အပိုင်း (၃၆)

2.8K 131 11
                                    

"ဟူး....ကျောင်းဖွင့်ချိန် လေထုက နွေးထွေးနေတာပဲ။"

ကားပေါ်ကနေဆင်းလာသည်နှင့် ၁၀နှစ်ကျော်လောက် ဝေးကွာပြီးမှပြန်ရောက်လာသလို ပြောနေသည့် သူရဦးကိုကြည့်ပြီး ကောင်းစက်ခေါင်းကိုသာယမ်းဖြစ်သွားသည်။

"ဟေ့ထိုးမုန့် ကောင်းကောင်းစီးခဲ့ရတယ်မလား။"

မှန်ချပြီး ပြောလာသည့် ကောင်က အခုနှစ် အဖွဲ့ချုပ်၏အစည်းအဝေးနဲ့မှ ရင်းနှီးတာဖြစ်ပေမယ့်လည်း စိမ်းသက်မနေပဲ ငယ်ပေါင်းကြီးဖော်တွေလိုဖြစ်နေသည်။ ကောင်းစက်တို့က လိုင်းကားနဲ့ပြန်ပါမယ်ဆိုတာကိုတောင် လက်မခံပဲ မိတ္ထီလာအထိကိုယ်တိုင်ပဲလိုက်ပို့ပေးသည်။

အခုလည်း ကားပေါ်ကဆင်းသွားသည့် ကောင်းစက်ကို ကားမှန်ချကာကြည့်နေပြီး ပြောခြင်းဖြစ်သည်။

"လာလေ ကျောင်းထဲဝင်ဦး....."

"No no....ပြန်ရမယ်။ မနက်ဖြန်တော့ အတန်းချိန်တွေပျက်လို့မဖြစ်တာ့ဘူးလေ။"

မနက်စောစောကပဲ ရန်ကုန်ကနေထွက်ခဲ့ကြသည်က နေ့လည်တစ်နာရီကျော်ကျာ်မှာတော့ မိတ္ထီလာကိုရောက်သည်။ ဒီကောင့်အမြန်နှုန်းက သိသိသာသာပဲမြင့်မားသည်။ ကျွမ်းကျင်းအဆင့်ဖြစ်သော်လည်း ချက်ချင်းကြီး ပြန်လှည့်ဖို့ကတော့ တော်တော်လေးပင်ပမ်းမည်ဟု ကောင်းစက်တော့ယူဆသည်။

ထို့ကြောင့် ခဏလောက်ပဲဖြစ်ဖြစ် ဒီကောင့်ကိုအနားယူဖို့အတွက် ခေါ်နေခြင်းဖြစ်သည်။

"လာပါကွာ။ ငါတို့ အသိုက်ထဲရောက်ဖူးအောင်လို့ပါ။"

ကားတံခါးကိုပါ ဖွင့်ပြီးအတင်းဆွဲချလိုက်တော့ ရန်ကုန်က ဒိုးနပ်ကောင်လေးက ကောင်းစက်တို့နဲ့အတူပဲ မိတ္ထီလာတက္ကသိုလ်ဝန်းထဲကို ခြေချတော့သည်။

"လူတွေစီစီ စီစီနဲ့ ကျောင်းမှာဘာပွဲရှိလို့လဲပေါ့...."

ကျောင်းအရှေ့ဘက်အပေါက်ကနေ ဝင်ခဲ့သည်နှင့်ပဲ ကျောင်းဝန်းအတွင်းတွင် လှုပ်ရှားသွားလာနေကြသူများက ခါတိုင်းနေ့တွေထက်ပိုများနေသည်။ ဒီနေ့ဆို ကျောင်းဖွင့်တာလည်း သုံးပတ်မြှောက်ရှိပြီမို့ တော်တော်တန်တန်ကျောင်းမလာသူများလည်း ရှိနိုင်သည်။

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now