အပိုင်း(၁၈)

17.1K 1.4K 274
                                    


လူနာများကို Round လှည့်ပြီး နားနေခန်းသို့
ပြန်အလာတွင် ဝင်လာသည့် ဖုန်းcall ကြောင့်
မေထည်ဝါ တစ်ချက် ပြုံးလိုက်မိ၏။

"အင်း မောင်"

"..."

"ဒီညနေတော့ မရဘူး။
အစ်မ night duty ရှိတယ်။
မနက်ဖြန်မှသွားလေ ။ လိုက်ခဲ့ပေးမယ်။
အန်တီ့ကို ဘာဝယ်ပေးချင်လို့လဲ"

"..."

"အဲ့ဒါဆို အစ်မ ဆိုင်သိတယ်။
မနက်ဖြန်သွားကြမယ်လေ။
အစ်မရော အန်တီ့မွေးနေ့အတွက်
တစ်ခုခုဝယ်ပေးဦးမယ်"

"..."

"အင်း မောင်   မိုးရွာနေတယ်နော်။
ရေချိုးတာ အကြာကြီးမချိုးနဲ့ ကြားလား"

"..."

"ဟုတ်ပါပြီရှင်"

မေထည်ဝါဖုန်းချလိုက်သည့်အခါ နားနေခန်းထဲတွင်
အတူရှိနေသော သူငယ်ချင်းဆရာဝန်မက ပြုံး၍

"တမောင်မောင်နဲ့ အချဉ်ပေါင်းများရောင်း
နေသလားလို့ ဒေါ်မေထည်ဝါရယ်"

မေထည်ဝါက သူငယ်ချင်းဖြစ်သူ၏ စကားကို
ရယ်မိသွားကာ

"အခုမှ ရင်ခုန်ဖူးတာဆိုတော့
ခွင့်လွှတ်ပေးပါဦးနော်"

"အမေပေးစားတဲ့ယောကျာ်းမယူချင်ဘူး။
ကိုယ့်ထက်ငယ်တဲ့သူတွေ စိတ်မဝင်စားဘူးဆိုတဲ့
မိန်းမက ဘယ်လိုများဖြစ်ရတာပါလိမ့်"

"အဲ့ဒီကောင်လေး ကိန်းခေတ်ဆီမှာ..ဘယ်သူနဲ့မှ မတူတဲ့
ဆွဲဆောင်မှု တစ်ခုရှိတယ်သိလား။
အဲ့ဒါဘာလဲဆိုတာ ငါတိတိကျကျမပြောတတ်ပေမဲ့
သေချာတာ အဲ့ဒီကောင်လေးက
တစ်ချက်နစ်ဝင်သွားတာနဲ့ ရုန်းရခက်မယ့် နွံလိုမျိုးပဲ"

"အမလေး အမလေး။ အသက် ၂၆ ၂၇ ကျမှ
အချစ်ဋီကာ တွေပါ ထိုင်ဖွင့်ကုန်ပါပြီ။
ကျွန်မကတော့ စားရေးသောက်ရေး ရုန်းကန်နေရတဲ့
အိမ်ရှင်မမို့ အချစ်ဆိုတာ ဂျိုနဲ့လား ရင်ခုန်တယ်ဆိုတာ
ဘယ်လိုမျိုးလဲဆိုတာတောင် မသိတော့ပါဘူး။
အပျိုလေးပဲ ရင်ခုန်ပါ နစ်ဝင်ပါနော်။ကျွန်မ ခွဲလူနာ
သွားကြည့်ပေးလိုက်ပါဦးမယ်"

သူငယ်ချင်းက ရယ်ရယ်မောမောဖြင့် စနောက်ကာ
ထွက်သွားလေသည်။ မေထည်ဝါသည်လည်း
လူနာမှတ်တမ်းကို ကြည့်နေရင်းမှပင် ပြုံးလိုက်မိသည်။

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now