04

705 87 16
                                    

!UNICODE!

(Give him to me)

လွန်ခဲ့သော 10နှစ်ကျော်လောက်က 11နှစ်အရွယ် Ricky နှင့်12နှစ်ခွဲအရွယ် Kim Ji Woong တို့ တွေ့ဆုံခဲ့ကြတာဖြစ်သည်။

ထိုတွေ့ဆုံမှုကား သူတို့နှစ်ယောက်၏ကံကြမ္မာအား ချည်နှောင်ပေးလိုက်သည့် ရေစက်ကလေး သို့မဟုတ် တိုက်ဆိုင်မှုကလေးဖြစ်လောက်မည်။

အဲ့ဒီ့နေ့ မေမေက သူ့မှာရှိတဲ့ ဝတ်စုံတွေထဲက အရောင်မလွင့်သေးတဲ့ ဝတ်စုံတစ်ထည်ကို ထုတ်ဝတ်ပြီး Rickyလက်အား ဆွဲကာ အကောင်းစားဟော်တယ်တစ်ခုဆီသို့ သွားခဲ့၏။

အဖြူရောင်နှင့်အဝါရောင်စပ်ထားသော ရွှေမီးဆိုင်းကြီးတွေကြားထဲမှာ လူချမ်းသာ အသိုင်းအဝိုင်းက လူတွေက ‌8နှစ်အရွယ် ကလေးငယ်အတွက် တန်ဖိုးကြီး လက်ဆောင်များ ပြင်ဆင်လာကြသည်မှာ သိပ်ကိုများလွန်းလှသည်။

"အကို...."

အမေက Rickyကိုသူ့အနောက်မှာ ကွယ်ထားရင်း တုန်ရီနေတဲ့ ခန္ဓာနှင့် မဝင့်မရဲ ‌အဖေ့ကိုခေါ်လိုက်တယ်။

Rickyမြင်ရပါသည်။စူးရှနေသော အဖေ့မျက်ဝန်းတွေက ခဏခြင်း ခက်ထန်သွားပြီး သူတို့သားအမိကို ရန်သူတွေလိုမျိုး ကြောက်စရာကောင်းအောင် ကြည့်နေခဲ့တာဖြစ်သည်။

သူကခပ်မြန်မြန်ပင် အမေ့လက်ကို ဖမ်းဆွဲလိုက်ပြီး လူရှင်းတဲ့ နေရာ သို့ သူတို့သားအမိအား ခေါ်လာ၏။ပြီးနောက် အမေ့လက်ကို ဆောင့်ချလိုက်ရင်း....

"မင်း! မင်းဘာလာလုပ်တာလဲ?? မင်းတမင်သက်သက် ငါ့ကိုနှောင့်ယှက်ဖို့လာတာ မှတ်လား ဟမ်!! မင်းတို့သားအမိကို ထောက်ပံ့ထားတဲ့ ငွေတွေနဲ့ မလုံလောက်နိုင်ဘူးလား!! "

အံကြိတ်၍ ကြိမ်းဝါးနေသော ဖေဖေမှာ မလုံမလဲဖြစ်စွာ ဘေးဘီကိုလဲ ဝှေ့ကြည့်နေရသေးသည်။

"မဟုတ်ပါဘူး အကိုရယ်....ကျွန်မ ကျွန်မတို့ သားအမိကိုမထားခဲ့ပါနဲ့နော်။ကျွန်မ ဒီငွေတွေလဲ မမက်ပါဘူး ဟင့်....ကျွန်မ အကို့ကို မခွဲပါရစေနဲ့။ ပြီးတော့ သားလေးကလဲ....အဖေလိုအပ်တယ်လေ အကိုရယ် ကျေးဇူးပြုပြီး သားလေး မျက်နှာကို ထောက်ပေးပါအုန်း"

Fallin'Harder Where stories live. Discover now