02

838 114 26
                                    

(I hate you but I want to kiss you)

! UNICODE !

"ငါတို့ရဲ့Ji Woongက တစ်ကယ့်စံပဲ! ဘာလို့အဲ့လိုမျိုး ဝန်ခံလိုက်ရတာလဲကွာ? ယုံတောင်မယုံနိုင်ဘူး..."

"အေးလေ။အရင်တုန်းကဖြင့် Ricky Shenနဲ့လေအတူတူတောင် မရှူချင်တဲ့ပုံစံနဲ့ကို..အဆောင်အတူတူနေပြီးတော့မှ ဆေးမိသွားတာလား?ဘာလား? နားမလည်နိုင်တော့ဘူး!!"

Kim Ji Woong ကိုအလည်မှာညှပ်ပြီး ပြောမပြီးနိုင်သေးတဲ့ ဒီကောင်တွေကို အဖက်မလုပ်ဆုံးကလဲ Kim Ji Woongပါပဲ။

သူကလေ တစ်လောကလုံး သူ့ကိုမုန်းလို့သေချင်သေသွားမယ်။သူလုပ်ချင်တာလုပ်မဲ့ကောင်။ပြဿနာရှာမယ်။မသိချင်ယောင်ဆောင်မယ်။ပြီးရင် အခုလိုမျိုး ဖုန်းလေးကို တိတ်တဆိတ် ပွတ်နေလိုက်မယ်.....

ပြောတဲ့သူပဲ မောသွားမယ်။Kim Ji Woong အဖက်လုပ်ခံရရင်တောင် ကံကောင်းတဲ့လူသားလို့သတ်မှတ်ရမဲ့ပုံစံနဲ့။ ။

"နားငြီးတယ်။လစ်ပြီ"

ဖုန်းကို အိတ်ကပ်ထဲ ဆွဲထည့်ကာ လွယ်အိတ်ကောက်ယူလိုက်ပြီးနောက် သူ ထဟန်ပြင်လိုက်တဲ့အချိန်မှာပဲ...

"ဘဲပေါက်လေးကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူးလား ဟမ်?"

သူတို့အဖွဲ့ထဲမှ သူနဲ့မတည့်ဆုံးဖြစ်သည့် Lee Teakက ခနဲ့သလိုလိုပြောတော့ Kim Ji Woong တစ်ချက်မျှစိုက်ကြည့်လိုက်ပါသည်။

တစ်ချက်ပဲ...နှစ်ချက်ကြည့်ဖို့တောင်မတန်ဘူး။

ပြီးနောက်မှာတော့ လက်ခလယ်လေးထောင်ပြလျှက် ပဲ Kim Ji Woong ထွက်လာခဲ့တော့သည်။ ။

‌အိမ်ဝေးတဲ့ကျောင်းသားတွေအတွက် ကျောင်းမှအဆောင်လုပ်ပေးထားသည်။နှစ်ယောက်တစ်ခန်းဖြစ်ပြီးတော့ အတော်အသင့်လဲ ကျယ်ပါသည်။သူတို့က final ကျောင်းသား တွေ မဟုတ်သေးတော့ တစ်ယောက်ခန်းတော့ကျောင်းကမစီစဉ်ပေးထားပေ။

မနှစ်ကတော့ ကျောင်းနဲ့နီးတဲ့ သူ့ကွန်ဒိုမှာနေတယ်။ဒီနှစ်ကြတော့ Rickyနဲ့အဆောင်ခန်းအတူတူနေရဖို့ ပြောင်းလာခဲ့တာ။အထွေထူးတော့မရှိပါဘူး။အနီးကပ်နေရရင် ပိုဒုက္ခပေးလို့ရအောင်လို့....

Fallin'Harder Where stories live. Discover now