အပိုင်း (၁၀)

3.6K 150 5
                                    

"Congratulationsကွာ အုပ်ကြီး.....။"

မဲရလဒ်ကြေငြာပြီးသည့်အချိန် ဂုဏ်ပြုသံများနှင့် ဆွဲလို့နှုတ်ဆက်လိုက်ရသည့် လက်ပေါင်းများစွာတွင် တောင်းတရဆုံးဖြစ်သည့် ကောင်မလေး၏လက်သေးသေးလေးက မပါဝင်ခဲ့ပေ။

"လာကွာ....အုပ်ကြီးကိုတစ်ဝိုင်းခိုင်းရမယ်။"

TUနှင့် Aeroဘက်မှ အပေါင်းအသင်းများကလည်း ရောက်လာပေးကြသည်မို့ သူငယ်ချင်းတွေကို ကောင်းစက်တကယ်ပဲ ဝိုင်းဖြစ်ပေးခဲ့ရသည်။

သုံးကြိမ်ဆက်တိုက် ရွေးချယ်ခံရသည့် ဥက္ကဌတစ်ဦးအနေဖြင့် ကောင်းစက်လည်းပျော်ရွှင်ရသလို ရင်းနှီးပြီးသားဖြစ်သည့် အဖွဲ့ဝင်တွေကလည်း ကြည်ဖြူပေးကြသည်။

"Congratulationsနော် အုပ်ကြီး။
ပုဂ္ဂိုလ်အရတော့မုန်းပေမယ့် ဒီတစ်ကြိမ်လည်းငါတို့ကိုဦးဆောင်မယ့်သူက နင်ဖြစ်နေလို့ ကျေနပ်ပါတယ်။
သိတယ်မလား နင့်ရဲ့leadershipကို ငါတို့အရမ်းသဘောကျတယ်ဆိုတာ.....။"

"ဟုတ်ပါပြီ.....။ Thank you...."

"အင်း အသံထွက်တော့မှားနေတယ်။ သေချာလေး ခသံပါအောင်ထွက်ကြည့်...."

ပြောလို့မနိုင်သည့် မြတ်နိုးခင်ကို ဘာမှထပ်ပြောမနေတော့ပဲ ခေါင်းကိုပဲငြိမ့်ပြလိုက်မိသည်။ ဒီညနေမှာ သိင်္ဂီရွှေရည်ဆိုင် တစ်ဆိုင်လုံးကို ဘိုကင်ယူဖြစ်ခဲ့သည်က ကောင်းစက်၏ကိုယ်ပိုင် ပိုက်ဆံတွေနှင့်ပဲဖြစ်သည်။

လိုက်လံကျွေးမွေး ဧည့်ခံရသည်ကို ကောင်းစက်ကိုယ်တိုင်ကလည်း ဝါသနာပါတာဖြစ်သည်။ ရွေးချယ်ခံရသည့် ဥက္ကဌတစ်ယောက်အနေနှင့် 'အုပ်ကြီးရေ မုန့်ကျွေးရမယ်နော်'ဆိုပြီး တောင်းဆိုသူမှန်သမျှကို ဆိုင်လိုက်ခဲ့ဖို့ခေါ်ခဲ့လိုက်သည်။

ဒီလိုပဲ အသိမိတ်ဆွေအပေါင်းအသင်းတွေအားလုံးက စားကြ၊သောက်ကြနှင့် ပျော်ရွှင်နေကြသည်။

"မင်းတို့အဆောင်က အဖွားဖို့ ကြေးအိုးမှာထားဦးမလား ငါ့ကောင်။ ဒီအဖွဲ့တွေစားပုံနဲ့ ခဏလောက်နေရင် ရမှာမဟုတ်တော့ဘူး။ မှာမှာဆိုလည်း ကြိုမှာထားလိုက်။"

သောက်စားပျော်ပါးနေကြသည့် အပေါင်းအသင်းတွေကို ကြည့်နေရင်းဖြင့် မူးနေပြီဖြစ်သည့် သူရဦးဆီကနေ သတိတရဖြစ်သည့် စကားကြောင့် ကောင်းစက်ပြုံးမိသည်။

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now