"မေမေကတော့လေ........."
ဖြစ်ကြောင်းကုန်စင်ကို သိသွားသည့် ညီမလေးကထိုသို့ပဲ မချိတင်ကဲရေရွတ်ပြီး လေပူတချို့ကိုမှုတ်ထုတ်လိုက်သည်။ အနည်းငယ်မျှလောက် ပူပန်သွားပုံရတဲ့ ညီမလေးကို ပခုံးလေးမှကိုင်ရင်း ရင်ခွင်ဆီထည့်ထားလိုက်သည်။
နောက်ထပ်တစ်ကြိမ် ဖုန်းမလာခင်အထိတော့ ကောင်းစက်တို့နှစ်ယောက်လုံး ငြိမ်သက်နေကြရင်း သူရဦးဆီမှဖုန်းခေါ်ဆိုမှုကိုလက်ခံရသည်။
"ဟေ့ကောင်ရေ.... မင်းသားက အမွှေကွာ။
လေဆိပ်ထဲမှာ သူ့ကိုရှာလို့မတွေ့တော့ဘူး။""အန်တီနဲ့အတူ ထွက်သွားတာလား။"
"မဟုတ်ဘူး....။ အန်တီ့ကိုကတွေ့တယ်....ငါတို့ရောက်မလာခင်ပဲ မင်းသားကထွက်ပြေးတာထင်တယ်။ အန်တီနဲ့လူချင်းကွဲနေပြီ"
"ဟာကွာ။
လေဆိပ်ထဲကို သေချာရှာကြည့်ပြီးပြီလား။""အေး ရှာပြီးပြီ။ "
"ဆက်ပြီး ရှာထားပေး သူရဦး။ ငါတို့ အခုလာနေပြီ။ "
"အင်း ရှာနေတယ်။ မင်း မေနဲ့ဖေလည်း ရောက်လာကြပြီ။ ဒါပဲနော် ဟေ့ကောင်....ငါ ရှာလိုက်ဦးမယ်။"
သို့နှင့် ဆက်သွယ်မှုကပြတ်တောက်သွားပြီးနောက်မှာ စိုးရိမ်နေတဲ့ ညီမလေးကို နောက်ထပ်တစ်ကြိမ်ပွေ့ဖက်ထားလိုက်မိသည်။
"ဘာဖြစ်လို့လဲ အကိုကြီး။ မေမေတို့ သွားနှင့်ပြီတဲ့လား။ သားရော ပါသွားတယ်တဲ့လားဟင်။"
"မဟုတ်ပါဘူး ညီမလေးရာ။ သား သားကသူ့ဖွားနဲ့လူချင်းကွဲသွားတယ်တဲ့။"
"ဟင် ဒါဆို....."
"သူရဦးတို့လိုက်ရှာနေပါတယ်။ စိတ်မပူနဲ့နော် ညီမလေး။ ကျွန်တော်တို့ဘက်က လူအင်အားအကုန်သုံးပြီး သားကိုလိုက်ရှာနေပါတယ်။ ပြန်တွေ့မှာပါကွာ......"
"......."
အကိုကြီးကိုလည်း ထပ်ပြီးစိတ်မပူစေချင်တာကြောင့်နဲ့ ငြိမ်နေလိုက်ရသော်လည်း သားပျောက်သွားသည်ဆိုသည်က စုစုအတွက် သောကတွေဖြာဝေလာရတော့သည်။
သားကိုများ ပြန်မတွေ့ရရင်ဆိုပြီး အတွေးနဲ့တင် စုစုမှာချာချာလည်နေပေမယ့် အကိုကြီးရဲ့ရင်ခွင်ထဲကနေလည်း မရုန်းထွက်ဖြစ်ဘဲရှိနေသည်။
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။