အပိုင်း (၄၂)

3.2K 167 42
                                    

"ဟာ ဒီလိုဆို မင်းတို့က ၂လလောက်ဖြစ်သွားမှာပေါ့။"

"တစ်လခွဲလောက်ပါပဲ။ ကြည့်ကြည့်မှ ညီမလေးမျက်လုံးတွေက တော်တော်လေးရဲနေသေးတာ။ ဆရာဝန်ကတော့ အနားယူပြီးမှ ပြန်စစ်ဆေးပြီး Dateပေးမယ် ပြောတယ်။"

"ဟိုတယ်မှာ အခန်း အခန်းကရော။ မင်းတို့ ဘယ်လိုယူဖြစ်သွားလဲ။"

"နှစ်ယောက်ခန်း တစ်ခန်းယူလိုက်တယ်လေ။"

ကောင်းစက်ဘက်က လိမ်ညာဖို့ကို စဥ်းစားနေစဥ်မှာ ရေဗူးဖွင့်ကာ အနားမှာလာထိုင်သောညီမလေးက ဖြေလိုက်တော့သည်။ ထိုအခါမှာ ကိုဗညားမျက်လုံးတွေပြူးကျယ်လာသည်က ဖုန်းမျက်နှာပြင်၏အပြင်ဘက်သို့ ထိုးထွက်လာမည်ကိုတောင်စိုးရိမ်ရသည်။

"မင်း မင်း....."

လက်ညှိုးအထိပါ ရည်ညွှန်းချက်တွေပြုလာသည်မို့ ကောင်းစက်မှာ Face Timeကို အဆုံးသတ်လိုက်ရပြီး နောက်နေ့များတွင် ရိုးရိုးဖုန်းခေါ်ဆိုမှုကိုသာ လက်ခံဖြစ်တော့သည်။

ဒါကလည်း ကောင်းစက်ကိုမြင်နေလျှင် ကိုဗညားပိုပြီးစိတ်ဆိုးမည်ကြောင့်သာဖြစ်သည်။ သတ္တိကောင်းတယ်ဆိုတာထက်ပဲ ညီမလေးရဲ့ကုသမှုတွေမပြီးမချင်းတော့ လိုက်လာချင်တယ်ဆိုလျှင်တောင်မှ ကိုဗညားရဲ့အခြေအနေက လိုက်လာ၍မရပေ။

ဒါကိုသိထားတော့ ကောင်းစက်ဘက်က ရဲရဲတင်းတင်းနဲ့ပဲ ညီမလေးနဲ့အတူ တစ်ခန်းထဲသုံးဖြစ်သွားသည်။ လက်ထပ်ခါနီးဇနီးမောင်နှံအတွက် ဒါကအထူးအဆန်းမဟုတ်သော်လည်း ယောက်ဖကတော့ ရက်တော်တော်ကြာသည်အထိ မကျေလည်နိုင်ပဲ ဖုန်းပြောလိုက်တိုင်းလည်း လူသတ်တော့မည့် အရိပ်အယောင်တွေအပြည့်နှင့်ဖြစ်သည်။

ဒီမနက်မှာလည်း မိုးမလင်းခင်မှာပဲ ဖုန်းခေါ်ဆိုလာပြီး ညီမလေးကိုမေးတော့သည်။

"စုစု ဘာလုပ်နေလဲ။"

"အိပ်နေတုန်းပဲ....။ ညက အိပ်ရာဝင်တာနောက်ကျတယ်ဗျ။"

"ဟေ့ကောင်...."

"မဟုတ်ဘူး မဟုတ်ဘူး ကိုဗညား။ အဲ့ဒီသဘောကိုပြောတာ မဟုတ်ဘူး။ ညီမလေးကစာအုပ်တွေဖတ်ပြီး နောက်ကျမှအိပ်ရာဝင်တာ အဲ့လိုပြောချင်တာ။"

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now