အပိုင်း(၃၈)

17.9K 1.4K 102
                                    





ဒီရက်ပိုင်းတွင် သီချင်းအသစ်ထုတ်ဖို့ရှိသည့်အတွက်ရော၊ အဆက်မပြတ်ရှိနေသည့် Photo shooting များနဲ့
သူ ambassador ဖြစ်သည့် Brand များ၏ ပွဲများကို
တောက်လျှောက် တက်ပေးနေရတာကြောင့်ရော
လှိုင်းရိပ်ထန် လုံးဝမအားလပ် ဖြစ်နေခဲ့သည်။

သို့သော်ရသည့်အချိန်ကိုပဲ မရမက ညှိပြီး
နေရှင်းသာရဲ့ မျက်နှာလေးကိုတော့ အချိန်တော်တော်များများ မြင်ရဖို့ကြိုးစားသည်။
အခုလည်း နေရှင်းသာရဲ့ အလုပ်က
နေ့လယ်ခဏအချိန်ရ၍ လှိုင်းရိပ်ထန် studio မှာ သီချင်း
လုပ်လက်စ တန်းလန်းကိုပင် ပစ်ထား၍ သွားတွေ့၏။

သို့သော် တွေ့တွေ့ချင်းပင် ဆီးကြို၍
ပြဿနာရှာခံရလေသည်။

အကြောင်းအရင်းမှာ အရင်တစ်ခေါက်က cosmetics brand အတွက် ရိုက်ပေးခဲ့ရသည့် နွေပန်းချီနဲ့
လှိုင်းရိပ်ထန်၏ ဓာတ်ပုံများတက်လာသည်ကို
နေရှင်းသာတွေ့ပြီး သဘောမကျဖြစ်နေခြင်းကြောင့်ပင်။

"ကိုကိုက မဟုတ်တာ။
အဲ့ဒီ ကိုကို့ရည်းစားဟောင်းနဲ့ပဲ တွဲရိုက်နေတာ"

"ငါရိုက်ချင်လို့ရိုက်နေတာ မဟုတ်ဘူး။
အဲ့ဒီ brand ရဲ့ ambassador က
ငါနဲ့ သူနဲ့ဖြစ်နေတာ။ ဒါကြောင့်ဒီတစ်ခေါက်
တွဲရိုက်ရတာပါလို့ ငါမင်းကိုရှင်းပြနေတယ်လေကွာ.."

"အဲ့ဒီပုံတွေမှာ ကိုကို့ပါးကိုလည်း သူကထိထားတာ။
သူ့ခါးကိုလည်း ကိုကိုကဖက်ထားတာ။
ပြီးတော့ ကိုကိုတို့နှစ်ယောက်က အခုမှ
အလုပ်ကိစ္စသက်သက်တွေ့ဖူးတဲ့သူတွေမဟုတ်ဘဲ
အရင်တုန်းကတွဲဖူးတဲ့လူတွေ ။ အဲ့ဒါတောင် ကျွန်တော်က
စိတ်မဆိုးရတော့ဘူးလား ။ သဝန်မတိုရတော့ဘူးလား။ ခဏခဏ သူနဲ့ပဲ သတင်းတွေထွက်နေတာ။ ဒါကို ကိုကိုက
အနေအထိုင်လည်း မဆင်ခြင်ဘူး။ အမြဲ သူနဲ့ပဲ။
ကိုကို ကိုယ်တိုင်က သူ့ကိုသဘောကျနေတာလား"

စူးစူးရဲရဲလေးစိုက်ကြည့်၍ နေရှင်းသာပြောလိုက်၏။
လှိုင်းရိပ်ထန်သည် မျက်ခုံးများကို တွန့်ချိုးလိုက်ရင်း

" ငါ့မှာအဲ့ဒီလို ခံစားချက်မျိုးမရှိဘူး!
ငါတကယ် မင်းကလွဲပြီး ဘယ်သူ့ကိုမှ ရင်မခုန်ဘူးလို့ကွာ။
မင်းနားလည်အောင် ဘယ်နှခေါက်ပြောရမလဲ
နေရှင်းသာ"

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now