အပိုင်း (၁၅)

3.5K 145 2
                                    

"ငိုနတောလား။ မငိုနဲ့လကှော။
ညီမလေးပဲဟာ.....စကားပြောတဲ့အချိန်ထိ ကျွန်တော့်ဘက်ကစောင့်မှာပေါ့။ ချစ်နေတာကိုး....။"

စာဖတ်တတ်သည့်အရွယ်မှစ၍ ဖတ်ခဲ့သော စာအုပ်အမျိုးအစားများစွာထဲမှ ဇာတ်ကောင်အမျိုးသားပေါင်းစုံတို့သည် ဤသို့လူလောက်တော့ တစ်ယောက်မှ ပြောရဲဆိုရဲမရှိလို့ စုစုသတ်မှတ်မိသည်။

"မနက် ကျောင်းသွားဖို့လာခေါ်မယ်။
ချစ်သူနဲ့အတူတူ ဆိုင်ကယ်စီးပြီးကျောင်းသွားချင်တာက အိမ်မက်တစ်ခုဖြစ်ခဲ့လို့လေ။ ညီမလေးခွင့်ပြုမယ်မဟုတ်လား။"

"ဟင့်အင်း....။"

"ဘာဖြစ်လို့ လဲ....။"

မျှော်လင့်ထားသလိုဖြစ်မလာသည်ကြောင့် များစွာစိတ်ပျက်သွားပုံရသော အသံသည် စုစုကိုရွှင်လန်းစေသည်။ ဒီလူက တကယ်ပဲမျိုးစုံသော ခံစားချက်တွေကိုပေးစွမ်းနေတော့သည်။

"ကျွန်တော်နဲ့အတူတူမသွားချင်လို့လား....။ ကျွန်တော့်ကို လူမသိစေချင်လို့လား။ ကျွန်တော့်ကိုတိတ်တိတ်လေးတွဲမလို့လား ညီမလေးရာ။"

ဘုရားရေ။ ဒီလူက တကယ်ကိုပဲ ဆန်းပြားလွန်းနေပြီဖြစ်သည်။ ကြားခဲ့ဖူးသမျှ၊ ကြားနေရသမျှတို့နှင့် ကွဲပြားနေသည့် ပြောဆိုနေထိုင်မှုပုံစံတွေက တကယ်ကိုမှ လက်မြှောက်အရှုံးပေးချင်သည်အထိဖြစ်ရသည်။

"ညီမလေး လို့။"

"အင်း....။"

"ကျွန်တော့်ကိုချစ်လား။"

"အင်း....။"
ဖုန်းမှတဆင့် ကြားနေရသည့် အသံညှင်းညှင်းတို့က စုစုရဲ့နှလုံးသားကို ညွှတ်တွားစေသည်။ မျက်နှာချင်းဆိုင်မဟုတ်သည့်တိုင်ပဲ အနေခက်နေရသည့် ဒီလိုအခြေအနေတွေကြားမှနေ၍ အမှန်အတိုင်းပဲဖြေပေးမိရင်း မျက်နှာပူနေရသည်။

"ချစ်တယ်ဆို အခုလာခဲ့မယ်။ ထွက်တွေ့နော်........။"

"မတွေ့ပါဘူး။ ကိုအပိုကြီးမလုပ်နဲ့နော် အခုပဲသူ့ကြောင့်အငေါက်ခံထားရတာ။ အရမ်းမကဲနဲ့....."

"ဟား....ကိုအပိုကြီးတဲ့။ ချစ်စရာလေး ညီမလေးရာ....။"

"တော်ပြီ...။ ဖုန်းချလိုက်တော့မယ်။"

အဝါရောင်နေကြာတွေလို တည်ရှိမှု (Completed)Where stories live. Discover now