အပိုင်း(၂၆)

14.9K 1.4K 174
                                    


နေရှင်းသာ ၏ မွေးရပ်မြေသည် ဧရာဝတီတိုင်းထဲမှ
ရွာသာသာ ခပ်သေးသေးနယ်မြို့လေးတစ်မြို့သာ
ဖြစ်သည်။

ရေနံချေးဝနေအောင်သုတ်ထားသော
နှစ်ထပ်ကျွန်းအိမ်ကြီးရှိသည့် မြေဖုန်ဖုန်ဖြင့်
ခြံဝင်းကျယ်ထဲတွင် ကားရပ်လိုက်သည်ဆိုရင်ပဲ
နေရှင်းသာ ကားပေါ်မှ လေးကန်စွာဆင်းလိုက်သည်။

"ဟေ့ ညွန့်ဝင်း ၊ ဖိုးလုံး လာစမ်း ပစ္စည်းတွေကူချ"

ဖေဖေက ကားနောက်ဖုံးကိုဖွင့်ကာ
အိမ်ရှိအလုပ်သမားများကို အော်ခေါ်လိုက်သည်။

နေရှင်းသာသည် သူမန္တလေးသို့ယူသွားခဲ့သော အသုံးအဆောင်ပစ္စည်းနဲ့ အဝတ်အစားတွေအကုန်လုံးကို
ဖေဖေက ဒီကို ပြန်ယူလာခဲ့တာကို တွေ့လိုက်ရသည့်အခါ
တွင်တော့ ဝမ်းနည်းသည့်ခံစားချက်များ အစိုးမရဖြစ်လာခဲ့ကာ မျက်ရည်များပိုးပိုးပေါက်ပေါက်
ကျလာတော့သည်။

"ဖေဖေ..ဘာလို့ သားပစ္စည်းတွေ
အကုန်ဒီကို ပြန်ယူခဲ့ရတာလဲ.."

ဖေဖေက သူ့ကို လှည့်မကြည့်။
သူ့အလုပ်သမားတွေကိုသာ ပစ္စည်းတွေကို
အိမ်ထဲသယ်သွားဖို့ ညွှန်ကြားနေသည်။

"ဖေဖေ...သား မန္တလေးမှာ ကျောင်းတက်နေတာလေ..။
ကျောင်းတက်ရဦးမယ်လို့ ..ဘာလို့ ပစ္စည်းတွေ"

"နေရှင်းသာ အိမ်ထဲဝင်စမ်း!"

နေရှင်းသာ ငို၍ ပြောနေသည့်စကား မဆုံးခင်မှာပဲ
ဖေဖေက ဒေါသဖြင့် အော်လာသည်။
ထိုအချိန်မှာပဲ အိမ်ထဲမှ မေမေထွက်လာကာ
နေရှင်းသာရဲ့ လက်မောင်းမှ ကိုင်ကာ
အိမ်ထဲသို့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။

ဖေဖေ့လိုပင် ဒေါသတကြီးဖြင့် သူ့ကို
မျက်ရည်တွေကြားမှ ခပ်စိမ်းစိမ်း
စိုက်ကြည့်နေသော မေမေ့မျက်ဝန်းတွေကို ကြည့်ရင်း
နေရှင်းသာ ရှိုက်ငိုလိုက်မိတော့သည်။

~~~~

"မေမေတို့က သားကို လိမ္မာတဲ့ ၊
စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့ ကလေးတစ်ယောက်လို့ ထင်ခဲ့တာ နေရှင်းသာ။ မေမေတို့ မျက်ကွယ်ရာမှာ
လူပြောစရာဖြစ်အောင် ဘာလို့ နေရတာလဲ
သားရယ် ဟင်"

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now