"စုစုကို မမပြန်လိုက်ပို့မယ်လေ။"
စားပြီးသောက်ပြီးကြသည့် အချိန်အထိ စုစုပေါင်ပေါ်ကနေ လက်မခွာသူကို အကြည့်များနေစဥ်မှာပဲ မမ၏ထိုသို့အပြောမှာ အသက်မပါပဲ နှုတ်ခမ်းကြည့်သာ ဖြဲပြမိသလိုဖြစ်သွားသည်။
"ချက်ချင်းကြီးပြန်တော့ မလို့လား မမဘုန်းမြတ်။"
"ဟုတ်သားပဲ မမရယ်။ စားပြီးသောက်ပြီး ချက်ချင်းကြီးဆိုင်ကယ်မစီးပါနဲ့လား။"
"ကြည့်ရတာ မဘုန်းမြတ်က ကျွန်တော်တို့နဲ့ စကားမပြောချင်ဘူးထင်တယ်။"
သူ့သူငယ်ချင်း ကိုသူရဦး၏အပြောကို မမဘုန်းမြတ်က ပြန်မပြောပဲ ဆံပင်အရှည်တွေကိုသာ လှလှလေးသပ်ချနေသည်။ ထိုသို့ အလှပဂေး၏အမူအရာကို အနားကလူတွေအားလုံးက ကြည့်မိကြစဥ်မှာပဲ စုစုနားမှာထိုင်နေသူက နားနားတိုးကပ်လာသည်။
"ဆံပင်အရှည်ထားပါလား ညီမလေး။"
"ဘာ....."
သူ့အပြောမှာ မထိန်းလိုက်နိုင်ပဲနှင့် စုစုကအော်မိသွားတော့ အကိုတွေ အမတွေက စုစုကိုကြည့်လာကြသည်။ မျက်နှာချင်းဆိုင်မှာထိုင်နေသည့် မမဘုန်းမြတ်ကလည်း စိုးရိမ်တကြီးဖြင့်ပဲ မေးလာသည်။
"ဘာဖြစ်လို့လဲ စုစု။"
"ဟို ဘာမှ မဖြစ်ပါဘူး။ ဒီမှာလေ အဆောင်ကသူငယ်ချင်းက စာပို့လိုက်လို့။ ဆရာမ အဆောင်လခတက်မယ်ဆိုလို့ပါ။"
မည်းနက်နေသည့် ဖုန်းမျက်နှာပြင်ကြီးကိုပြထားပြီး ဗြောင်လိမ်ဖြစ်တော့ ဘေးနားမှာရှိနေသူက ကြိတ်ကာရယ်တော့သည်။ ဒီလိုရယ်သံကို မုန်းစွာနှင့်ပဲ စုစုက သူ့ပေါင်ကို ဆွဲလိမ်လိုက်သည်။ ဒီတစ်ခါမှာတော့ တော််တော််လေး ကို အားသုံးလိုက်တာဖြစ်သည်။
"နာတယ် ညီမလေးရ။"
အားသုံးလိုက်သည်ဆိုသော်ငြားလည်း သူအခုလိုရုတ်တကြီး ထ,သွားပြီး မခံမရပ်နိုင် ဖြစ်သွားရလောက်သည်ထိတော့ မပြင်းထန်ပါ။
"ဘာဖြစ်တာလဲ ကောင်းစက်။ မင်းတို့နှစ်ယောက်ကလည်း အတူတူထိုင်ပြီး ငါတို့မသိအောင်ဘာတွေကြိတ်ပြောနေကြလဲ မသိဘူး။ တစ်ယောက်တစ်မျိုးနဲ့ မင်းတို့ရဲ့စကားဝိုင်းထဲ ငါတို့ကိုလည်း ထည့်ပါဟ။"
YOU ARE READING
အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)
Poetryနေကြာတွေက သစ္စာရှိတယ်။ နေမင်းကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူတယ်လေ။ အဲ့လိုပဲ နေကြာတွေလိုပဲ ညီမကလည်း အကိုကြီးရှိရာအရပ်ကိုပဲ အမြဲမျက်နှာမူမှာ။ ဘယ်တော့မှ ကျောခိုင်းမသွားဘူး။ အကိုကြီိးအတွက် စုစုက အဝါရောင်နေကြာတွေလို တည်ရှိမှုမျိုးနဲ့ ရှင်သန်နေမှာလေ။