တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောကြရင်းမှပဲ အခန်းပြင်မှခေါ်သံကိုကြားလိုက်ရသည်။
"မမစု မမစု....."
"ရှူးး.....။
အေး ပြောလေ။"အရယ်မရပ်နိုင်သေးတဲ့ အကိုကြီးရဲ့ နှုတ်ခမ်းအထက်ကို လက်ညှိုးတင်ထားပြီး အသံပြန်ပေးဖြစ်သည်။ ကြည့်ရတာ အောက်ထပ်မှာစျေးရောင်းနေတဲ့ တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မည်။
"ကိုကိုကြီးက မမစုကို ညနေစာအတွက် ဟင်းချက်ထားပါဦးလို့ ပြောခိုင်းလိုက်လို့ပါ။ ဧည့်သည်ရောက်နေတယ် ဆိုလားပဲ။ ဟို... ဧည့်သည်အခန်းကိုလည်း အအေးပို့ခိုင်းလိုက်သေးတယ်။ ဘယ်အခန်းလဲ နုနုမသိလို့ မမ။"
"ရတယ် အအေးကို စားပွဲပေါ် ထားခဲ့လိုက်။ ဒါနဲ့ နုနု ညနေစာအတွက် စျေးသွားပြီးပြီလား။"
"ဟုတ်ကဲ့ မမစု..... ကိုကိုကြီး ဝယ်ပြီးခဲ့ပြီ။"
"အေးအေး.....ဒါဆို နင်အောက်ဆင်းတော့။
အော်.... ဒါနဲ့ အကိုခန့်ကျောရော ""ကိုကိုကြီးက ဂိုဒေါင်ဘက်ကို သွားခဲ့ပါတယ် မမစု၊"
"အေးအေး....နင်သွားတော့။"
"ဟုတ်ကဲ့ မမစု။ ဒါဆို နုနုဆင်းပြီနော်။"
"အေး...."
ဧည့်သည်က အခန်းထဲမှာ မနေပဲ စုစုအခန်းထဲမှာရှိနေမှန်းသာ နုနုသိသွားလျှင် အရှက်ကွဲရဦးမည်။ ထို့ကြောင့်ပဲ အသံမထွက်အောင် နှုတ်ခမ်းပေါ် လက်တင်ထားဖြစ်တော့ အကိုကြီးဆိုတာကလေ စုစုရဲ့ လက်ညှိုးကို အသံတွေထွက်သည်အထိ တမွမွနဲ့ နမ်းနေပြန်သည်။
ဒီလူနဲ့တော့ ခိုးကြောင်ခိုးဝှက်လုပ်၍မရ ပါ။ နုနုသာ အကင်းပါးလျှင် အခန်းထဲမှာ တခြားတစ်ယောက်ရှိနေမှန်းကို သိနိုင်သည်အထိပဲ မွှေးကြူသံတွေက ညံစီနေတာဖြစ်သည်။
"ဘယ်လိုဖြစ်နေတာလဲ။ နုနု သိသွားလို့ မေမေတို့ကို တိုင်ပြောလိုက်ရင် အိမ််ပေါ်ကနေထွက်ပြေးရလိမ့်မယ်လေ။"
"ညီမလေးရှိတာပဲ ကျွန်တော့်ကိုကာကွယ်ပေးပေါ့။"
"မရဘူးလေ။ အကိုခန့်ကျော် အကြောင်းကို သိတယ်မလား။"
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။