အပိုင်း(၁၂)

15.5K 1.4K 147
                                    


"ကိုကိုရှင်း ဘယ်သွားမလို့လဲ"

လှိုင်းရိပ်ထန်နဲ့ အတူ မိဘတွေဆီသို့
လက်ဆောင်ပစ္စည်းတချို့သွားပါးရန်
အိမ်ပေါ်က ဆင်းလာသည့်နေရှင်းသာအား
ဧည့်ခန်းရှိ TVတွင်ကာတွန်းကားထိုင်ကြည့်နေသော
ဘုန်းဧယံလေးက မေးလိုက်၏။

ဒီနေ့က Sunday ဖြစ်၍ ဘုန်းဧယံလေးသည်လည်း
ကျောင်းမသွားရဘဲ အိမ်မှာရှိနေခြင်းဖြစ်သည်။

နေရှင်းသာက သူ့ရှေ့တွင်လာရပ်သည့် ဘုန်းဧယံရဲ့
ခေါင်းလုံးလုံးလေးကို ဖွဖွပုတ်လိုက်ပြီး

"ကိုကိုရှင်း အပြင်ခဏသွားမလို့ ဧယံလေး
ဘာမှာချင်လို့လဲ"

" ဘယ်အပြင်သွားမလို့လဲဟင် သားရော လိုက်ချင်တယ်"

"သားငယ်လေး ကိုကိုရှင်းကို သွားမရှုပ်ပါနဲ့ကွယ်။
လွတ်လွတ်လပ်လပ်သွားပါစေ"

မီးဖိုခန်းထဲမှနေ၍ ဧည့်ခန်းထဲသို့ ဝင်လာသည့်
အန်တီ ခင်ထိပ်ထားက နားစွန်နားဖျားကြားလိုက်ဟန်ဖြင့်ဝင်ပြောလိုက်သည်။ သို့သော် ဘုန်းဧယံလေးကတော့ဖြင့်
နေရှင်းသာရဲ့ ရှပ်င်္အကျီလက်ရှည်ရဲ့ လက်ဖျားစလေးကို
ဆွဲကာ ဟိုဟိုဒီဒီရမ်း၍ ပူဆာဟန်ပြ၏။

နေရှင်းသာက ခဏမျှစဉ်းစားနေမိပြီးမှ

"ဧယံ လိုက်ချင်တယ်ဆိုရင်လည်း လိုက်ခဲ့လေ"

"ဖြစ်ရဲ့လား သားရယ်။ သူငယ်ချင်းတွေနဲ့သွားမှာမလား ။
မလွတ်မလပ်ဖြစ်နေပါဦးမယ်"

"သူငယ်ချင်းတွေနဲ့ မဟုတ်ဘူး အန်တီ။
ဟို.. ကိုလှိုင်းရိပ်ထန်နဲ့ သွားမလို့"

နေရှင်းသာ ပြောလိုက်သည့်အချိန်တွင်မူ နေရှင်းသာရဲ့
အင်္ကျီလက်ကို ကိုင်ထားသည့် လက်လေးကို ဘုန်းဧယံက
အလိုလို လွှတ်လိုက်ပြီး မျက်နှာလေးသည်လည်း ညှိုးငယ်
သွားတော့သည်။

"အဲ့ဒါဆို သားလိုက်လို့ရမှာမဟုတ်တော့ဘူး"

"ဘာလို့လဲ ဧယံရဲ့"

"ကိုကိုလှိုင်းရိပ် က သားကိုခေါ်မှာမဟုတ်ဘူး။
သူက သားကိုရော မမကိုရော ဖေဖေ့ကိုရော
မကြိုက်ဘူး မုန်းနေတယ်"

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now