အပိုင်း(၁၅)

16K 1.4K 249
                                    



နေရှင်းသာသည် လကုန်တွင်စစ်မည့် test အတွက်
စာလုပ်နေရင်းမှ ငြီးငွေ့ငွေ့ဖြစ်လာသည့်အပြင်
သူ စုထားသည့်မေးခွန်းဟောင်းတွေသိမ်းရန် ဖိုင်တွဲနှင့်
note pad ဝယ်ရဦးမည်ကိုလည်း သတိရသွားတာကြောင့် လမ်းထိပ်တွင်ရှိသော convenience store သို့
သွားရန်တွေးလိုက်မိသည်။

မသွားခင် စားပွဲပေါ်တွင် ချထားသည့်ဖုန်းကို
ယူကြည့်လိုက်ရာ ညနေ ၇ နာရီ လောက်က
လှိုင်းရိပ်ထန် ပို့ထားသည့် 'ငါအပြင်ခဏသွားဦးမယ် ။ တစ်ခုခုစားချင်တာ ရှိရင် လှမ်းမှာလိုက်' ဆိုသည့် message အပြင် ဘာမှ ထပ်မဝင်ထားပေ။

ည ၉ နာရီခွဲကို ညွှန်ပြနေသည့် နာရီလက်တံနဲ့
မီးပိတ်ထားဆဲဖြစ်သည့် လှိုင်းရိပ်ထန်၏
တစ်ထပ်တိုက်ဆီသို့ တစ်ချက်ကြည့်ကာ
သူကိုယ်တိုင်တောင် မသိဘဲ နေရှင်းသာ
နှုတ်ခမ်းလေး တစ်ချက်စူမိသွားသည်။

ဝတ်ထားသည့် ညအိပ်ဝမ်းဆက်အပေါ်မှ
Shirt လက်ရှည်အပါးလေးကိုသာ ထပ်ဝတ်ပြီး
ပိုက်ဆံနဲ့ ဖုန်းကို ယူကာ အောက်ထပ်သို့
ဆင်းလာခဲ့လိုက်သည်။

အောက်ထပ်သို့ရောက်သည့်အခါ ဧည့်ခန်းတွင်
ဝိုင်သောက်ကာ အနားယူနေသည့် ဦးလေးဘုန်းမြင့်နဲ့
နံဘေးတွင်ထိုင်ကာ စကားပြော၍ အဖော်လုပ်ပေး
နေသည့် အန်တီခင်ထိပ်ထားကို တွေ့လိုက်ရသည်။

အန်တီခင်ထိပ်ထားက သူ့ကိုမြင်သည့်အခါ
ပြုံးကြည့်လာပြီး

"ဘယ်သွားမလို့လဲ သား နေရှင်းသာ"

"လမ်းထိပ် convenience store ကို ခဏသွားမလို့ဗျ"

"တစ်ယောက်တည်းဖြစ်ရဲ့လား သား။ ပုံ့ပုံ့ကိုပဲ
ဖြစ်ဖြစ် အဖော်ခေါ် သွားပါလား။
သားငယ်လေးကလည်း အိပ်ပျော်နေတာ။
မဟုတ်ရင် သူက ထိပ်ဆုံးက လိုက်ချင်နေမှာ"

အန်တီခင်ထိပ်ထားက ဘုန်းဧယံလေးကို ရည်ညွှန်းကာ
ပြောလိုက်သည့်အတွက် နေရှင်းသာ ရယ်လိုက်ပြီး

"ရတယ်ဗျ အန်တီ။ ကျွန်တော် ခဏပဲ သွားမှာ"

"အေးပါကွယ် ဒါဆိုလည်း"

" ကျောင်းမှာ အဆင်ပြေရဲ့လား ငါ့တူ"

ဦးဘုန်းမြင့်က လက်ထဲက ဝိုင်ခွက်ကိုချလိုက်ပြီးမှ
မေးလိုက်ရာ နေရှင်းသာက

My Crayon(အချစ်ရောင်ခြယ်) [Completed] Where stories live. Discover now