လက်ထဲတွင် ဖုန်းမပါလာသည်ကြောင့်နဲ့ ညီမလေးတို့အဆောင်ရှေ့ရောက်မှပဲ ကောင်းစက်မှာလမ်းပျောက်သွားရသည်။ ည၉နာရီကျော်ပြီမို့ အဆောင်တံခါးတွေအားလုံးကလည်း ပိတ်သွားပြီဖြစ်၏။
ဆိုင်ကယ်ပေါ်ကနေ ဆင်းခဲ့လိုက်ပြီး ဟိုဟိုဒီဒီကြည့်နေဆဲမှာပဲ အပြေးနှင်လာသူတစ်ဦး၏ခြေသံတွေကိုကြားလိုက်ရသည်။ သို့နှင့် မျှော်လင့်ချက်သဲ့သဲ့လေးထားကာ စောင့်ကြည့်ဖြစ်တော့ အဆောင်တံခါးကိုဖွင့်ပြီး အပြင်ထွက်လာသူက တကယ်ပဲကောင်းစက်ရဲ့ညီမလေးဖြစ်နေသည်။
ဝမ်းသာလွန်းအားကြီးစွာနဲ့ ကြည့်နေဆဲမှာပဲ ရင်ခွင်ထဲဝင်လာသူလေးက ကောင်းစက်ခါးတွေကို တင်းကြပ်စွာပဲဖက်တွယ်ထားသည်။ ပြန်လည်ထွေးပွေ့ထားရန် ကြိုးစားဖို့သတိရချိန်မှာတော့ ရင်ခွင်ထဲကညီမလေးက ခေါင်းလေးမော့လာသည်။
မီးရောင်မှိန်ပြပြကို အမှီပြုပြီးမြင်နေရသည့် ညချမ်းရဲ့ရင်အေးစရာလေးက မျက်နှာအထက်မှာ မျက်ရည်စီးကြောင်းတွေဆက်တိုက်ဆိုသလိုကျနေသည်။
တမော့တတမောနဲ့ပဲ လွမ်းခဲ့ရတဲ့မျက်နှာလေးကို ကြည့်နေဆဲအချိန်မှာပဲ ရုတ်တရပ် ခြေဖျားထောက်၍တိုးမြင့်လိုက်သည့် ညီိမလေးရဲ့အရပ်အမြင့်နဲ့ အနည်းငယ်ကွာဟနေသေးသည့် ကောင်းစက်ရဲ့နှုတ်ခမ်းကိုအမှီလှမ်းလို့ နမ်းရှိုက်သည်က ရင်မောဖွယ်ရာကောင်းသည်။
အခုချိန်ထိ ချိုးဖောက်ဖို့မကြိုးစားဖြစ်တဲ့ စည်းမျဥ်းတွေထဲမှာ နှုတ်ခမ်းခြင်းထိတွေ့ခြင်းလည်း ပါဝင်ခဲ့သည်။ ချစ်သူလေးမို့ အားလုံးရဲ့အမြင်မှာ သည်းသည်းလှုပ်ချစ်ခဲ့ရပြီး ညီမလေးတစ်ယောက်လို သဘောထားရသူမို့ ကောင်းစက်ဘက်က စောင့်ထိန်းခဲ့သည်။
ထိုသို့နေထိုင်ချစ်မြတ်နိုးခဲ့ရင်းကပဲ နှုတ်ခမ်းမှတဆင့် ခံတွင်းထဲသို့ဝင်ရောက်လာသည့် မျက်ရည်များက ဝမ်းနည်းနေတာကြောင့်ပဲဖြစ်လိမ့်မည်၊ ငံကျိကျိနဲ့ထိုအရသာမှာ ကောင်းစက်ဘက်က ဦးဆောင်ဖို့ကိုသတိဝင်ရသည်။
ညာဘက်လက်တွင် ကိုင်ဆွဲထားသော ခေါက်ဆွဲကြော်ထုပ်ကို တင်းတင်းကျပ်ကျပ်ပဲဆုပ်ကိုင်ထားခဲ့ပြီး ဘယ်ဘက်လက်ဖဝါးဖြင့် ညီမလေးရဲ့ဦးခေါင်းကိုထိန်းပေးပြီး အနမ်းဝေမိတာ အချိန်ကြာသည်အထိရပ်တန့်လို့မရနိုင်အောင်ဖြစ်ရသည်။
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။