07

624 78 15
                                    

(feelings of loving you already )

!UNICODE!

အချိန်တွေအကုန်မြန်သည်မှာ နောက်လပိုင်းအလိုလောက်တွင် Final examကဖြေရတော့မည်ဖြစ်သည်။သူတို့က စီနီယာတန်းကျောင်းသားများဖြစ်ပြီး နောက်တစ်နှစ်တက်ပြီးရင် လူငယ်ဘဝအငွေ့အသက်များချန်ခဲ့ကာ လုပ်ငန်းခွင်သို့အသီးသီးဝင်ကြရတော့မည်။ကိုယ့်ခြေ‌ထောက်ပေါ် ကိုယ်ရပ်တည်ရင်း...ကိုယ့်ဘဝကိုယ်လျှောက်ရချေမည်။

ကျောင်းသားကျောင်းသူများမှာ ၎င်းအကြောင်းတရားများကြောင့် နောက်တစ်နှစ်သို့ရောက်ချင်ကြသလို တစ်ပြိုက်နက်တည်း သူတို့ရဲ့လူငယ်ဘဝလေးကိုလဲ မပေးလိုက်ချင်ကြပေ....။

အချိန်တွေဟာ ရပ်တန့်ခြင်းမရှိသည့်အလျောက် သူတို့ဘဝတွေဟာ ရှေ့ဆက်နေရမည်ဖြစ်ပြီး Finalတန်းသို့ မတက်ရောက်မှီ နှစ်ကုန်စာမေးပွဲကြီးကိုလည်း ရင်ဆိုင်ရပေအုန်းမည်။

"Shen Quan Rui...ကျောင်းပိတ်ရက်မှာ တစ်နေရာရာ သွားဖို့ အစီအစဉ်ရှိလား?"

"ဟင့်အင်း...ငါ.."

သူစကားပြောလို့မပြီးသေးခင်မှာပင် ဦးအောင်လုပြောလာသူမှာတော့ Rickyဘာဆက်ပြောမလဲဆိုတာ သိနေသည့်အတိုင်း....

"ဒါဆို.....ငါ့အိမ်လိုက်ခဲ့ပါလား?"

".....မင်းအိမ်?"

ကြားလိုက်ရတဲ့ ကိုယ့်နားကိုယ်ပင် မယုံနိုင်အောင် Rickyမျက်လုံးနက်နက်ကလေးများ ဝိုင်းစက်သွားတော့တယ်။

"အာ...ကိုယ်ပြောတာက မနှစ်ကထိ ကိုယ်တစ်ယောက်ထဲနေခဲ့တဲ့ ကွန်ဒိုကို ပြောတာ!"

"မရဘူး။ငါ....ဒီကျောင်းပိတ်ရက်မှာ အေဂျင်စီနဲ့ magazine အတွက် စာချုပ်ချုပ်စရာရှိသေးတယ်"

ထိုသို့ပြောလိုက်တဲ့အခါ Kim Ji Woong ကသူ့လက်ထဲကဖုန်းကိုပစ်ချပြီး ချက်ချင်း Ricky ကုတင်ပေါ်တက်လာပါ၏။

တစ်ကယ်ပင် ခွေးပေါက်တစ်ကောင်၏အလျှင်ထက်ပင် မြန်နေသေးသည်။

ထိုအခါ ဖက်လက်စစာအုပ် ကို အလန့်တကြားပစ်ချလိုက်ရင်း ခေါင်းထဲက alarmမြည်သံတွေနဲ့ အတူ ခန္ဓာကိုယ်ချင်းပူးကပ်နေသည့် Ji Woong ကို သတိအနေအထားဖြင့် Ricky ကြည့်‌နေရတယ် ။

Fallin'Harder Where stories live. Discover now