရှင်းပြနဲ့ ကိုယ်နားလည်တယ်"

"အင်း ဒါဆို သွားကြမလား မနက်ဖြန်"

ကိန်းခေတ်က ဆက်တိုက်ဆိုသလို စ နေမိသည်။
နှိုင်းဇေ စိတ်ကောက်တဲ့အခါ အသံလေးပဲ
ကြားရရင်တောင် ချစ်ဖို့ကောင်းတာကို သူသိသည်လေ။

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now